အိန္ဒိယ သရုပ်ဆောင် ဗားရှင်းနဲ့ ပြန်လည်မြင်တွေ့ရတော့မဲ့ ပထမဆုံးသော ကိုရီးယားဇာတ်လမ်းတွဲ “Flower of Evil”
tvN’s ကနေ ထုတ်လွှင့်တဲ့ ” Flower Of Evil” ဒရာမာဇာတ်လမ်းတွဲကို အိနိ္ဒယလူမျိုး သရုပ်ဆောင်တွေက နေ ပြန်လည်ရိုက်ကူးတော့မယ်ဆိုတဲ့အကြောင်းProduction company Studio Dragon ကနေ August 17 က အတည်ပြုလိုက်ပြီပဲဖြစ်ပါတယ်၊ ဇာတ်လမ်းတွဲအမည်ကိုတော့ ” Duranga” လို့ပေးထားပြီး” the two shadows of lies” လို့ အဓိပ္ပာယ်ရပါတယ် ၊ သရုပ်ဆောင် Lee Joon Gi နဲ့ Moon Chae Won တို့ရိုက်ကူးခဲ့တဲ့ နာမည်ကြီး ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့”Flower of Evil” ဟာဆိုရင် မိသားစုကြားထဲက မေတ္တာတွေ ၊ အတိတ်က အမှားတွေ ကို ဖုံးကွယ်ပြီးနေထိုင်တဲ့ ယောကျ်ားတစ်ဉီးနဲ့ သူ့ရဲ့ စုံထောက်ဇနီးသည်ကြား
အမှန်တရားကို လက်ခံဖို့ အတင်းကျပ်ရင်ဆိုင်နေရတဲ့ ဇာတ်ကွက်တွေနဲ့ ကြည့်ရှူသူတွေကို စွဲဆောင်နိုင်ခဲ့ပါတယ် ယခုဆိုရင်တော့ ယဉ်ကျေးမှုမတူညီတဲ့ ကိုရီးယားနဲ့အိန္ဒိယ နှစ်နိုင်ငံကြားက သရုပ်ဆောင်ချက်တွေကို ကြည့်ရှူရမဲ့ အပြင် အိန္ဒိယနိုင်ငံရဲ့ ရုပ်ရှင်လောက နယ်ပယ်ထိ ဆွဲဆောင်နိုင်ခဲ့တဲ့ ပထမဆုံး ကိုရီးယားရုပ်သံဇာတ်လမ်းတွဲဖြစ်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်