Comeback အသစ်နဲ့ ပရိတ်သတ်တွေရှေ့ ပြန်လည်ရောက်ရှိလာတော့မဲ့ Big Bang အဖွဲ့
မတ်လ 16 ရက်နေ့က media တစ်ခုရဲ့ဖော်ပြချက်အရ big bang အဖွဲ့ဟာ သူတို့ comeback single အတွက် MV ရိုက်ကူးခဲ့ကြတယ်လို့ သိရပါတယ်။ 2022 နွေဦး တုန်းက YG Ent က Big Bang အဖွဲ့ရဲ့ comeback ကို ကြေငြာခဲ့တာလည်း ဖြစ်ပါတယ်။ အခုချိန်မှာ MV က ရိုက်ကူးပြီးစီးသွားပြီဖြစ်ပြီး comeback လာတော့မှာလို့လည်း ပြောလို့ရပါတယ်။ ဒီ comeback က 2018 တုန်းကထွက်ရှိခဲ့တဲ့ Flower Road အပြီး လေးနှစ်အကြာမှ ပြန်လည်ထွက်ပေါ်လာတဲ့ comeback လည်း ဖြစ်ပါတယ်။ ဒီနှစ် Feb မှာပဲ T.O.P ဟာ YG Ent ကနေ ထွက်ခွာမှာဖြစ်တယ်ဆိုတာကိုလည်း ကြေငြာထားတာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပရိတ်သတ်တွေ အကြာကြီး စောင့်မျှော်ခဲ့ရတဲ့ comeback နဲ့အတူ ကိုယ်တွေရဲ့အသည်းတွေကို တစ်စုတစ်စည်းတည်းပြန်တွေ့ရမဲ့အခွင့်အရေးဖြစ်တာကြောင့် VIP တွေကတော့ အပျော်ကြီးပျော်နေကြတော့မှာပါပဲ။