Chelmo News Portal

Top Menu

  • About Us
  • Contact Us

Main Menu

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • Pet
  • About Us
  • Contact Us

logo

Chelmo News Portal

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • Pet
  • ၅မိနစ်အတွင်း တရားဝင်ကွာရှင်းခဲ့တဲ့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကို

ExclusiveGamesHot
Home›Exclusive›ESport အဖွဲ့အစည်းတစ်ခုနဲ့သဘောတူစာချုပ်တစ်ခုရေးထိုးလိုက်တဲ့ Jay Park

ESport အဖွဲ့အစည်းတစ်ခုနဲ့သဘောတူစာချုပ်တစ်ခုရေးထိုးလိုက်တဲ့ Jay Park

By Zue Zue
October 6, 2022
900
0
Share:

ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော်ဂိမ်းအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Gen.G ဟာ ကိုရီးယားနိုင်ငံ၏ဂီတအနုပညာအသိုင်းအဝိုင်းနှင့် ESport လောကတို့ကြားမှာပေါင်း
ကူးသံတမန်တည်ဆောက်ဖို့ရန်အတွက်တေးဂီတနှင့်ဖျော်ဖြေရေးအမှုဆောင်အကြံပေးအဖြစ် Jay Park အားတရားဝင်ခန့်အပ်လိုက်ခြင်းဖြစ်ပါတယ်။

Jay Park ဟာ Gen.G အတွက် အဖွဲ့၏လှုပ်ရှားမှုနဲ့စိတ်လှုပ်ရှားစရာအခိုက်အတန့်များကိုဖော်ပြသည့် ဂီတနဲ့ဖျော်ဖြေရေးအတွက်ထုတ်လုပ်သူအမှုဆောင်အ
ဖြစ်ပူးပေါင်းပါဝင်လာမှာပဲဖြစ်ပါတယ်။ Jay Park ဟာ “League of Legends World Championships 2022” မှာGen.G ESport အတွက်
သီချင်းတစ်ပုဒ်ကိုဖန်တီးမှာပဲဖြစ်ပါတယ်။ ထိုသီချင်းအတွက် Jay Park ဟာ ဂီတနဲ့ဖျော်ဖြေရေးအတွက်အကြံပေးမှာဖြစ်ပြီး သီချင်းအတွက် မတူညီတဲ့ဂီတနယ်
ပယ်မှအနုပညာရှင်များကိုခေါ်ယူပြီးအတူဖန်တီးပုံဖော်ကြမှာပဲဖြစ်ပါတယ်။

ထို့နောက်Jay Park က “အပြင်လက်တွေ့မှာ ကျွန်တော်နဲ့အလုပ်အတူတွဲလုပ်ဖူးတဲ့ လူငယ်အနုပညာရှင်တိုင်းက သူတို့ဂိမ်းကစားပုံအကြောင်းပြောဖူးကြပါတယ်၊
ဒါကြောင့် Gen.G နဲ့လက်တွဲပြီး GEMINI နဲ့ Mirani တို့လို ပါရမီရှိတဲ့အနုပညာရှင်တွေကို ကမ္ဘာအရပ်ရပ်ကဂိမ်းပရိသတ်တွေဆီကို အရောက်ပို့ပေးဖို့ အရမ်း
စိတ်လှုပ်ရှားမိပါတယ်။ ထို့ကြောင့်ကျွန်တော်ဟာ Gen.G ESport ရဲ့တရားဝင်ဂီတနဲ့ဖျော်ဖြေရေးအတွက်အကြံပေးဖြစ်တာနဲ့အလျောက် Gen.G ESport
အတွက် “League of Legends World Championships 2022″ ပါဝင်ယှဉ်ပြိုင်မှုကို ဂုဏ်ပြုလိုသည့်အတွက် သမိုင်းဝင်စေမယ့်သီချင်းတစ်ပုဒ်ကိုဖန်
တီးလိုပါတယ်” လို့ဖြေကြားထားပါတယ်။

