Chelmo News Portal

Top Menu

  • About Us
  • Contact Us

Main Menu

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • Pet
  • About Us
  • Contact Us

logo

Chelmo News Portal

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • Pet
  • ၅မိနစ်အတွင်း တရားဝင်ကွာရှင်းခဲ့တဲ့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကို

Exclusive
Home›Exclusive›ကိုယ့်ရဲ့တစ်ပတ်တာကံကြမ္မာကို ဖတ်ကြည့်ကြပါဦးနော်

ကိုယ့်ရဲ့တစ်ပတ်တာကံကြမ္မာကို ဖတ်ကြည့်ကြပါဦးနော်

By Zue Zue
March 14, 2022
1551
0
Share:

အကုန်လုံးကို ယေဘူယျသဘော ခြုံပြောထားတာမလို့ အကုန်လုံးနဲ့ ကွက်တိမှန်နေမယ်လို့တော့ မပြောပါဘူးနော်။ ကောင်းတာဖြစ်မှာတွေပဲယူပြီး စိတ်ညစ်စရာတွေဆိုလည်း စိတ်ထဲမထားပဲ မေ့ထားလိုက်ပါ 😉

Aries 

ဒီတစ်ပတ်မှာတော့ သင် အကြံဉာဏ်တောင်းထားတဲ့သူတစ်ဦးဦးဆီက လိုအပ်တဲ့အဖြေနဲ့လမ်းညွှန်မှုတွေကို ရရှိနိုင်မှာမဟုတ်ပါဘူး။ ဒီအပတ်ထဲမှာ သင့်အလုပ်အတွက် ရသမျှအကြံဉာဏ်တိုင်းဟာ တန်ဖိုးရှိနေမှာပါ။ ပုံမှန်ထက် ထိလွယ် ရှလွယ်ခံစားနေရပြီး နာကျင်စေလိုခြင်းမရှိတဲ့ အပြုသဘောနဲ့ဝေဖန်ချက်တွေကို အဆိုးဘက်ကပဲ မြင်နေတတ်ပါတယ်။ ဒါတွေကိုသာ သည်းခံနိုင်ပြီး သတိထားမယ်ဆိုရင်တော့ ဒီတစ်ပတ်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်မှာပါ။ တစ်ခုခုမပြောခင် ဒေါသတကြီးနဲ့ ပြန်မတုန့်ပြန်မိဖို့ သတိထားပါနော်။ အချစ်ရေးအတွက်ကတော့ သင်စိတ်ဝင်စားနေတဲ့သူတစ်ဦးဦး ဒါမှမဟုတ် သင့်လက်တွဲဖော်ဆီက စိတ်ဝင်စားဖို့ကောင်းတဲ့ဖိတ်ကြားမှုတစ်ခုကို ရရှိနိုင်ပါတယ်။ မိသားစုဝင်တစ်ဦးဦးနဲ့ပတ်သက်ပြီး ငွေကြေး ဒါမှမဟုတ် တန်ဖိုးရှိတဲ့ပစ္စည်းတစ်ခုခုနဲ့ပတ်သက်ပြီး စကားများရဖို့ရှိပါတယ်။ ကိုယ်နဲ့ အမြဲလိုလို စကားများတတ်သူဖြစ်နိုင်ပေမဲ့ ဒီကိစ္စတွေဖြစ်လာရင်တော့ သူတို့ဘက်ကဖြေရှင်းချက်ကို အချိန်ခဏပေးပြီး နားထောင်လိုက်တာက မလိုလားအပ်တဲ့ပြသနာတွေကို ဖြေရှင်းနိုင်မဲ့နည်းလမ်းတစ်ခုပါပဲ။ 

