Weibo ရဲ့ Hot Search ထဲမှာ အရှာဖွေခံရဆုံး အနုပညာရှင် တစ်ယောက်ဖြစ်လာခဲ့တဲ့ BTS’s V ( Tae Hyung )
တရုတ် social media platform အကြီးစားတစ်ခုဖြစ်တဲ့ Weibo ဟာဆိုရင် 2022 ခုနှစ်အထိ အသုံးပြုသူပေါင်း လစဉ် 584 million လစဉ်တိုးနေတဲ့ platform တစ်ခုဖြစ်ပြီးအသုံးပြုသူတို့ရဲ့ hot search list ထိပ်တန်းရေပန်းအစား ဆုံး hashtag 50 မှာမှ Vက အရှာဖွေခံရဆုံးအနုပညာရှင်တစ်ယောက်ဖြစ်ခဲ့ပါတယ်။BTS’ V (Kim Taehyung) ဟာ ‘The Most Handsome Man in the World 2023’ မှာပါဝင်ခဲ့တဲ့အတွက်ကြောင့်တရုတ် Netizens တွေရဲ့ Weibo မှာ ချီးကျူးမှုကိုခံနေရပါတယ်။ Weibo Overall Hot Search မှာ ရှာဖွေမှု 1.3 သန်းကို ရရှိပြီး Top 5 နေရာကိုဝင်ခဲ့သလို Entertainment Section မှာလည်းRank 2 နေရာကို ရရှိခဲ့ပါတယ်၊ Celebrities တွေအနေနဲ့ Weibo trend ရဲ့ အမြင့်ဆုံးကို သူတို့ရဲ့လတ်တလော performance , concerts တွေကြောင့်သာရရှိကြပေမဲ့လို့ V ကတော့Inactive ဖြစ်နေရင်းနဲ့တောင် top list ကိုရရှိခဲ့တာပါ။တရုတ် Celebrities မဟုတ်ဘဲ Weibo platform မှာ ပရိတ်သတ်တွေ အရှာဖွေခံရဆုံးဖြစ်ဖို့ဆိုတာ တော်ရုံနဲ့မရပါဘူးနော်…နောက်ပြီး Tech and sports website TechnoSports မှာ “Top 10 Most Handsome Men in the World in 2023 ” အနေနဲ့ နံပါတ် 1 နေရာ ၊ Cosmetics site Fabbonမှာ ” 25 Most Handsome Male K-Pop Idols of 2023 ” မှာနံပါတ် 1 နေရာ ၊ Lifestyle website GreatTopTen မှာ “Top 10 Most Handsome Men in Asia 2023” အနေနဲ့
အသီးသီးဖော်ပြခံခဲ့ရပါတယ်။ V ဟာ ထိပ်တန်းနေရာစာရင်းကိုရောက်နေတာ ယခုနှစ်မှမဟုတ်ဘဲ ၅ နှစ်တောင်ရှိခဲ့ပါပြီ ။