Rain နှင့် Jon Jung Suk တို့ရဲ့ Agency မှ မဟုတ်မမှန်တဲ့ ကောလဟာလတွေကို ပြင်းပြင်းထန်ထန်တုံ့ပြန်သွားမည်
မကြာသေးခင်ကပဲ မဂ္ဂဇင်းတစ်ခုက လူသိများကျော်ကြားတဲ့ ထိပ်တန်းကြယ်ပွင့်နှစ်ဦးဟာ Professional အမျိုးသမီးဂေါက်သီးသမားတွေနဲ့ ပတ်သက်နေကြောင်း ကောလာဟလများ ထွက်ပေါ်ခဲ့ပါတယ်၊အင်တာနက်အသုံးပြုသူေတွဟာလည်း ထိပ်တန်း ကြယ်ပွင့်တွေထဲက Rain နှင့် Jo Jung Suk ဖြစ်တယ်ဆိုပြီး ထင်ကြေးပေး တဲ့ကောလဟာလတွေကိုလည်း ရရှိခဲ့ပါတယ်၊Rain ဟာလက်ရှိမှာ မင်းသမီး Kim Tae Hee နှင့် လက်ထပ်ထားပြီး Jo Jung Suk ဟာလည်း အဆိုတော် Gummy နှင့် လက်ထပ်ထားတာကို ပရိတ်သတ်တွေသိရှိထားပြီးဖြစ်ပါတယ်။ထိုကောလဟာလနဲ့ပတ်သတ်ပြီး Rainနဲ့ Jo Jung Suk ရဲ့ Agencyတွေဟာ ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ကြပြီး တရားဥပဒေအရ အရေးယူဖို့ကိုလည်း စီစဉ်ထားကြောင်း ကြေညာခဲ့ပါတယ် ။
Rain ရဲ့ Agency ဟာဆိုရင်
“မင်္ဂလာပါ၊ RAINCOMPANY ကပါ။
ကျွန်တော်တို့ရဲ့ ကုမ္ပဏီဟာ ကျွန်တော်တို့၏အနုပညာရှင်နှင့်ပတ်သက်တဲ့ကောလာဟလတွေနဲ့ စွပ်စွဲချက်တွေကို သတိပြုမိခဲ့ပါတယ် ၊ ဒါဟာ အခြေအမြစ်မရှိ မှားယွင်းတဲ့ အချက်အလက်တွေ ဖြစ်တာကြောင့်မည်သည့်တုံ့ပြန်မှုမျိုးနဲ့မှမထိုက်တန်သောကြောင့် တရားဝင်ထုတ်ပြန်ချက်မလိုအပ်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်၊သို့သော် ယနေ့တွင် ကောလာဟလတွေဟာ လျင်မြန်စွာ ပျံ့နှံ့လာတာနဲ့ အမျှကျွန်တော်တို့ရဲ့ အနုပညာရှင်သာမက သူ့မိသားစုကိုပါ ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်မှုများနှင့် နှောင့်ယှက်မှုများ ရှိလာခဲ့ပါတယ်။ဒါကြောင့် ဒီကိစ္စကို လျစ်လျူရှုဖို့က ခက်တယ်လို့ ဆုံးဖြတ်ထားပြီး ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ကို ဖော်ပြချင်ပါတယ်။ကျွန်တော်တို့ အနုပညာရှင်များဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးကို အကာအကွယ်ပေးသင့်တယ်လို့ ကျွန်တော်တို့ထင်မြင်မိပါတယ် ၊ကောလဟာလ ပေါက်ကြားနေတဲ့ ကျော်ကြားတဲ့ ထိပ်တန်းအနုပညာရှင်တွေဟာ ကျွန်တော်တို့ရဲ့ အနုပညာရှင် ဟုတ်မဟုတ် မေးမြန်းဖို့အတွက် ကောလဟာလကိုပထမဆုံးဖြန့်ခဲ့သည့် မီဒီယာဌာနသို့လည်း ဆက်သွယ်မေးမြန်းခဲ့ပြီး ကျွန်တော်တို့ ကုမ္ပဏီနဲ့ သက်ဆိုင်တဲ့ အနုပညာရှင်တစ်ဦးကို ရည်ညွှန်းခြင်းမဟုတ်ကြောင်း အတည်ပြုချက်ရရှိခဲ့ပါတယ် ၊သတင်းမှန်အဖြစ် အတည်မပြုရသေးဘဲ သတင်းတွေကို အလွန်အကျွံဖြန့်ခြင်း ၊ ပို့စ်များ ရေးသားခြင်းတို့ဟာအသရေဖျက်မှု နဲ့ တရားမဝင် သတင်းဖြန့်ဝေမှု တားမြစ်ချက်ကို ချိုးဖောက်ခြင်း ဖြစ်သည့်အတွက်ပြင်းပြင်းထန်ထန် အရေးယူသွားမှာပဲဖြစ်ပါတယ် ၊ ဒီလိုသတင်းအချက်အလက် တင်တဲ့သူတွေကို မြင်ရင် ကျွန်တော်တို့ကို သတင်းပို့ဖို့တောင်းဆိုပါတယ်။
အလားတူပဲ Jo Jung Suk ရဲ့ အေဂျင်စီ JAM Entertainment ကလည်း “အမျိုးသမီးဂေါက်သီးသမားတစ်ဦးနှင့် Jo Jung Suk ပေါင်းသင်းပတ်သက်နေသည်ဟူသောစွပ်စွဲချက်ဟာလုံးဝမှန်ကန်မှုမရှိ အဓိပ္ပါယ်မဲ့ကြောင်း၊ “Jo Jung Suk ဟာ ပုဂ္ဂိုလ်ရေးအရ အဆက်အသွယ်ရှိဖို့နေနေသာသာ ဘယ်အမျိုးသမီးဂေါက်သီးသမား နဲ့မှကို မတွေ့ဖူးတာလို့” ပြတ်ပြတ်သားသားငြင်းဆိုခဲ့ပါတယ် ၊သတင်းမှားများ ဖြန့်ဝေခြင်းကို ရှောင်ကြဉ်ဖို့ရန်အတွက် နဲ့ အေဂျင်စီဟာ ကောလဟာလကို အနုပညာရှင်တွေရဲ့ ပုဂ္ဂိုလ်ရေးအရကို ကာကွယ်ဖို့ရန်အတွက် ခိုင်မာတဲ့ ဥပဒေနဲ့ အရေးယူဖို့ရန် စီစဉ်နေကြောင်း ကြေညာခဲ့ပါတယ်။