Taurus

စိတ်ခံစားချက်တွေက ဒီတစ်ပတ်အစမှာတည်းက ပြည့်နှက်နေတတ်ပါတယ်။ ဒီလိုခံစားရတာ ပုံမှန်မဟုတ်ဘူးဆိုတာကို ကိုယ်တိုင်လည်း သတိထားမိပါလိမ့်မယ်။ စိတ်ခံစားချက်တွေ ပိုတိုးလာတဲ့အခါ အဲ့တာကို ဖုံးကွယ်ဖို့ပဲ ပိုကြိုးစားနေမိလိမ့်မယ်။ တစ်နေရာရာမှာထိုင်ပြီး ကိုယ့်ကိုကိုယ် ပြောချင်တဲ့စကားတွေပြောပြီးရင်တော့ ဒီခံစားချက်တွေကို သင့်အနေနဲ့ လက်လွှတ်နိုင်ဖို့ ကြိုးစားသင့်ပါတယ်။ အဲ့လိုလုပ်လိုက်ခြင်းအားဖြင့် ပိုကောင်းတဲ့ခံစားချက်တွေကို ရရှိလာပါလိမ့်မယ်။ ခံစားချက်တွေကို လွှတ်ချလိုက်ပြီး စိတ်ကိုပေါ့ပေါ့ပါးပါးထားမယ်ဆိုရင်တော့ ဒီတစ်ပတ်က သင့်အတွက် အဆင်ပြေလာတယ်လို့ ခံစားရပါလိမ့်မယ်။ တစ်နေရာရာကို ခရီးသွားတာ, ညဘက်အပြင်ထွက်တာလိုမျိုး ကိုယ်လုပ်ဖို့ဆန္ဒမရှိတဲ့ကိစ္စတစ်ခုနဲ့ပတ်သက်ပြီး သူငယ်ချင်းတွေက အတူတူလုပ်ရအောင်လို့ တိုက်တွန်းတဲ့အခါ သူတို့နဲ့ စကားများရတတ်ပါတယ်။ အဲ့လိုဖြစ်လာရင်တော့ ငြင်းခုန်မနေပဲ နှစ်ဦးနှစ်ဖက် အဆင်ပြေမဲ့နည်းလမ်းကို စဉ်းစားကြတာ အကောင်းဆုံးပါပဲ။

Gemini 

ဒီတစ်ပတ်မှာ လုပ်နိုင်စွမ်းက သင်တွေးထားတာထက် ၂ ဆ လောက် ပိုနေတတ်ပါတယ်။ လုပ်နိုင်စွမ်းတွေ အမြင့်ဆုံးမှာရှိနေတတ်ပြီး အရေးကြီးတဲ့အရာတွေကို ပြီးမြောက်အောင်လုပ်ဆောင်ဖို့ စိတ်အားထက်သန်နေတတ်ပါတယ်။ ကိုယ် အစီစဉ်ချထားသမျှကို သေချာလုပ်ဆောင်နိုင်နေပါလိမ့်မယ်။ ကိုယ်လုပ်နေတဲ့လမ်းကြောင်းကနေတော့ သွေဖယ်မသွားအောင် ဂရုစိုက်ပေးဖို့လည်း လိုပါတယ်။ သင့်ခေါင်းထဲမှာ စဉ်းစားနေမိတဲ့ ငွေရေးကြေးရေးနဲ့ပတ်သက်တဲ့အကြံစည်တစ်ခုကလည်း ကောင်းမွန်တဲ့အကြံစည်ဖြစ်နေတတ်ပါတယ်။ သင်နဲ့ သင့်ရဲ့လုပ်ဖော်ကိုင်ဖက် ဒါမှမဟုတ် ကိုယ့် team ထဲကလူတစ်ယောက်နဲ့ ပဋိက္ခဖြစ်တာကနေ ပေါက်ကွဲလုလုအနေထားကို ရောက်သွားတတ်ပါတယ်။ အရင်တည်းက ပြသနာတွေရှိခဲ့ပေမဲ့ အခုကတော့ လျစ်လျူရှုဖို့ခက်တဲ့အနေထားကို ရောက်သွားတတ်တာမျိုးပါ။ ဒါပေမဲ့ ဒီပြသနာကို သင်တို့ ၂ ဦးတည်း သီးသန့်ဖြေရှင်းနိုင်မယ်ဆိုရင်တော့ ပြေလည်နိုင်ဖို့ အခွင့်ရေးရှိပေမဲ့ အခြားလူတွေပါ ပါလာခဲ့မယ်ဆိုရင်တော့ ဒီပြသနာက ပြေလည်ဖို့ခက်သွားပါလိမ့်မယ်။ 

