ရင်သွေးလေးမွေးဖွားပြီး သိပ်မကြာခင်မှာပဲ Medical ဒရမ်မာအသစ်ကို ပြန်လည်စတင်ရိုက်ကူးတော့မဲ့ Park Shin Hye
Park Shin Hye နဲ့ Park Hyung Sik တို့ဟာ “Doctor Slump”အမည်ရှိတဲ့ ဒရာမာအသစ်မှာ ပါဝင်သရုပ်ဆောင်သွားမယ်ဆိုတဲ့အကြောင်း နိုဝင်ဘာလ 30 ရက်နေ့မှာ TenAsia ကနေ ပရိတ်သတ်တွေကိုအသိပေးခဲ့ပါတယ်။ Park Shin Hye ရဲ့ အေဂျင်စီ SALT Entertainment ကလည်း “Park Shin Hye ဟာ’Doctor Slump’ drama အသစ်မှာ သရုပ်ဆောင်ဖို့ ကမ်းလှမ်းချက်ကို လက်ခံဖို့အလားအလာရှိတယ် ထို့အတူပဲPark Hyung Sik ရဲ့ အေဂျင်စီ P&Studio ရဲ့ ကိုယ်စားလှယ်တစ်ဦးကလည်း ” Park Hyung Sikဟာ ‘Doctor Slump’ မှာ သရုပ်ဆောင်လက်ခံဖို့ စဉ်းစားထားတယ်” ဆိုပြီးအသိပေးခဲ့ကြပါတယ်”Doctor Slump” ဒရာမာ ဇာတ်ကားဟာဆိုရင် မိမိတို့အသက်ပြန်လည် ရှင်သန်ရန် ကြိုးပမ်းနေတဲ့ ဆရာဝန်များ အကြောင်းရိုက်ကူးထားပြီးဆရာဝန်အလုပ်မှထွက်ပြီးနောက် Rooftop အိမ်တစ်လုံးမှာ နေထိုင်ကြတဲ့ ဇာတ်ကောင်နှစ်ဦး ရဲ့ ချစ်ခြင်းမေတ္တာကို ဖော်ကြူးရိုက်ကူးထားတာပဲဖြစ်ပါတယ်။Park Shin Hye ဟာလည်း Nam Ha Neul အဖြစ် သရုပ်ဆောင်ဖို့ ဆွေးနွေးနေပြီး Park Hyung Sik ဟာလည်း Yeo Jung Woo အဖြစ် သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံထားရပါတယ်။မင်းသမီးချောလေး Park Shin Hye ဟာ ယခုနှစ်အစမှာ Choi Tae Joon နဲ့ လက်ထပ်ခဲ့ပြီး သားဦးလေးကို ဖွားမြင်ခဲ့ပြီးဖြစ်ပါတယ်။အကယ်လို့ Park Shin Hye သာ ဒီ ဇာတ်ရုပ်ကို လက်ခံမယ်ဆိုရင် 2016 ခုနှစ် နာမည်ကြီးဒရာမာ “Doctors” အပြီးနောက်ထပ်ထပ်မံရိုက်ကူးတဲ့Medical Drama တစ်ပုဒ်ပဲဖြစ်ပါတယ် ၊ နောက်ပြီး သားဉီးလေးမွေးပြီးကတည်းက ရုပ်ရှင်လောကကို ပြန်လည်စတင်လုပ်ကိုင်မဲ့ ဒရာမာဇာတ်လမ်းတွဲတစ်ပုဒ်လည်းဖြစ်ပြီး နောက်နှစ်ထဲမှာပဲ စတင်ရိုက်ကူးတော့မှာဖြစ်တယ်ဆိုတဲ့အကြောင်း Confirm လုပ်ခဲ့ပါတယ်နော်။