Exo အဖွဲ့သက်တမ်း ဆယ်နှစ်အကြာဖြတ်သန်းခဲ့တဲ့အတွေ့အကြုံနဲ့True Friendship တန်ဖိုးအပေါ် EXO’s Sehun ရဲ့အမြင်
ပြီးခဲ့တဲ့ Elle Korea Magazine အင်တာဗျူးမှာဆိုရင် EXO’s Sehun ဟာ အဖွဲ့ဝင်တွေနဲ့ ဆယ်နှစ်ကြာဖြတ်သန်းခဲ့ပြီးနောက် သူ့ရဲ့အတွေ့အကြုံတွေနဲ့ယှဉ်ပြီး True Friendship အပေါ်အမြင်ကို ပြောပြခဲ့ပါတယ်။ပရိသတ်တွေသိပြီးကြတဲ့အတိုင်း 2012 April လမှာ Exo အဖွဲ့စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး သူတို့ရဲ့ 10th Anniversary ကို လည်း ဒီနှစ်အစောပိုင်းမှာ Celebrated လုပ်ခဲ့တာပဲဖြစ်ပါတယ် ၊မဂ္ဂဇင်းမှာ ဓာတ်ပုံရိုက်ကူးပြီး နောက် Sehun ဟာ အင်တာဗျူးမှာအခုလို ပြောခဲ့ပါတယ် ” အဖွဲ့ဝင်တွေနဲ့ အတူတကွ အလုပ်လုပ်ဆောင်ပြီး ကြိုးစားခဲ့တာ ကို ချီးကျူးမိပါတယ် ၊လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက အလုပ်တွေကောင်းကောင်းလုပ်ခဲ့တယ် နောက်ထပ် လည်း အနာဂတ်မှာ အလုပ်တွေလုပ်ဖို့ အချိန်တွေအများကြီးက ငါတို့ကိုစောင့်နေဆဲပါပဲ “လို့ပြောခဲ့ပါတယ် ၊ နောက်ပြီး သူဟာ စစ်မှန်တဲ့ သူငယ်ချင်း တွေ ရှိဖို့နဲ့ ပတ်သတ်ပြီး ကိုယ်တိုင်တစ်ဉီးတစ်ယောက်တည်းက ကြိုးစားရုံနဲ့ ဒီလို Relationship မျိုးကို မရနိုင်ဘူး ပုံမဖော်နိုင်ဘူးလို့လည်း သတ်မှတ်ခဲ့ပါတယ်” မိသားစုလို သက်သောင့်သက်သာဖြစ်စေတဲ့ ခံစားချက်မျိုးကို ရရှိစေတာပါ ဘာလို့လည်းဆိုတော့ မင်းက တခြားတစ်ယောက်ကို သံသယမဝင်လို့ပဲ ” “ပျော်ရွှင်တာပဲဖြစ်ဖြစ်ဝမ်းနည်းတာပဲဖြစ်ဖြစ် မင်းရဲ့လက်ရှိ အခြေအေနေကို အမြဲတမ်း မျှဝေနိုင်တဲ့ Relationship ၊ ဒီလို relationship နဲ့ပတ်သတ်ပြီး က ကိုယ်တိုင်ကြိုးစားအားထုတ်ရုံနဲ့ဖန်တီးနိုင်မယ်လို့ ငါမထင်ပါဘူး “လို့ပြောခဲ့ပါတယ် ၊