သူမရဲ့ ကင်ဆာရောဂါအခြေအနေကို အနိုင်ယူပြီး ရုပ်ရှင်ရိုက်ကူးမှုပြုလုပ်ခဲ့တဲ့ ခံစားချက်ကိုပြန်လည် ဝေမျှခဲ့တဲ့ Park So Dam
Park So Dam ဟာဆိုရင် ယနေ့ထုတ်လွှင့်မဲ့ 1933 ခုနှစ် ကိုရီးယား နောက်ခံဇာတ်လမ်းတွဲ ‘Phantom’ ဇာတ်ကားသစ်မှာဂျပန်အစိုးရ၏ အထွေထွေအတွင်းရေးမှူး Yuriko အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်၊ဇန်နဝါရီ ၁၆ ရက်နေ့မှာ Park So Dam က အင်တာဗျူးတစ်ခုမှာ ထိုင်ပြီး သိုင်းရွိုက်ကင်ဆာကို သူမဘယ်လိုကျော်လွှားရမလဲဆိုတာ ပြောပြခဲ့ပါတယ်။ Park So Dam ဟာကင်ဆာအတွက် အကြီးစားခွဲစိတ်မှုခံယူပြီးတဲ့နောက်မှာ ပြန်လည်ကောင်းမွန်လာခဲ့တာပဲဖြစ်ပါတယ်။Park So Dam က “မနှစ်တုန်းက ‘Special Cargo’ ဇာတ်ကားကို ရုံတင်ပြသတော့ ခွဲစိတ်ပြီးပြီးချင်းအသံမထွက်နိုင် လှုပ်လို့မရတော့ဘူး။ဒီရက်ပိုင်းတွေမှာ ဟော်မုန်းဆေးတွေသောက်ပြီးခန္ဓာကိုယ်လုပ်ရိုးလုပ်စဉ်ဟောင်းကို ပြန်ကောင်းလာဖို့ ကြိုးစားနေတယ်”2021 ခုနှစ် ပထမနှစ်ဝက်လောက်က “Phantom” ရုပ်ရှင်ရိုက်တုန်းမှာ ကိုယ့်ကိုကိုယ် နေမကောင်းမှန်း မသိခဲ့ဘူး။သရုပ်ဆောင်စွမ်းရည်ကို သံသယဖြစ်သွားမှာစိုးလို့ ငိုတဲ့အခန်းမှာငိုခဲ့ရပေမဲ့ အဲ့ဒီ့လှုပ်ရှားမှုတွေကြောင့်ပဲ ငါ့ခန္ဓာကိုယ်ကိုပိုပြီးကောင်းမွန်ဖို့တွန်းအားပေးခဲ့ပါတယ်။ရိုက်ကူးရေးပြီးတဲ့အချိန်မှာတော့ အသားစယူစစ်ဆေးနေတဲ့အချိန်မှာ Yuriko အတွက် Record လုပ်ခဲ့တယ်၊ဆရာဝန်ကတော့ တကယ်လို့ ငါ့ရဲ့ ကုသမှုသာဒီ့ထက် နှောင့်နှေးသွားမယ်ဆိုရင် အသံပျောက်မယ်လို့ ပြောခဲ့တယ် ၊ အခုတော့ငါစကားကောင်းကောင်းပြောနိုင်သွားပြီ”Phanmtom” ဇာတ်ကားရိုက်ကူးခဲ့တာမို့ အဲ့လိုဖြစ်ခဲ့တာထင်တယ်။တကယ်ကျေးဇူးတင်မိတယ်….ဆက်လက်ပြီး Park So Dam က ဒီဇာတ်ကားထဲမှာ အက်ရှင်ဇာတ်ဝင်ခန်းတွေအတွက် ဘယ်လို ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့လည်းဆိုတာကိုလည်း ဝေမျှခဲ့ပါတယ်။”အက်ရှင်ဇာတ်ဝင်ခန်းတွေ အများကြီးရှိတော့ ပထမဆုံးလုပ်ခဲ့တဲ့အချိန်မှာ သက်လုံအားပိုပြီးတိုးလာစေတယ်။4 ကီလိုသေနတ်နဲ့ အပြေးလေ့ကျင့်ခဲ့ရတယ် ။ သေနတ်ပစ်တာ ကောင်းမွန်နေတဲ့အတွက်လည်း ကိုယ့်ကိုကိုယ် အံ့အားသင့်မိတယ်။ မော်နီတာက
ကိုယ်တိုင်သရုပ်ဆောင်ထားတာကြည့်ပြီး ရှက်မိပေမဲ့ ကိုယ့်ရဲ့တခြားမတူညီတဲ့ ဘက်ခြမ်းကို မြင်ရတာမို့ ကြည်နူးမှုလည်းဖြစ်တယ်”လွန်ခဲ့တဲ့ ၂ နှစ်ကို ပြန်တွေးကြည့်တော့လည်း ဖျားတာက ရုပ်ဖျက်ဖို့ကောင်းတဲ့ ကောင်းချီးတစ်ခုဖြစ်ခဲ့တယ် ၊အမြဲတမ်း အလုပ်တွေရှုပ်နေတော့ ကိုယ့်ကိုယ်ကိုယ် အချိန်မပေးနိုင်ခဲ့ဘူး ကိုယ်တိုင်နိုင်ငံခြားသွားတာမျိုးတွေတော့လုပ်ခဲ့တယ်စပိန်၊ ဆွစ်ဇာလန်နဲ့ အင်္ဂလန်ကို သွားခဲ့တယ်။ မြောက်ဘက်က အလင်းရောင်တွေကြည့်ဖို့ Iceland ကိုတောင် သွားခဲ့တယ်။လူတော်တော်များများကကျွန်မကို ‘Parasite’ နဲ့ Record of Youth’ဒရာမာဇာတ်ကားတွေ နဲ့ မှတ်မိကြတယ်လို့လည်း အင်တာဗျူးမှာပြောသွားပါတယ်။