Cancer

ကိုယ်လုပ်ခဲ့တဲ့အလုပ်တစ်ခုအတွက် အရေးကြီးတဲ့လူတစ်ယောက်ဆီက ထင်မြင်ချက်မရတာမျိုးကြောင့် စိုးရိမ်နေတတ်ပါတယ်။ ပိုဆိုးနိုင်တာက အခြားတစ်ယောက်က အသိမှတ်ပြုခံလိုက်ရတာ ဖြစ်နိုင်ပါတယ်။ ကိုယ့်ရဲ့စစ်မှန်တဲ့ဖန်တီးမှုအတိုင်းသာ မှန်မှန်ကန်ကန်လုပ်မယ်ဆိုရင်တော့ ကိုယ့်ကြိုးစားအားထုတ်မှုနဲ့ထိုက်တန်တဲ့အရာတစ်ခုကို ပြန်ရပါလိမ့်မယ်။ ကိုယ်လုပ်နေတဲ့အရာကို အခြားသူတွေသဘောကျသလိုလုပ်ပေးလိုက်တာထက် ကိုယ်သဘောကျသလိုလုပ်တာက ပိုကောင်းပါလိမ့်မယ်။ သင်လုပ်နေတဲ့ ပရောဂျက်တစ်ခုအတွက် ကိုယ်လုပ်နေတာ မှားမလားလို့ စိုးရိမ်နေတတ်ပေမဲ့ အဲ့လိုဖြစ်လာနိုင်မှာမဟုတ်လို့ စိတ်အေးအေးထားလိုက်ပါ။ ကိုယ်လုပ်စရာရှိတာကို အကောင်းဆုံးလုပ်ပြီး အသစ် အသစ်သော သင်ယူစရာတွေကို သင်ယူလိုက်တာက သင့်ရဲ့လုပ်နိုင်စွမ်းတွေ တိုးတက်လာတာကို ခံစားမိပါလိမ့်မယ်။ အချစ်ရေးအတွက်ကတော့ ကိုယ့်ကိုကိုယ်အရင်ချစ်ပြီး ကိုယ့်ပုံစံလေးအတိုင်းနေနေရင်းကနေ ဘဝထဲကို right person ဝင်လာတာကို သိနိုင်ပါလိမ့်မယ်။ 

Leo

မိသားစုဝင်တစ်ဦးဦးက သင့်မှာ သူတို့ကို ကူညီရမဲ့တာဝန်ရှိတယ်လို့ ခံစားမိအောင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေတတ်ပါတယ်။ သင်ဟာ ကိုယ်ချစ်တဲ့သူတွေကို ကာကွယ်ပေးတတ်ပြီး ကူညီပေးတတ်သူဖြစ်တာကြောင့် သူတို့ရဲ့လုပ်ရပ်တွေကြား ငြင်းရအခက် ကူညီရအခက် ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ သင်က ထက်မြက်တဲ့သူတစ်ယောက်ဖြစ်တာကြောင့် ဒါတွေဟာ လှည့်ကွက်ဖြစ်နေမှန်း သင် သိနေပါလိမ့်မယ်။ ဒီတစ်ပတ်အတွင်း သင့်ကို ချုပ်ကိုင်ဖို့ကြိုးစားတဲ့သူတွေကို အလျှော့ပေးဖို့ မတွေးလိုက်ပါနဲ့။ အဲ့လိုအလျှော့မပေးတာကပဲ သူတို့ကို တာဝန်ယူမှုဆိုတာ ဘာလဲသိအောင် သင်ပေးသွားပါလိမ့်မယ်။ ဒီတစ်ပတ်မှာတော့ စိန်ခေါ်မှုတစ်ခုက သင့်အတွက်ရောက်လာတတ်ပြီး အထက်လူကြီးတစ်ယောက်ယောက်က သင့်ရဲ့တိုးတက်မှုကို စောင့်ကြည့်နေတတ်ပါတယ်။ ရင်ခုန်စရာကောင်းတဲ့အချိန်လေးတွေကို ချစ်ရတဲ့သူနဲ့အတူ ဖြတ်သန်းရတတ်ပြီး သူငယ်ချင်းတွေနဲ့လည်း ပျော်စရာအချိန်လေးတွေကို ဖြတ်သန်းနိုင်မှာပါ။ သင့်ရဲ့အားလပ်ရက်တွေကို အပျော်ရွှင်ဆုံးဖြတ်သန်းနိုင်ဖို့ ကျန်တဲ့ရက်တွေမှာ သေချာ ပလန်ချဖို့လည်း မမေ့ပါနဲ့ဦး။ 