တေးဂီတနှင့်ဖျော်ဖြေရေးအမှုဆောင်အကြံပေးအဖြစ် Park သည် အဖွဲ့အစည်းနှင့်ပူးပေါင်းဆောင်ရွက်ရန် မတူညီသောဂီတအနုပညာရှင်များကို ပွဲထုတ်ခေါ်ဆောင်
လာရန် အာရုံစိုက်မည်ဖြစ်ပါတယ်။ ယမန်နှစ်က အဖွဲ့၏ပြိုင်ဘက် T1နှင့်ပွဲဦးထွက်ပွဲအတွက် Gen.G အတွက် “ALL IN” သီချင်းနှင့်ဂီတဗီဒီယိုကိုလုပ်ဆောင်
ခဲ့ပြီးနောက် Gen.G အမှုဆောင်အရာရှိချုပ် Arnold Hur နှင့် Park တို့သည် လူငယ်များကို ပေါ်လွင်စေမည့် ပလက်ဖောင်းတစ်ခု ဖန်တီးလိုကြပါတယ်။
မကြာခဏရုန်းကန်နေရသောတောင်ကိုရီးယား၏ လူငယ်ဟစ်ဟော့နှင့် R&Bအနုပညာရှင်များကို စျေးကွက်ရှာဖွေရေးအခွင့်အလမ်းများနှင့်ထိတွေ့မှုရရှိရန် ရည်
ရွယ်ပါတယ်။

Gen.G သည်2017ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး ထိပ်တန်းဂိမ်းပေါင်းစုံ ESports အဖွဲ့အစည်းတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ ၊ တောင်ကိုရီးယားနှင့်အမေရိကန်ရှိ
ကမ္ဘာ့အကြီးဆုံး ESports များတွင် ထိပ်တန်းအသင်းများကို အနိုင်ယူထားတဲ့အသင်းဖြစ်ပါတယ်။ ၎င်း၏ ESports အသင်းများသည်
“2017 League of Legends World Championship”၊ “2019 PUBG Global Championship” နှင့် အခြားသောပြိုင်ပွဲများမှာလဲ ကမ္ဘာ့
ချန်ပီယံဆုများစွာကို ရရှိပိုင်ဆိုင်ထားပါတယ်။ Gen.G ၏ အဓိက ရည်မှန်းချက်မှာ ပရိတ်သတ်များနှင့် တစ်ခြားသောအားကစားသမားများကို ဂိမ်းကစားခြင်းနှင့်
အတူ ESports ကဏ္ဏကိုမြင့်တင်ပေးလိုခြင်းဖြစ်ပါတယ်။

Gen.G ESports ဟာ 2022 LCK ‘Summer League of Legends Championship’ ကို အနိုင်ရရှိခဲ့ပြီးနောက်
The ‘2022 Season World Championship’ (Worlds 2022) တွင် အုပ်စု D တွင် ထိပ်ဆုံးမှရပ်တည်လျက်ရှိပါတယ်။

 

 

Tags#Chelmo #ChelmoTeam#Jaypark #LoL #Gen.G
Previous Article

ကိုရီးယား animation ဇာတ်လမ်းဟောင်းကို ပြန်လည်ရိုက်ကူးမည့် ဒရာမာအသစ်တွင် Song Ha ...

Next Article

Rain နှင့် Jon Jung Suk တို့ရဲ့ Agency ...

Share:

Related articles More from author

  • Exclusive

    ဇန်နဝါရီလအတွင်းမှာ ထုတ်လွှင့်ပြသမယ့် ထိုင်းဒရာမာ ၈ ခု

    January 5, 2021
    By Kyaw Hein
  • Exclusive

    November တွင် Comeback album “ORANGE BLOOD” ထွက်မည်ဖြစ်ကြောင်း ကြေညာခဲ့တဲ့ ENHYPEN

    October 18, 2023
    By Kyaw Hein
  • ExclusiveHot

    ပရိတ်သတ်များကို Fan Meeting ပွဲနဲ့ဖျော်ဖြေတင်ဆက်မယ့် Junho

    August 3, 2022
    By Zue Zue
  • Exclusive

    SBS’s hit variety show “Running man” မှာ ပါဝင်လာမယ့် BTS “V”

    August 30, 2023
    By Kyaw Hein
  • ExclusiveHot

    အသက် ၃၄နှစ်ပြည့်မြောက်သွားပြီဖြစ်တဲ့ G-Dragon

    August 18, 2022
    By Zue Zue
  • ExclusiveHot

    ကိုရီးယားသရုပ်ဆောင်တွေထဲမှာပထမဆုံး Emmys Awardကိုရရှိခဲ့တဲ့ သရုပ်ဆောင် Lee You Mi

