Rap သီဆိုရာမှာစကေးကြမ်း ကြတဲ့အပြင် တခြား careerမှာလည်း အောင်မြင်နေတဲ့ BTS Suga နဲ့ G-Dragon
Kpop လောကမှာ နေရာတစ်ခုကို ခိုင်ခိုင်မာမာရရှိနေပြီး အောင်မြင်ကျော်ကြားနေကြတဲ့ သူတွေရဲ့နောက်ကွယ်မှာ
ပရိသတ်တချို့မသိကြသေးတဲ့ Career တွေမှာလည်း ရပ်တည်နိုင်ကြတဲ့ နာမည်ကြီးအဆိုတော်တွေများစွာရှိပါတယ်
အဲ့အထဲကမှ BTS Suga နဲ့ G-Dragon လည်းအပါအဝင်ပေါ့နော်
BTS Suga ဟာဆိုရင်တော့ Producing skill ရှိတဲ့သူတစ်ယောက်ဆိုတာအားလုံးပဲသိပြီးသားဖြစ်မှာပါ
သူဟာ BTS အဖွဲ့မှာဆိုရင် ပြိုင်ဘက်ကင်းတဲ့ Rapper တစ်ယောက်အနေနဲ့ လူကြိုက်များသလို အခြားသော Artists
တွေအတွက် Music Production လုပ်ပေးခဲ့တဲ့နေရာမှာလည်း Best Producer Awards ကို သိမ်းပိုက်နိုင်ခဲ့ပါသေးတယ်
Co-Produced အနေနဲ့ Suran’s “Wine”, IU’s “Eight” , Epik High’s “Eternal Sunshine”
တို့ကိုလည်း ထုတ်လုပ်ခဲ့ပြီး ပရိတ်သတ်တွေအားပေးမှု အောင်မြင်မှုတွေ များစွာလည်း ရရှိခဲ့ပါတယ်
G-Dragon ဟာဆိုရင်လည်းပဲ သူ့ရဲ့ BigBang အဖွဲ့ထဲမှာတောင် Production ပြုလုပ်တဲ့နေရာမှာ ရော သီချင်းရေသားတဲ့နေရာမှာပါ နာမည်ရရှိနေသူဖြစ်ပြီးတော့ “Lies”, “Last Farewell”, နဲ့ “Haru Haru” ဆိုတဲ့ သီချင်းတွေဟာဆိုရင်လည်း Korea Music History မှာ Download ဆွဲပြီးနားထောင်သူ အများဆုံးကို ရရှိခဲ့တဲ့ သီချင်းတွေလည်းဖြစ်ပါတယ် BTS Suga ရဲ့ Senior လည်းဖြစ်သလို Rap လောကမှာတရှိန်ထိုးအောင်မြင်နေတဲ့သူပါ