Blackpink’s ” Lovesick Girls” ထဲမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ ခပ်မိုက်မိုက်ပုံစံနဲ့ ကောင်မလေးတွေအသည်းကိုလှုပ်ခါနိုင်တဲ့ LØREN အကြောင်း
လွန်ခဲ့တဲ့နှစ်နှစ်အကျော်က Blackpink ရဲ့ Angsty love song တစ်ပုဒ်ဖြစ်တဲ့ ” Lovesick Girls” သီချင်းဗီဒီယိုမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ ခပ်မိုက်မိုက်ကောင်ဆိုးလေးအနေနဲ့ သရုပ်ဆောင်ခဲ့တဲ့LØREN ရဲ့အကြောင်းကို ဒီကနေ့မှာ ပရိတ်သတ်တွေအတွက်ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော် ဒီသီချင်းဗီဒီယိုမှာဆိုရင် LØREN ဟာ LIsa နဲ့ Rose’ တို့နဲ့အတူ Romantic Moments တွေကိုပါဝင်သရုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။LØREN ဟာဆိုရင် DJ , Solo Singer တစ်ယောက်ဖြစ်သလို YG Entertainment ရဲ့အခွဲ THE BLACK LABEL က producer တစ်ယောက်လည်းဖြစ်ပါတယ်။BLACKPINK ရဲ့နာမည်ကြီး သီချင်းတွေဖြစ်တဲ့ (“Lovesick Girls, “Pretty Savage,” “You Never Know”) သီချင်းတွေကိုလည်း ဖန်တီးခဲ့သူဖြစ်ပြီးBIGBANG G-Dragon ရဲ့ 2017 က ထွက်ရှိခဲ့တဲ့ “개소리 (BULLSHIT)” သီချင်း အတွက် တေးရေးဆရာအဖြစ်ရော စီစဉ်သူအဖြစ်နဲ့ပါ ပါဝင်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။LØREN ဟာ သူ့ရဲ့ ပထမဆုံး rock song ကို “Empty Trash” (“Lovesick Girls” ထွက်ရှိပြီးတစ်လအကြာ ) 2020 ခုနှစ် နိုဝင်ဘာလ 13 ရက်နေ့မှာ တစ်ကိုယ်တော်ပွဲဦးထွက်အနေနဲ့ထုတ်လုပ်ခဲ့ပါတယ်။2021 ခုနှစ်မှာတော့ LØREN ဟာ”Need (ooo-eee)” နဲ့ “All My Friends Are Turning Blue” single songs နှစ်ခုပါဝင်တဲ့ MVs ကို ထုတ်လုပ်ခဲ့ပါတယ်2022 အစောပိုင်းမှာတော့ LØREနဲ့ Blackpink’s Rosé တို့ဟာ Dazed Korea ရဲ့ 2022 မတ်လစာစောင်အတွက်ဇိမ်ခံbrand တစ်ခုဖြစ်တဲ့ Yves Saint Laurent ၀တ်စုံကို ၀တ်ဆင်ထားတဲ့ cover photo တွေရိုက်ကူးခဲ့ကြပြီး နောက်ပိုင်းမှာ brand’s 2022 Eyewear Campaign အတွက် model လုပ်ခဲ့ပါတယ်။
သူဟာ Rockstar ဘဝမှာ အကောင်းဆုံးနေထိုင်နေတဲ့သူတစ်ဉီးဖြစ်ပြီး သူ့ရဲ့ လတ်တလော Instagram ပို့စ်တစ်ခုမှာ“ဒီနှစ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ မစောင့်နိုင်တော့ဘူး။အားလုံးပဲ မကြာခင် ဆုံတွေ့နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် “လို့တင်ထားတာကြောင့် သီချင်းသစ်တွေ ဆက်တိုက်လုပ်ဖြစ်မလားဆိုတာကိုတော့ခန့်မှန်းမိကြပါတယ်နော်