SM Entertainment ကနေထွက်ခွာပြီး ငါးနှစ်အကြာမှာ Agency အသစ်နဲ့စာချုပ်ချုပ်ဆိုလိုက်တဲ့ Girls’ Generation ‘s Tiffany
Girls’ Generation ‘s Tiffany ဟာဆိုရင် SM Entertainment ကနေ 2017 ခုနှစ်ကတည်းက ထွက်ခွာပြီးနောက်ပိုင်း အခြား သော ကိုရီးယားအေဂျင်စီတစ်ခုနဲ့စာချုပ်ချုပ်ဆိုခဲ့ကြောင်းကို Sublime Artist Agency ကနေ “Tiffany Young ဟာ ကျွန်တော်တို့နဲ့ သီးသန့်စာချုပ်တစ်ခုချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။”လို့ ယနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့မှာပဲကြေညာခဲ့ပါတယ်။“ ပရိတ်သတ်တွေအပေါ်လွှမ်းမိုးနိုင်တဲ့ Tiffany Young နဲ့ လက်တွဲလုပ်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်”ဆက်လက်ပြီး “အနာဂတ်မှာ သူမဟာ နေရာအနှံ့လွှမ်းမိုးပြီး ပိုမိုအောင်မြင်လာစေမဲ့ လှုပ်ရှားမှုမျိုးအတွက် ကျွန်တော်တို့ အကောင်းဆုံး ပံ့ပိုးပေးသွားမှာပါ” လို့ဆက်လက်ပြီးပြောခဲ့ပါတယ်။ယခုစာချုပ်ဟာဆို Tiffany ဟာ သူမအချိန်အကြာကြီးလက်တွဲခဲ့တဲ့ SM Entertainment Agency ကနေထွက်ခွာပြီးနောက် ငါးနှစ်အကြာမှ ပထမဆုံးသော သီးသန့်ချုပ်ဆိုတဲ့ စာချုပ်ပဲဖြစ်ပါတယ် ။အဆိုတော် မင်းသမီးလည်းဖြစ်တဲ့ Tiffany နဲ့Sublime Artist Agency မန်နေဂျာတို့ရဲ့ နှစ်ရှည်လများဆက်ဆံရေးနဲ့ ယုံကြည်မှုတို့ကြောင့် လက်မှတ်ရေးထိုးဖြစ်ခဲ့တယ်လို့လည်းသိရပါတယ်။Sublime Artist Agency ဟာဆိုရင် လက်ရှိမှာ Rain၊ GOT7 အဖွဲ့ဝင် Jackson နဲ့ Youngjae၊ EXID အဖွဲ့ဝင် Hani၊ GFRIEND အဖွဲ့ဝင်ဟောင်း Yerin၊ Lovelyz အဖွဲ့ဝင်ဟောင်း Yein နဲ့ I.O.I နဲ့ PRISTIN အဖွဲ့ဝင်ဟောင်း Lim Nayoung တို့လက်တွဲလုပ်ဆောင်နေတဲ့ အေဂျင်စီကြီးတစ်ခုပဲဖြစ်ပါတယ်။Tiffany ဟာ JTBC ရဲ့နာမည်ကြီးဒရာမာဖြစ်တဲ့ “Reborn Rich” မှာလည်း မကြာသေးမီက ပါဝင်ရိုက်ကူးခဲ့ပါသေးတယ်နော်