Virgo

ဒီတစ်ပတ်မှာတော့ သင်ဟာ ဆက်ဆံဖို့ခက်တဲ့သူတွေနဲ့ဆက်ဆံနေရပြီး သင့်ရဲ့လုပ်နိုင်စွမ်းတွေကုန်ဆုံးနေတာကို ခံစားမိပါလိမ့်မယ်။ သင်ဟာ သည်းခံတတ်တဲ့သူဖြစ်နေရင်တောင်မှ သည်းခံမှုကတော့ အတိုင်းတာရှိပါတယ်။ လူတိုင်းကို သည်းခံနေမဲ့အစား နဂါးမှန်းသိအောင် အမောက်ထောင်ပြနိုင်မှ လူတိုင်းရဲ့ မခန့်လေးစားလုပ်တာ တွေကနေ ရှောင်ရှားနိုင်ပါလိမ့်မယ်။ စိတ်ညစ်စရာတွေကြား မွန်းကြပ်လာရင်တော့ အားကစားတစ်ခုခုလုပ်ပြီး မွန်းကြပ်မှုတွေကို ဖြေလျှော့လိုက်ပါ။ လုပ်မယ်လို့ ရည်ရွယ်ထားပြီး အခုချိန်ထိ မလုပ်ဖြစ်သေးတဲ့အရာတွေရှိနေ ရင်တော့ အခုချိန်က စတင်ဖို့အကောင်းဆုံးအချိန်ပါပဲ။ တကယ်လို့များ သင်ဟာ universe ကို ယုံကြည်တဲ့သူဆိုရင်တော့ ဒီတစ်ပတ်ထဲမှာ သင်အလိုချင်ဆုံးနဲ အဖြစ်ချင်ဆုံးဆန္ဒတွေအတွက် manifest လုပ်ပြီး ဆုတောင်းမယ်ဆိုရင်တော သင့်ဆုတောင်းတွေ တကယ်ဖြစ်လာနိုင်ပါတယ်။ စိတ်ကူးတွေကြားထဲမှာပဲ နစ်မြောမနေပဲ စိတ်ကူးအိပ်မက်တွေကို အကောင်ထည်ဖော်လိုက်ပါ။ 

Libra

ဒီတစ်ပတ်မှာတော့ ကိုယ့်ရဲ့အထက်လူကြီးဆီကနေ ကောင်းမွန်တဲ့ကမ်းလှမ်းချက်တစ်ခုကို ရဖို့ရှိပါတယ်။ ဒီလို ကမ်းလှမ်းခံရတာက သင့်အရည်ချင်းကြောင့်ဖြစ်ပေမဲ့ ဒီကမ်းလှမ်းမှုနဲ့ပတ်သက်ပြီး စိတ်ထဲမှာလည်း တစ်ခုခုကို စိုးထိတ်နေသလိုလည်း ခံစားနေရတတ်ပါတယ်။ ကိုယ်က အဲ့ဒီကိစ္စအတွက် အထက်လူကြီးရဲ့အကဲဖြတ်မှုတွေနဲ့ပဲ ရှေ့ဆက်သွားဖို့တွေးမိနေရင်တော့ အဲ့ဒီအတွေးကို မတွေးမိအောင်ကြိုးစားပါ။ ကိုယ့်ကြိုးစားမှုတွေ အရာထင်လာ တာလို့တွေးပြီး ဂုဏ်ယူရင်း ချီးကျူးတာတွေကို စိတ်ရင်းနဲ့ အသိမှတ်ပြုပေးလိုက်ပါ။ အိမ်နီးချင်း ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်တစ်ယောက်ယောက်နဲ့ စကားစပ်မိရင်းကနေ စိတ်ရှုပ်ထွေးစရာတွေ ဖြစ်လာတတ်ပါတယ်။ ကိုယ့်အပေါ် တစ်ချိန်လုံး အထင်မှားနေခဲ့တာကို သိလိုက်ရတာကလည်း သင့်ကို အံ့ဩသွားစေမဲ့ အကြောင်း အရာတစ်ခုဖြစ်နေပါလိမ့်မယ်။ ဒီအခွင့်ရေးကနေ ကိုယ်နဲ့သူတို့တွေကြား အထင်မှားနေမှုတွေကို ပြေလည်စေဖို့ လမ်းစတစ်ခုရလာတာကြောင့် ဒီအခွင့်အရေးကို သေချာအသုံးချလိုက်ပါ။ 

