စစ်မှုထမ်းပြီးနောက် Fans များရှေ့မှာပြန်လည်ဖျော်ဖြေခဲ့သည့် EXO’s Chen
ဩဂုတ်လ ၂၀ ရက်နေ့က Suwon မြို့မှာ SMCU Express လို့အမည်ရတဲ့ဖျော်ဖြေပွဲကို SM Entertainment ကကျင်းပခဲ့ပါတယ်။ ထိုပွဲမှာ
EXO ဟာအဖွဲ့လိုက်ဖျော်ဖြေမှုမျိုးပြုလုပ်ခဲ့ခြင်းမရှိပေမယ့် အဖွဲ့ဝင် Sehunမှလွဲလို့ကျန်တဲ့အဖွဲ့ဝင်အားလုံးတစ်ကိုယ်တော်ဖျော်ဖြေမှုတွေကို ပြုလုပ်
ခဲ့ပါတယ်။ အဖွဲ့ဝင် Chen ဟာ ၂၀၂၀ခုနှစ် အောက်တိုဘာလ၂၆ရက်နေ့မှာ စတင်စစ်မှုထမ်းခဲ့ပြီး အခုချိန်မှာတော့စစ်မှုထမ်းတာဝန်ပြီးဆုံးခဲ့ပြီးဖျော်ဖြေ
ပွဲမှာ ပရိတ်သတ်ရှေ့ကိုပြန်လည်ရောက်ရှိလာတာပဲဖြစ်ပါတယ်။ ဖျော်ဖြေပွဲမှာ Chen ကသူ့ရဲ့ပထမဆုံးအယ်လ်ဘမ်၏ Title သီချင်းတစ်ပုဒ်ဖြစ်တဲ့
‘Beautiful Goodbye’ဆိုသည့်သီချင်းကို သူ့ရဲ့ချိုမြိန်သောအသံလေးနဲ့ဖျော်ဖြေပေးသွားခဲ့ပါတယ်။ တစ်ချို့သောပရိတ်သတ်များနဲ့ EXO-L များ
က သူ့ရဲ့ဖျော်ဖြေမှုအတွက်စိုးရိမ်ပူပန်ခဲ့ကြပါတယ်။ သို့သော်လည်း Chen ကဖျော်ဖြေပွဲမှာစိတ်ပူစရာလည်းမရှိသလိုဖျော်ဖြေသွားတာအရမ်းကောင်းပါ
တယ်လို့ပရိတ်သတ်များကပြောကြားခဲ့ပါတယ်။ Fans များနဲ့သူ့ကိုချစ်တဲ့ပရိတ်သတ်များကလည်းသူ့အား lightstickများဝှေ့ယမ်းကာတစ်ခဲနက်အား
ပေးခဲ့ကြပါတယ်။
ပွဲထဲမှာတော့ Chen ကစိတ်မကောင်းစရာအခြေအနေကိုကြုံတွေ့ခဲ့ရပါတယ်။ တစ်ချို့သောပရိတ်သတ်များက EXO ၏အဖွဲ့လိုက်တင်ဆက်မှုမပြု
လုပ်ခဲ့သည့်အတွက် Chen အား အားမပေးဘဲဆန့်ကျင်ခဲ့ကြပါတယ်။ သို့သော်သူ့ကိုချစ်သောပရိတ်သတ်များနဲ့ အမာခံများကလည်းရှိနေဆဲဖြစ်တာမို့
Chen ရဲ့ဖျော်ဖြေမှုတွေနဲ့အနုပညာလှုပ်ရှားမှုများကို စောင့်မျှော်နေကြမှာဘဲဖြစ်ပါတယ်။