Solo activities တွေအပြီး စစ်မှုထမ်းခြင်းကို စတင်ရတော့မည်ဖြစ်တဲ့ BTS Members များ
Army တို့ရဲ့ BTS Member တွေ ဟာ စစ်မှုထမ်းခြင်းကို စတင်တော့မည့်အကြောင်း ယနေ့အောက်တိုဘာ ၁၇ ရက်နေ့မှာ BRIGHT MUSIC ကနေထုတ်ပြန်ကြေညာလိုက်ပြီပဲဖြစ်ပါတယ်။ ” BTS Members တွေဟာ မကြာသေးခင်ကမှ World Expo 2030 အတွက် Busan မှာ Concert ကို ကျင်းပခဲ့ပြီး နောက်မှာတော့အဖွဲ့ဝင်တွေရဲ့ စစ်မှုထမ်းတာဝန်ကို ထမ်းဆောင်ဖို့ အချိန်ကိုရောက်ရှိလာပြီပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက BTS အဖွဲ့ဝင်တွေစတင်ဖွဲ့စည်းတဲ့အချိန်ကနေစပြီးနိုင်ငံတကာစံချိန်မျိုးစုံကို ချိုးခဲ့တဲ့ Kpop အဖွဲ့တစ်ဖွဲ့လည်းဖြစ်ပါတယ် ၊ ယခုတော့ ကျွန်တော်တို့ BRIGHT MUSIC က နိုင်ငံတော်အတွက် လိုအပ်ချက်တွေ ကို လိုက်နာဆောင်ရွက်ရတော့မှာဖြစ်ပြီး၊ ဒီလိုကျန်းမာသန်စွမ်းတဲ့လူငယ်လေးတွေဟာလည်း အခြားသော ပြည်သူပြည်သားတွေနဲ့နည်းတူ စစ်မှုထမ်းရမှာပဲဖြစ်ပါတယ် ၊ အဖွဲ့ဝင်တွေထဲကမှ Jin ဟာ အောက်တိုဘာလအပြီးထိ သူ့ရဲ့ Solo schedules ကို
လုပ်ဆောင်ပြီးတာနဲ့ သူ့ရဲ့ စစ်မှုထမ်းတာဝန်ကို စတင်တာဝန်ထမ်းဆောင်ရမှာပဲဖြစ်ပါတယ်၊ ကျန်တဲ့ Members ဝင်တွေဟာလည်း သူတို့ရဲ့ Solo Activity တွေအပြီးပေါ်မူတည်ပြီးစစ်မှုထမ်းတာဝန်ကို ထမ်းဆောင်ရမှာပါ၊HYBE Family ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ကျွန်တော်တို့ရဲ့ artists တွေကို အားပေးထောက်ပံ့မှုတွေပြုလုပ်ပြီး BTS Member တွေတစ်ဉီးချင်းစီအနေနဲ့သူတို့ရဲ့ စိတ်ဝင်စားမှုကို ရှာဖွေဖို့ရန်အချိန်ရရှိခဲ့ပြီး တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်၊ သူတို့ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့”Yet To Come ( The Most Beautiful Moment)” က track တစ်ခုထက်ပိုတယ်ဆိုတာ ယုံကြည့်ပေးပါ ၊2025 ဝန်းကျင်လောက်မှာ တာဝန်ထမ်းဆောင်မှုတွေပြီးတာနဲ့ Group အလိုက် လှုပ်ရှားမှုတွေနဲ့ နောက်ထပ်အများကြီးလာဖို့ကျန်ပါသေးတယ် စောင့်နေပေးပါ ” ဆိုပြီး ထုတ်ပြန်ကြေညာခဲ့ပါတယ်။