Scorpio

ပညာရေးနဲ့ပတ်သက်ပြီး အခွင့်ရေးတစ်ခုရလာနိုင်ပေမဲ့ သမာရိုးကျသင်ယူရမဲ့ပညာမျိုးတော့ မဟုတ်ပါဘူး။ ကိုယ့်အတွက် တန်ဖိုးရှိပြီး ပျော်စရာလည်းကောင်းမဲ့ပညာရပ်တစ်ခုကို သင်ယူရနိုင်ပြီး ကိုယ်တိုင်က သင်ယူရတာကို ပျော်နေတတ်ပါတယ်။ အချိန်ကာလတစ်ခုကြာ လုပ်ဖို့စိတ်ကူးထားတဲ့အရာတစ်ခုကို အကောင်ထည်ဖော်တော့မယ်လို့ တွေးလိုက်ပေမဲ့ အချို့အရာလေးတွေကြောင့် ကြန့်ကြာသွားတတ်ပါတယ်။  တကယ်လို့ စောင့်ဆိုင်းရမယ်ဆိုရင်တောင် လုပ်ဖို့ကြံစည်ထားတဲ့အရာတွေက ဖြစ်လာဖို့ရှိတာကြောင့် နည်းနည်း လေးတော့ စိတ်ရှည်ပေးလိုက်ပါ။ ငြင်းခုန်မှုတွေကြား အချိန်ပေးနေမဲ့အစား ပြဿနာရဲ့အဖြေကိုရှာလိုက်တာက သင့်အချိန်တွေကို ကောင်းကောင်းအသုံးချရာရောက်ပါတယ်။ 

Sagittarius

ဒီတစ်ပတ်ထဲမှာ ကိုယ့်ကိုကိုယ် အရမ်းဖိအားပေးလွန်းနေတတ်ပြီး အာရုံစူးစိုက်ပြီး အချိန်ပေးရမဲ့ကိစ္စမျိုးမှာ အလောတကြီးဖြစ်နေတတ်ပါတယ်။ ကိုယ်က မြန်မြန်ပြီးချင်လို့ အလောတကြီးနဲ့ အားစိုက်နေပေမဲ့ အဲ့လို အလောတကြီးလုပ်လိုက်မိလို့ အလုပ်ကို ၂ ခါပြန်လုပ်ရတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ကိုယ်လုပ်နေတဲ့အရာပေါ် မှာ သေချာအာရုံစိုက်ပြီး ဖြည်းဖြည်းနဲ့မှန်မှန်သွားတာက ပိုကောင်းပါလိမ့်မယ်။ အချိန်အတော်ကြာကြန့်ကြာနေခဲ့ တဲ့ ချေးငွေ ဒါမှမဟုတ် ဥပဒေရေးရာကိစ္စတစ်ခုခု ပြေလည်သွားတတ်ပါတယ်။ ဒီပြေလည်မှုကို ကိုယ်က စိတ်သက်သာရာရနေရင်တောင် အလုပ်က အခုမှစတာမျိုးဖြစ်တတ်တာကြောင့် အလုပ်ပေါ်ဂရုစိုက်လေလေ အများက ကိုယ့်အပေါ် အထင်ကြီးလေလေပါပဲ။ မကြာသေးခင်က ကြုံတွေ့ခဲ့ရတဲ့အဆင်မပြေမှုတွေအပေါ် ကိုယ်က တိုင်ကြားဖို့အခွင့်ရေးရခဲ့ရင်တောင် သေချာဂရုစိုက်ပြီးကိုင်တွယ်လိုက်တာက အားလုံးအတွက် ပိုကောင်းတဲ့ကိစ္စတစ်ခု ဖြစ်လာပါလိမ့်မယ်။

