Now We are Breaking Up ဒရာမာဇာတ်လမ်းနဲ့ပတ်သတ်ပြီး ဖက်ရှင်လောကပိုင်းကာရိုက်တာသရုပ်ဆောင်ရမှုပေါ်ပြောလာတဲ့ Song Hye Kyo
ပရိသတ်တွေနဲ့အချစ်တော် KDrama လောကရဲ့ ဘုရင်မလို့ပြောရလောက်တဲ့ Song Hye Kyo ဟာဆိုရင်တော့ သူမရဲ့ comeback drama ဇာတ်လမ်းဖြစ်တဲ့ Now We are Breaking Up ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို ရိုက်ကူးလို့အပြီး Dazed Magazine ရဲ့ Winter special edition အနေနဲ့ cover star အဖြစ် ရိုက်ကူးရင်း အင်တာဗျူူးဖြေဆိုခဲ့ပါတယ်
Now We are breaking up ဇာတ်လမ်းတွဲမှာ ဆိုရင် Song Hye Kyo ဟာ ဖက်ရှင်လောကမှာ အလုပ်လုပ်ကိုင်နေရတဲ့ ကာရိုက်တာအဖြစ်သရုပ်ဆောင်ရမှုအပေါ် “ ကျွန်မကနဂိုကတည်းက သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်တဲ့အတွက် ဖက်ရှင်လောက က သိပ်ပြီးအလှမ်းမဝေးလှပါဘူး
ဒီလောက က မိနစ်တိုင်းစက္ကန့်တိုင်း တစ်ရက်ထက် တစ်ရက်အပြိုင်အဆိုင် တွေ စိန်ခေါ်မှုတွေများနေတာမို့ ကြည့်ရှူမဲ့ပရိသတ်တွေအနေနဲ့လည်း ဖျော်ဖြေမှုအပိုင်းကို အပြင် ဖက်ရှင်လောက ရဲ့အကြောင်းတစ်ထောင့်တစ်နေရာကို ပါ လေ့လာမိကြရင်း နေ့စဉ်လှူပ်ရှားသွားလာနေရတဲ့ ကမ္ဘာကြီးမှာ အဝတ်အစားတွေနဲ့အတူ ဘယ်လိုအလုပ်လုပ်ရလဲဆိုတာကို တွေ့မြင်ကြရမှာပါ လို့ပြောကြားခဲ့ပါတယ် ဒီဇာတ်လမ်းတွဲလေးကိုတော့ နိုဝင်ဘာ ၁၂ ရက်နေ့ညက စတင်ထုတ်လွှင့်ပြသခဲ့ပြီမို့ Song Hye Kyo နဲ့အတူ Jang Ki Young တို့ပါဝင်မဲ့ မမနဲ့မောင်လေးအချစ်ဇာတ်လမ်းလေးကို ရှူစားရမှာပါနော်