ကင်ဆာရောဂါခံစားရပြီး ငါးနှစ်အကြာ လက်ရှိကျန်းမာရေးအခြေအနေကို ပြောပြခဲ့တဲ့ Kim Woo Bin
Kim Woo Bin ဟာ လွန်ခဲ့တဲ့ 2017 ကတည်းက nasopharynxကင်ဆာရောဂါကို ဖြစ်ပွားခဲ့တာကို ပရိတ်သတ်တွေအားလုံးပဲသိရှိပြီး စိုးရိမ်ပူပန်မှုတွေးများစွာကိုရရှိခဲ့ရပါတယ်၊ ယခု 2022 အတွင်း သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေအနေနဲ့ ချစ်သူမိန်းကလေးဖြစ်တဲ့ မင်းသမီး Shin Min Ah နဲ့အတူ အနုပညာရှင်များစွာပါဝင်ရိုက်ကူးထားတဲ့ Our Blues ဇာတ်လမ်းတွဲကို April လကနေ June လအထိ ပြသခဲ့ပြီး Woo Bin ရဲ့ နောက်ထပ် အနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ ယနေ့ July 20 မှာထုတ်လွှင့်မဲ့South Korean sci-fi action fantasy genre film ဖြစ်တဲ့ Alienoid မှာဆိုရင် ဂြိုလ်သားအကျဉ်းသားတွေကို စီမံခန့်ခွဲပြီး စောင့်ရှောက်ပေးနေတဲ့ Guard အနေနဲ့ပါဝင်ထားပါတယ်။
Alienoid Film ကို Promote လုပ်တဲ့ အင်တာဗျူးတစ်ခုမှာ Woo Bin ဟာ သူ့ရဲ့ကျန်းမာရေးအခြေနေကို အခုလိုပဲ ဖြေကြားခဲ့ပါတယ်” သူကင်ဆာရောဂါခံစားရပြီး Recovery လုပ်နေတဲ့နှစ်တစ်လျှောက်လုံးမှာ သူ့ရဲ့ချစ်သူ Shin Min Ah က ဘေးမှာပဲ နေပြီး ဂရုစိုက်ပေးခဲ့ပါတယ်၊ ယခုဆိုရင် ကင်ဆာရောဂါဖြစ်ပွားတာ ငါးနှစ်ကြာခဲ့ပါပြီ ၊ ဆရာဝန်ကလည်းကျန်းမာရေးအခြေနေပိုပြီးကောင်းမွန်လာပါတယ်လို့ အတည်ပြုခဲ့တယ် ၊ ကျွန်တော့်ရဲ့ ရောဂါအခြေနေသက်သာပြီး ကျွန်တော်ကိုယ်တိုင်ပါဝင်ထားတဲ့ ဇာတ်ကောင်ပုံစံလိုပဲ အပြင်မှာလည်း ထပ်တူကျချင်ပါတယ်၊ ကျွန်တော့်ရဲ့ လက်ရှိပစ္စုပ္ပန်မှာအကောင်းဆုံးဖြစ်အောင်လို့ ကြိုးစားနေပါတယ် ၊ ကျွန်တော့ရှေ့မှာ ရှိတဲ့သူတွေကိုပဲ သေချာ အာရုံစိုက်ပြီး ကိုယ်လုပ်နေတဲ့အလုပ်ကိုချစ်မြတ်နိုးပြီး ကိုယ့်ဘဝကိုလည်းတန်ဖိုးထားဖြတ်သန်းရမယ်ဆိုတာကို သင်ယူခဲ့ရပါတယ်” လို့ပြောခဲ့ပါတယ်၊ အခုလို ကျန်းမာရေးအခြေနေပိုကောင်းလာတာကိုပဲ ပရိတ်သတ်တွေအတွက်ဝမ်းသာစရာသတင်းစကားတစ်ခုပါပဲရှင်