သွေးကစကားပြောတဲ့ မိန်းကလေးတွေရဲ့ အချစ်အသက်က ….
လောကကြီးမှာ အတွေ့အကြုံတွေပေါ်မှာမူတည်ပြီး အဲဒီလူရဲ့ ကိုယ်ရည်ကိုယ်သွေး ကိုတွက်ဆလို့ ရပါတယ်။
အချစ်ရေးမှာလည်း အတူတူပါပဲ၊ အတွေ့အကြုံများတဲ့သူနဲ့ အဲဒီလိုမဟုတ်တဲ့သူဆိုပြီး ရှိနေမှာပါပဲ။ ကဲ မိန်းကလေးတွေရဲ့ အချစ်ရေးအပေါ်မှာလည်း ဆရာကြီးလား နုသေးလာဆိုတာကို အချစ်တွေ့ကြုံအသက် နဲ့ကြည့်လိုက်ကြမလား
A သွေး အမျိုးအစား မိန်းကလေး ချစ်သက်နှစ်ကတော့ …. ၃၀ နှစ်
A သွေး မိန်းကလေးတွေက မိသားစုတခုမှာဆိုရင် သမီးကြီး ပေါ့ ။ ငယ်လေးကတည်းက မိဘတွေနဲ့ ချစ်တာကို ခံရပြီး အားပေးဂရုစိုက်မှုကို ခံကြရတယ်။ အဲဒါကြောင့်လည်း ဘယ်ကိစ္စမဆို အားကြိုးမန်တက် လုပ်တတ်သလို၊ ဘက်ပေါင်းစုံကို ဒေါင့်စေ့စေ့ ကြည့်နိုင်တာကိုတွေ့ရမှာပါ။ သူကို အမြင်ထက်ကို ပိုပြီး လူကြီးဆန်ကြလေ့ရှိတယ်။ တဘက်ကပြန်ကြည့်ရင်တော့ သူတို့ဟာ ချစ်တဲ့သူရဲ့ ဂရုစိုက်မှုကို ခံယူလိုချင်စိတ်ပြင်းထန်တယ်ဆိုတာကိုတော့ သိထားဖို့လိုမယ်ထင်တယ်။ ဖြစ်နိုင်မယ်ဆိုရင် A သွေး မိန်းကလေးတွေက ကိုယ်ချစ်ရသူကို ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ဖွင့်ချပြောလိုက်မယ်ဆိုရင် ချစ်သူနဲ့ ရေရှည် လက်တွဲနိုင်မှာပါ။
B သွေး အမျိုးအစား မိန်းကလေး ချစ်သက်နှစ်ကတော့ …. ၁၅ နှစ်
B သွေး မိန်းကလေးတွေက ငယ်ငယ်လေးထဲက ဖေဖေနဲ့မေမေက အချစ်တွေပုံအောကြီး ချစ်ကြတာဆိုတော့ နည်းနည်းတော့ လူဆိုးမလေး ဆန်တာပေါ့နော်။ သူတို့တော်တဲ့အချက်ကတော့ အရမ်းကိုချွဲတတ်တာပါပဲ။ သူတို့က လူကြီးသလောက် ကလေးစိတ်ပါ။ အမြဲတမ်း ချစ်သူရှိမှ သူတို့ရဲ့ဘဝလေးက လုံခြုံတယ်လို့ ခံစားနေရသူပါ။ နောက်ပြီး ပတ်ဝန်းကျင် သူငယ်ချင်းတွေကို ပျော်အောင်ထားတတ်သူလေးပါ။ ကိုကြီးတွေကတော့ သူကို သတိထားသင့်ပါတယ်။ ညီမလေးက ချွဲတော်တယ်လေ။
O သွေး အမျိုးအစား မိန်းကလေး ချစ်သက်နှစ်ကတော့ …. ၂၅ နှစ်
O သွေး မိန်းကလေးတွေကတော့ ငယ်လေးကထဲက သူတို့ကို မိဘတွေက မျှော်မှန်းမထားတော့ သူတို့ကတော့ အေးဆေးပဲ။ ဒါကြောင့် ကိုယ့်အကန့်နဲ့ပဲနေလေ့ရှိတယ်။ ကိုယ်လုပ်ရမှာ၊ ကိုယ့်ရဲ့တာဝန်ကို သေချာနားလည်ပြီး ဘာလုပ်ရမှာလဲဆိုတာကိုလည်း ထောင့်စေ့အောင် ကြည့်နိုင်သူပါ။ လူကြီးဆန်သူလေးဖြစ်ပြီး အပြင်ပိုင်းအမြင်ထက် ပိုပြီးကို ရင့်ကျက်နေသူပါ။ ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင် ပေါင်းတတ်သူ၊ အဆင်ပြေအောင်လည်း ညှိ့နှိုင်းတတ်သူပါ။ သူ့ပတ်ဝန်းကျင်ကို အလေးထားလွန်းလို့ သူကိုယ်တိုင်လည်း ပင်ပန်းနေတတ်ပါတယ်။ ကိုယ့်အကန့်လေးကို သတိရဖို့လိုပါတယ်။
AB သွေး အမျိုးအစား မိန်းကလေး ချစ်သက်နှစ်ကတော့ …. ၂၀ နှစ်
AB သွေး မိန်းကလေးတွေကတော့ ပတ်ဝန်းကျင်ရဲ့အလေးထားမှုကို အမြဲခံရသူလေးပါ။ သူက အေးဆေးနေရတာကို ကြိုက်သူပါ။ လွတ်လပ်မှုကို အထူးကြိုက်နှစ်သက်သူပါ။ သူ့ကိုကြိုက်သူပေါများပင်မယ့်လည်း အချစ်ရေးကို သိပ်အားမထည့်ထားနိုင်သူပါ။ ဒါပင်မယ့်လည်း သူကြိုက်တဲ့ကိစ္စ၊ သူ့ဝါသနာပါတာဆိုရင် သေချာ ကြိုးစားလုပ်နိုင်သူပါ။ သူနဲ့ စိတ်တူ၊ ဝါသနာတူသူဆိုရင်တော့ စပယ်ရှယ် အတွဲလေး ဖြစ်မှာပါ။ ခဏခဏ စိတ်ကောက်တတ်တာကိုတော့ သတိထားပါ။
ကဲ ဘယ်လိုထင်ကြလဲ။ ကိုယ့်ရဲ့အကြောင်းကို ကိုယ်ပဲ အသိဆုံးဖြစ်မှာပါ။ မှန်တယ်ဆိုရင် Comment လေးတွေပေးသွားပါဦးနော်။
Chelmo Team