Capricorn

ဒီတစ်ပတ်ထဲမှာတော့ ကိုယ့်ကို အရင်က ငြင်းထားဖူးတဲ့သူ ဒါမှမဟုတ် အတိတ်မှာ သူနဲ့ကိုယ်နဲ့ကြား ထူးခြားတဲ့ဆက်ဆံရေးရှိဖူးတဲ့သူတစ်ယောက်ဆီက အာရုံစိုက်မှုကို သတိထားမိပါလိမ့်မယ်။ ကိုယ်က ဂရုမစိုက်ရင်တောင်မှ သူ့ဘက်က သိသိသာသာကို ကိုယ့်အပေါ်အာရုံစိုက်နေတာက သိသာနေတာမျိုးပါ။ ဒီအခြေအနေမျိုးမှာ ကိုယ့်ဘက်က တုံ့ပြန်မှုက အရေးကြီးပါတယ်။ မပြတ်မသားလုပ်မိရင် ဇာတ်ရှုပ်ထဲမျောမဲ့အခြေနေမျိုး ဖြစ်သွားပါ လိမ့်မယ်။ ကျန်းမာရေးကို ဂရုစိုက်ဖို့လည်း မမေ့ပါနဲ့။ ဒီတစ်ပတ်ပိတ်ရက်မှာ မထင်မှတ်ထားတဲ့သူတစ်ယောက်ကြောင့် မမျှော်လင့်ထားတဲ့အရာတစ်ခုကို လုပ်ရတတ်ပါတယ်။ စာအုပ်ကြီးအတိုင်းမဟုတ်ပဲ အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ပဲ တွေးရင်း စိတ်ကို ပေါ့ပေါ့ပါးပါးထားပြီး ကိုယ်သဘောကျတဲ့သူနဲ့ အချိန်ဖြုန်းနိုင်မဲ့အခွင့်ရေးကို အကောင်းဆုံးသာ အသုံးချလိုက်ပါ။

Aquarius

ကိုယ်ခံစားနေရတဲ့စိတ်ရှပ်မှုတွေနဲ့ပတ်သက်ပြီး ချစ်ခင်ရသူတစ်ယောက်ယောက်နဲ့ စကားများရတတ်ပါတယ်။ ကိုယ့်ခံစားချက်တွေကြောင့် စိတ်ရှုပ်ထွေးနေပေမဲ့ လူမှုရေးနဲ့ အလုပ်နဲ့ကို သက်သက်ခွဲထားဖို့ ကြိုးစားကြည့်ပါ။ ကိုယ် အကြာကြီးအားထုတ်ပြီး ကြိုးစားခဲ့ရတဲ့ကိစ္စတစ်ခုရဲ့ရလဒ်ကို ဒီတစ်ပတ်ထဲမှာ သိသာလာဖို့ရှိပြီး အဲ့ဒီကိစ္စကြောင့်ပဲ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေတိုးလာပြီး စိတ်ခွန်အားတွေ ရလာတာကိုလည်း ခံစားမိပါလိမ့်မယ်။ အလုပ်နဲ့ပတ်သက်တာ ဒါမှမဟုတ် ဘဝအတွက်အရေးကြီးတဲ့ကိစ္စတစ်ခုအတွက် အပြောင်းလဲတစ်ခုမှာ ပါဝင်ပတ်သက်ရတတ်ပါပြီး ကိုယ့်ဘဝတိုးတက်ဖို့အတွက် အခွင့်ကောင်းတစ်ခုလည်း ဖြစ်နေတတ်ပါတယ်။ ဒီအခွင့်ရေးကနေ ကိုယ့်အရည်ချင်းတွေကို ချပြဖို့ အကောင်းဆုံးအခွင့်လမ်းတွေ ရလာဖို့လည်း ရှိပါတယ်။

