BIGBANG အဖွဲ့ဝင် Taeyang ရဲ့Album အသစ်အတွက် Featuring artist အနေနဲ့ပါဝင်သွားမည့် BTS’s Jimin
BTS’s Jimin ဟာဆိုရင် မကြာခင်ထွက်ရှိတော့မဲ့ BIGBANG အဖွဲ့ဝင် Taeyang ရဲ့ တစ်ကိုယ်တော် Album အသစ်အတွက်ပူးပေါင်းဆောင်ရွက်ဖို့ရှိကြောင်းကိုYG Entertainment က ထုတ်ပြန်ကြေညာခဲ့ပါတယ် ယနေ့ ဒီဇင်ဘာ ၉ ရက်နေ့ရရှိတဲ့ သတင်းအရ Taeyang ဟာ သူ့ရဲ့ Album အသစ်ကို January လမှာထုတ်လွှင့်မယ်လို့သိရှိရပြီးJimin နဲ့အတူ featuring လုပ်ဖို့အတွက်တော့ “ကျွန်တော်တို့ လောလောဆယ် စစ်ဆေးနေပါတယ်” လို့ YG ကပြောခဲ့ပါတယ်။ နှစ်ယောက်သား Collab လုပ်မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ပြီးကတည်း ပရိတ်သတ်တွေစိတ်လှုပ်ရှားနေရပြီး Album အတွက်လည်း ရင်ခုန်နေကြပါပြီနော်။