    September 5, 2022
    By Zue Zue

YOU MIGHT BE INTERESTED

  • ExclusiveHot

    M.A.C cosmestic ရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ Brand Ambassador ဖြစ်လာတဲ့ Got 7က Jackson Wang

  • Exclusive

    လာမည့် Rom-Com Drama အသစ် တွင် ပါ၀င်သရုပ်ဆောင်သွားမယ့် Park Eun Bin ၊ Chae Jong Hyeop နှင့် Cha Hak Yeon

  • Exclusive

    GOT7’s Jackson နဲ့ BTS’s RM တို့ရဲ့ ချစ်စရာကောင်းတဲ့ Friendship

Exclusive

Exclusive

Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

  • Korea ရောက်ရင် သွားလည်သင့်တဲ့နေရာများ

    By Kyaw Hein
    February 2, 2024
  • TVN ရဲ့ 2024 မှာ အသစ်ထွက်မယ့် Korean Drama “Carry Sun Jae and Run”

    By Kyaw Hein
    January 15, 2024
  • New Rom Com Drama အသစ်မှာ ပါဝင်မယ့် Jung So Min နဲ့ Jung Hae In

    By Kyaw Hein
    January 5, 2024
  • 2024 မှာ ကြည့်ရမယ့် Park Shin Hye နဲ့ Park Hyun Sik တို့ရဲ့ ရုပ်ရှင်ကားအသစ် “Doctor Slump”

    By Kyaw Hein
    December 29, 2023

Love

HotLove

သွေးကစကားပြောတဲ့ မိန်းကလေးတွေရဲ့ အချစ်အသက်က ….

  • သူငယ်ချင်းကို ချစ်သူတော်ထားရင် ဘယ်လိုတွေရှိတတ်လဲ?

    By Kyaw Hein
    July 7, 2020
  • Crushဆီက Attention ရအောင်ဘယ်လိုလုပ်မလဲ?

    By Kyaw Hein
    April 28, 2020
  • အိမ်မက်ထဲမှာ Crush လေးနဲ့တွေ့နေရပြီဆိုရင် ဘယ်လိုအဓိပ္ပာယ်ကောက်မလဲ

    By Kyaw Hein
    April 14, 2020
  • ဒီလို ချစ်သူမျိုး ရှိနေပြီဆို ဂရုစိုက်ဖို့ မမေ့ပါနဲ့

    By Kyaw Hein
    March 11, 2020
logo

Chelmo ကုမ္ပဏီ၏ စီးပွားရေး ကဏ္ဍတစ်ခု အနေဖြင့် Chelmo သတင်းမီဒီယာလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပါသည်။

Chelmo မှ စာဖတ်သူပရိသတ်များအတွက် တန်ဖိုးလည်းရှိပြီး အကျိုးရှိစေမည့် သတင်းမှစ၍ အထောက်အကူပြု ဆောင်းပါးများ၊ ပျော်စရာသတင်းလေးများကို နေ့စဉ်မပြတ် တင်ပြလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်
  • Recent

  • Popular

  • Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

    By Kyaw Hein
    February 20, 2024
  • Korea ရောက်ရင် သွားလည်သင့်တဲ့နေရာများ

    By Kyaw Hein
    February 2, 2024
  • TVN ရဲ့ 2024 မှာ အသစ်ထွက်မယ့် Korean Drama “Carry Sun Jae and Run”

    By Kyaw Hein
    January 15, 2024
  • New Rom Com Drama အသစ်မှာ ပါဝင်မယ့် Jung So Min နဲ့ Jung Hae In

    By Kyaw Hein
    January 5, 2024
  • Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

    By Kyaw Hein
    February 20, 2024
  • ချစ်သူနဲ့ အမြဲစကားများရန်ဖြစ်နေပေမဲ့ အချစ်မပြယ်စေဖို့

    By Kyaw Hein
    October 21, 2019
  • အိပ်နေတဲ့အချိန် ဟောက်တာကို သက်သာစေမယ့်နည်းလမ်းများ

    By Kyaw Hein
    October 21, 2019
  • Celebrity တွေရဲ့အမိုက်စား ဝိတ်ချနည်းများ

    By Kyaw Hein
    October 21, 2019

Follow us

Reach us

  • No.23, Room No. 1_08, Sky suites, Yanshin Rd, Yankin Tsp, Yangon.
  • +95-9-9543 55430
  • [email protected]
Copyright © 2019-2022 Chelmo.tips. All rights reserved.