လာမည့်နှစ် မတ်လ အလယ်မှာ စစ်မှုထမ်းခြင်းကို စတင်တော့မည်ဖြစ်တဲ့ GOT7 အဖွဲ့ဝင် Jinyoung
GOT7 အဖွဲ့ဝင် Jinyoung ရဲ့ စစ်မှုထမ်းခြင်းနှင့်ပတ်သတ်ပြီး BH Entertainment ဟာ နိုဝင်ဘာ ၂၅ က်နေ့မှာ ပရိတ်သတ်တွေကို ယခုလိုပဲအသိပေးခဲ့ပါတယ်။Jinyoung ဟာ လာမည့် 2023 ခုနှစ် မတ်လအလယ်လောက်မှာ စစ်မှုထမ်းဖို့ပြင်ဆင်နေပါပြီ“Park Jinyoung ရဲ့ စစ်မှုထမ်းမဲ့ရက်ကို အတိအကျ မသတ်မှတ်ရသေးပေမယ့် သူ့ရဲ့စစ်မှုထမ်းတာဝန်ကို ကျေကျေမွန်မွန်ထမ်းဆောင်သွားမှာပါ” လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ဒီအတောအတွင်း Jinyoung က သူ့ရဲ့တစ်ကိုယ်တော်အယ်လ်ဘမ်ထွက်ရှိပြီး ဇန်နဝါရီလထဲမှာလည်း ပရိတ်သတ်တွေနဲ့ Fan Meeting လုပ်ဖို့လည်းရှိပါသေးတယ်နော်