August လမှာပြုလုပ်မဲ့ Samsung Galaxy Unpacked 2022 Event အတွက် BTSနဲ့ Collaboration လုပ်ပြီး Campaign ကြော်ငြာခဲ့တဲ့ Samsung
Samsung Mobile Company ဟာဆိုရင် Brand Ambassadors ဖြစ်တဲ့ BTSအဖွဲ့ နဲ့အတူ အသစ်ထွက်ရှိတဲ့ Galaxy S22,S22+ Model Purple Color လေးကိုပရိတ်သတ်တွေအကြား အမိုက်စား ကြော်ငြာခဲ့ပါတယ် ၊ Promotion main theme အနေနဲ့ BTS “Yet To Come” သီချင်းကို ထည့်သွင်းကြော်ငြာမည်ဖြစ်ပြီးS22 Photoshoot အသစ်မှာ Galaxy အရောင်ကို Bora Purple ဆိုပြီး Caption တပ်လိုက်တာကြောင့် Army တွေကြားထဲ Attention ယူလိုက်သလိုပါပဲနော်Borahae ဆိုတာ (Bora=purple , Saranghae = Love ) 2016 တုန်းက Concert တစ်ခုမှာ BTS’V သုံးနှုန်းထားခဲ့တဲ့ အသုံးအနှုန်းပဲဖြစ်ပါတယ်၊” Borahae” ” I purple you” အရောင်ကာလာတစ်ခုကို ရည်ညွှန်းရုံတင်မဟုတ်ဘဲ ငါမင်းကို ယုံယုံကြည်ကြည်နဲ့အချိန်ကြာကြီးချစ်မယ် ဆိုပြီးBTS နဲ့ Army ကြားကိုယ်စားပြုထားခဲ့တဲ့ စကားတစ်ခုပါ ၊ Twitter မှာပဲ Samsung ရဲ့ New York မြို့နဲ့ Ladon မြို့မှာ BTS Theme အရောင်ဖြစ်တဲ့ Purple ကာလာလွှမ်းမိုးထားတဲ့ အမိုက်စား Video Ads တစ်ခု ၊ နောက်ပြီး BTS အဖြူအမဲနောက်ကျောပုံနဲ့Ready for what’s about to come? Something great is on the way ဆိုပြီး တင်ခဲ့ပါသေးတယ် ၊ ကောင်လေးတွေရဲ့Impact နဲ့ ပရိသတ်တွေကို အာရုံစိုက်မိစေခဲ့တာကြောင့် BTS က ဘယ်လောက်ထိ လွှမ်းမိုးနိုင်လဲဆိုတာကို ပြသလိုက်တာပါပဲ