Pisces

ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ စိတ်ရှုပ်ထွေးနေရတတ်ပြီး ကိုယ်နဲ့ တစ်စုံတစ်ယောက်ကြားက မတင်မကျဖြစ်နေတဲ့ကိစ္စတစ်ခုကို ဆွေးနွေးဖို့အချိန်တန်ပြီဆိုတာကိုလည်း ခံစားမိနေပါလိမ့်မယ်။ ဒီတစ်ပတ်ထဲမှာ ကိုယ်နဲ့ အလုပ်အတူတူတွဲလုပ်ရမဲ့သူနဲ့ မျက်နှာချင်းဆိုင်ဖို့ခက်နေတတ်ပြီး အဆင်ပြေဖို့အတွက် သေချာအချိန်ယူပြီး ညှိနှိုင်းဖို့လိုပါလိမ့်မယ်။ ကိုယ့်ဆုံးဖြတ်ချက်တွေကြား မပျော်ရွှင်ဖြစ်နေတဲ့သူတစ်ယောက်ကိုလည်း လက်လွှတ်ပေးလိုက်ဖို့ တွေးနေတတ်ပါတယ်။ အနှေးနဲ့အမြန်တော့ ကိုယ်မျှော်လင့်ထားသလို ကိုယ်လုပ်ခဲ့တဲ့ကိစ္စက မှန်တယ်ဆိုတာကိုလည်း သိလာပါလိမ့်မယ်။

Tags#Chelmo #ChelmoTeam
Previous Article

စစ်မှူထမ်းအပြီး ဧပြီလထဲမှာ Solo Album ထုတ်လုပ်တော့မဲ့ Exo’s Suho

Next Article

ကြည့်ရှုသူနှုန်းအပြိုင်ဆိုင်နဲ့ ဇာတ်ရှိန်တက်လာပြီဖြစ်တဲ့ A Business Proposal And Military ...

Share:

Related articles More from author

  • BeautyKnowledgeLifestyle

    ကိုဗစ်ကာလမှာ DIY နည်းနဲ့ ကိုယ့်ဘာသာ ဆံပင် ဘယ်လို ညှပ်မလဲ?

    September 18, 2020
    By Kyaw Hein
  • ExclusiveGamesHot

    ESport အဖွဲ့အစည်းတစ်ခုနဲ့သဘောတူစာချုပ်တစ်ခုရေးထိုးလိုက်တဲ့ Jay Park

    October 6, 2022
    By Zue Zue
  • ExclusiveHot

    လက်ထပ်ပြီးတစ်နှစ်ကြာမှ လက်ထပ်ထားတာကိုဖွင့်ဟပြောလာတဲ့ မင်းသားကြီး Ma Dong Seok

    October 25, 2022
    By Zue Zue
  • ExclusiveHot

    သည်းထိတ်ရင်ဖို Zombie ဇာတ်ကားသစ်မှာပါဝင်သရုပ်ဆောင်ထားတဲ့ T-ara အဖွဲ့မှ Jiyeon

    November 2, 2022
    By Zue Zue
  • ExclusiveHot

    Taeyeon ရဲ့ solo အသစ်တွက် confirm လိုက်ပါပြီ

    June 21, 2021
    By Kyaw Hein
  • ExclusiveHot

    ကြည့်ရှုသူရာခိုင်နှုန်းမြင့်တက်လာတဲ့ ‘Big Mouth’ ဒရာမာစီးရီး

    August 15, 2022
    By Zue Zue

YOU MIGHT BE INTERESTED

  • ExclusiveHot

    ကလဲ့စားချေဖို့အတွက် ပထမခြေလှမ်းကို စတင်တော့မဲ့ Lee Joon Gi ရဲ့ Again My Life ဒရာမာဇာတ်လမ်းအပိုင်းသစ်

  • ExclusiveHot

    Coogie ပါဝင်တဲ့”Take You Down” Comeback MV အမိုက်စား နဲ့ ပရိသတ်ရှေ့ကို ပြန်လည်ရောက်ရှိလာတော့မဲ့ GOT7’s Yugyeom

