သမီးလေးဖေဖေ ဖြစ်သွားပြီဖြစ်တဲ့ 2PM’s Chansung
ဒီကနေ့ July 26 ရက်နေ့မှာပဲ 2PM’s Chansung ရဲ့ Agency L’July Entertainment Representative ကနေ Chansung ရဲ့ မိန်းမ ဟာ ကလေးမွေးဖွားပြီး ကလေးရော အမေပါ ကျန်းမာရေးကောင်းမွန်ကြောင်းကို ပြန်လည်ပြောပြခဲ့ပါတယ်။ December 2021 နောက်ပိုင်းမှာကတည်း Chansung ဟာ သူရဲ့မိန်းမ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်းကို လက်ရေးနဲ့ရေးသားထားတဲ့ စာနဲ့ ပရိတ်သတ်တွေသိအောင်ကြေညာခဲ့ဖူးပါတယ်
Chansung ဟာ သူ့ရဲ့ချစ်သူကောင်မလေးနဲ့ တွဲလာတာ ၅နှစ်ကျော်ခန့်ရှိပြီဖြစ်ပြီး Covid 19 အခြေနေကြောင့် ခေတ္တဆိုင်းငံ့ထားတဲ့ သူတို့မင်္ဂလာပွဲကို နောက်နှစ် အစပိုင်း သူ့ရဲ့စစ်မှုထမ်းအပြီးချိန်မှာ
လက်ထပ်ဖို့စီစဉ်ထားခဲ့ တာပဲဖြစ်ပါတယ်၊ အခုချိန်မှာတော့ သမီးလေးဖေဖေဖြစ်သွားပြီဖြစ်တဲ့ အတွက် မိသားစုနဲ့ထပ်တူ ဂုဏ်ယူဝမ်းမြောက်မိပါတယ်ရှင်