ကျန်းမာရေးပိုမိုကောင်းမွန်လာပြီး သူမရဲ့ဝါသနာအသစ်တွေနဲ့ပျော်မွေ့နေတဲ့ Twice’s Jeongyeon
TWICE အဖွဲ့ဝင် Jeongyeon ဟာဆိုရင် သူမရဲ့ လည်ပင်းဒဏ်ရာကြောင့်2020 ခုနှစ်မှာအဖွဲ့ကနေ ခေတ္တအနားယူခဲ့ရပြီးနောက်ပိုင်းမှာ Jeongyeon ကိုပရိတ်သတ်တွေအနေနဲ့ အချိန်အတော်ကြာ စိတ်ပူခဲ့ကြရသလို ပြီးခဲ့တဲ့လတွေမှာလည်းသူမရဲ့ အဖွဲ့လိုက်လှုပ်ရှားမှုတွေ ထပ်ပြီး ပျက်ကွက်ခဲ့တာကြောင့် ပရိတ်သတ်တွေထပ်ပြီးစိတ်ပူခဲ့ရပြန်ပါတယ်။မကြာသေးခင်အချိန်မှာတော့ သူမရဲ့ TWICE အဖွဲ့ဝင်တွေနဲ့အတူအဖွဲ့လိုက် ပြန်လည်တက်ကြွစွာပါဝင်လာပြီး Jeongyeon ရဲ့ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးပါတိုးတက်လာပုံရပါတယ်။ အဖွဲ့လိုက် ကမ္ဘာ့လှည့်ဖျော်ဖြေရေးခရီးစဉ်တွေတုန်းကသူမကိုယ်တိုင်ပါဝင်နိုင်ဖို့အတွက် အတင်းကြိုးစားလုပ်ဆောင်နေရတယ်လို့ တချို့တွေက ထင်ကြေးပေးကြပေမဲ့ သိပ်ပြီးတော့စိုးရိမ်စရာမရှိခဲ့ပါဘူး။အခုဆိုရင် သူမဟာ သူမရဲ့Idol Career အပြင် ဝါသနာအသစ်တွေနဲ့လည်းပျော်မွေ့နေပါတယ်။သူမရဲ့ သူငယ်ချင်းတစ်ယောက်နဲ့အတူ Tennis racket ကိုကိုင်ပြီး ဓာတ်ပုံအတူရိုက်ထားတဲ့ပုံကို Instagram မှာတင်ထားပါသေးတယ်နော်။ဘာမှမလိမ်းထားပေမဲ့ မျက်နှာလေးကြည်လင်ပြီး အပြုံးတွေတောက်ပနေတာကြောင့် စိတ်ချမ်းသာနေတဲ့ပုံစံလည်းတူပါတယ်နော်တင်းနစ်ကစားတာကလည်း သူမရဲ့ တစ်ခုတည်းသော ဝါသနာဖြစ်ပုံမပေါ်ပါဘူးနော် နိုဝင်ဘာလတုန်းက Jeongyeon ဟာသူ့မရဲ့ personal Instagram အကောင့်မှာ အဖွဲ့ဝင် Jihyo နဲ့ အတူ Surfing Photo တွေကိုလည်း ဆက်တိုက်တင်ခဲ့ပါသေးတယ်
အခုလို သူမဝါသနာပါတဲ့အရာတွေနဲ့ ပျော်မွေ့နေတာကို မြင်ရတာနဲ့တင် တကယ့်ကိုစိတ်ချမ်းသာရပါတယ်