  • Exclusive

    SBS ကနေကျင်းပမဲ့ Survival program “Universe Ticket” မှာ ပါဝင်မယ့် မြန်မာလူမျိူး နန်းဧကရီရွှေ ခေါ် Riel

Exclusive

Exclusive

Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

  • Korea ရောက်ရင် သွားလည်သင့်တဲ့နေရာများ

    By Kyaw Hein
    February 2, 2024
  • TVN ရဲ့ 2024 မှာ အသစ်ထွက်မယ့် Korean Drama “Carry Sun Jae and Run”

    By Kyaw Hein
    January 15, 2024
  • New Rom Com Drama အသစ်မှာ ပါဝင်မယ့် Jung So Min နဲ့ Jung Hae In

    By Kyaw Hein
    January 5, 2024
  • 2024 မှာ ကြည့်ရမယ့် Park Shin Hye နဲ့ Park Hyun Sik တို့ရဲ့ ရုပ်ရှင်ကားအသစ် “Doctor Slump”

    By Kyaw Hein
    December 29, 2023

Love

HotLove

သွေးကစကားပြောတဲ့ မိန်းကလေးတွေရဲ့ အချစ်အသက်က ….

  • သူငယ်ချင်းကို ချစ်သူတော်ထားရင် ဘယ်လိုတွေရှိတတ်လဲ?

    By Kyaw Hein
    July 7, 2020
  • Crushဆီက Attention ရအောင်ဘယ်လိုလုပ်မလဲ?

    By Kyaw Hein
    April 28, 2020
  • အိမ်မက်ထဲမှာ Crush လေးနဲ့တွေ့နေရပြီဆိုရင် ဘယ်လိုအဓိပ္ပာယ်ကောက်မလဲ

    By Kyaw Hein
    April 14, 2020
  • ဒီလို ချစ်သူမျိုး ရှိနေပြီဆို ဂရုစိုက်ဖို့ မမေ့ပါနဲ့

    By Kyaw Hein
    March 11, 2020
logo

Chelmo ကုမ္ပဏီ၏ စီးပွားရေး ကဏ္ဍတစ်ခု အနေဖြင့် Chelmo သတင်းမီဒီယာလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပါသည်။

Chelmo မှ စာဖတ်သူပရိသတ်များအတွက် တန်ဖိုးလည်းရှိပြီး အကျိုးရှိစေမည့် သတင်းမှစ၍ အထောက်အကူပြု ဆောင်းပါးများ၊ ပျော်စရာသတင်းလေးများကို နေ့စဉ်မပြတ် တင်ပြလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်
  • Recent

  • Popular

  • Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

    By Kyaw Hein
    February 20, 2024
  • Korea ရောက်ရင် သွားလည်သင့်တဲ့နေရာများ

    By Kyaw Hein
    February 2, 2024
  • TVN ရဲ့ 2024 မှာ အသစ်ထွက်မယ့် Korean Drama “Carry Sun Jae and Run”

    By Kyaw Hein
    January 15, 2024
  • New Rom Com Drama အသစ်မှာ ပါဝင်မယ့် Jung So Min နဲ့ Jung Hae In

    By Kyaw Hein
    January 5, 2024
  • Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

    By Kyaw Hein
    February 20, 2024
  • ချစ်သူနဲ့ အမြဲစကားများရန်ဖြစ်နေပေမဲ့ အချစ်မပြယ်စေဖို့

    By Kyaw Hein
    October 21, 2019
  • အိပ်နေတဲ့အချိန် ဟောက်တာကို သက်သာစေမယ့်နည်းလမ်းများ

    By Kyaw Hein
    October 21, 2019
  • Celebrity တွေရဲ့အမိုက်စား ဝိတ်ချနည်းများ

    By Kyaw Hein
    October 21, 2019

Follow us

Reach us

  • No.23, Room No. 1_08, Sky suites, Yanshin Rd, Yankin Tsp, Yangon.
  • +95-9-9543 55430
  • [email protected]
Copyright © 2019-2022 Chelmo.tips. All rights reserved.