ကိုယ်ဝန်ဆောင်ထားတဲ့ဓာတ်ပုံတစ်ချို့ကိုမျှဝေလာတဲ့ T-ARA အဖွဲ့ဝင်ဟောင်း Ahreum
ပြီးခဲ့တဲ့လက T-ARA အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ Ahreum ဟာသူမရဲ့ ဒုတိယမြောက်သားလေးကိုကိုယ်ဝန်ဆောင်ထားရနေပြီဖြစ်ကြောင်း
ပရိတ်သတ်များကိုထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
ဩဂုတ်လ ၂၃ရက်နေ့မှာတော့ Ahreum က “အခုတော့ဗိုက်အရမ်းဆာနေပြီ” ဆိုသောစာတန်းနှင့်အတူ သူမရဲ့ ကိုယ်ဝန်ဆောင်ထားတဲ့ဓာတ်ပုံလေး
များကို Instagram မှတစ်ဆင့် ပရိတ်သတ်များကိုမျှဝေလာခဲ့တာပဲဖြစ်ပါတယ်နော်။ Ahreum တင်ထားတဲ့ဓာတ်ပုံထဲမှာတော့ သူမဟာပန်းရောင်ဂါ
ဝန်လေးတစ်ထည်ကို ဝတ်ဆင်ထားပြီး Mirror Selfie ပုံလေးတွေကိုရိုက်ကူးထားတာြဖစ်ပါတယ်။ သူမသည်ကိုယ်ဝန်ဆောင်ထားရသော်လည်း
ချစ်စရာကောင်းတဲ့အပြုံးလေးနဲ့ သူမရဲ့မပြောင်းလဲတဲ့အလှကိုမြင်တွေ့ရမှာဖြစ်ပါတယ်။
သူမရဲ့ဓာတ်ပုံတွေကိုမြင်တွေ့ရတဲ့ အင်တာနက်သုံးစွဲသူတွေနဲ့ ပရိသတ်တွေက “မင်းအရမ်းလှတာပဲ”၊ “ဂုဏ်ယူပါတယ်” ၊ “မင်းကမင်းသမီးလေးပဲ”
“မင်းပျော်တာကိုတွေ့ရတာဝမ်းသာလိုက်တာ” ၊ “ကံကောင်းလိုက်တာ” စသဖြင့် မှတ်ချက်များပေးခဲ့ကြပြီး ဂုဏ်ပြုခဲ့ကြပါတယ်။
Ahreum ဟာ T-ARA အဖွဲ့ကို ၂၀၁၂ခုနှစ်ကဝင်ရောက်ခဲ့ပြီးနောက် ၂နှစ်ခန့်တက်ကြွစွာပါဝင်လုပ်ဆောင်ခဲ့သူလည်းဖြစ်ပါတယ်။ ၂၀၁၉ခုနှစ်မှာတော့
ကျော်ကြားတဲ့အနုပညာရှင်မဟုတ်တဲ့သာမန်လူတစ်ယောက်ဖြင့်လက်ထပ်ခဲ့ပြီး နောက်တစ်နှစ်မှာတော့ သားဉီးလေးတစ်ယောက်ထွန်းကားခဲ့ပြီး ယခု
ဒုတိယမြောက် ရင်သွေးလေးရဲ့ကိုယ်ဝန်ကိုဆောင်ထားရတာပဲဖြစ်ပါတယ်။