ချစ်သူရည်းစားနဲ့တစ်ခါမှမဒိတ်ဖူးသေးတဲ့ နာမည်ကြီးအနုပညာရှင် ၇ ဉီး
ဒီတစ်ပတ်မှာတော့ ပရိသတ်တွေအတွက် မျှော်လင့်ချက်ရှိနေသေးတဲ့ တစ်ခါဆို တစ်ခါမှ မဒိတ်ဖူးဘူးလို့ ဝန်ခံလာတဲ့ အနုပညာရှင် ၇ ဉီးကိုဖော်ပြပေးလိုက်ပါတယ်နော် ၊ အချစ်နဲ့ပတ်သတ်ရင် မူကြိုအဆင့်ပဲရှိသေးတဲ့အဖြူထည်သက်သက် လေးတွေမို့ ပရိတ်သတ်တွေစိတ်ကြိုက်အားရပါးရ Crush လို့ရတာပေါ့နော်
1. Kim So Hyun
ပထမဆုံး ကတော့ မင်းသမီးချောလေး ဘဲပေါက် Kim So Hyun ပါ ၊ သူမဟာ အသက် ၇ နှစ်ကတည်းက အနုပညာလောက နယ်ပယ်ထဲကိုစတင်ပွဲဉီးထွက်ခဲ့သူပါ၊Kim So Hyun ရဲ့မဒိတ်ချင်တော့တဲ့အဓိက ရည်ရွယ်ချက်ကတော့ သူမရိုက်ကူးတဲ့ ဒရာမာကားတွေတစ်ကားပြီးတိုင်း တကယ့် Relationship တစ်ခုပြီးသွားသလို ခံစားရတာကြောင့် တကယ့်လက်တွေ့ဘဝမှာ ဒိတ်ဖို့မလိုအပ်တော့တာပါတဲ့
2. Yeo Jin Goo
မင်းသမီး Kim So Hyun လိုပဲ မင်းသားချောလေး Yeo Jin Goo ဟာ အသက် ၈နှစ်လောက် ကတည်းက အနုပညာလောကထဲ ပွဲဉီးထွက်စတင်ခဲ့သူဖြစ်ပါတယ်၊Yeo Jin Goo ဟာဆိုရင်တော့ Access Showbiz Tonight ရဲ့ အင်တာဗျူးမှာ ” ဒိတ်ဖို့အတွက်ကို တိုက်တွန်းတာ မျိုးမဟုတ်ဘဲ သဘာဝကျကျ ပုံမှန်လေးအတိုင်းပဲ လူတစ်ယောက်နဲ့တွေ့ဆုံမိတာက အကောင်းဆုံးပါ” လို့ပြောခဲ့ပါတယ်
3. Nam Ji Hyun
Nam Ji Hyun ဟာလည်းသူမရဲ့ 100 Days My Prince ဒရာမာဇာတ်လမ်းတွဲ အင်တာဗျူးမှာပဲ သူမဟာ တစ်ခါမှ ဒိတ်ခဲ့ဖူးချင်းမရှိတာကို ဝန်ခံခဲ့ပါတယ် ၊ သူမဟာဖန်သားပြင်ပေါ်မှာပဲ အချစ်နဲ့ပတ်သတ်ပြီး အကြိမ်ကြိမ်အခါခါသရုပ်ဆောင်ခဲ့ဖူးပေမဲ့ တကယ့်လက်တွေ့ဘဝမှာတော့ ဘယ်လိုအခြေနေမျိုးလဲဆိုတာကို မကြုံခဲ့ဖူးပါဘူးတဲ့နော်သူမဟာ သူမရဲ့အနာဂတ်အချစ်ရေးဟာ သက်သောင့်သက်သာနဲ့ သဘာဝဆန်ဆန်လေး ဖြစ်လာမယ်လို့ ယုံကြည်ထားပါတယ်တဲ့
4. Rose’ ( Blackpink )
နောက်တစ်ယောက်ကတော့ အချစ်တော် Rose’ ပဲဖြစ်ပါတယ် ၊ သူမဟာလည်း တစ်ခါမှ ဒိတ်ခဲ့ဖူးခြင်းမရှိသေးပါဘူးတဲ့ ၊ သူမလိုချင်တဲ့ ကောင်လေး type မျိုးကတော့အသံကောင်းပြီး ဂစ်တာတီးတတ်တဲ့ကောင်လေးမျိုးပါတဲ့
5. Hwang Minhyun (formerly of NU’EST )
Hwang Minhyun ဟာလည်း သူရိုက်ကူးခဲ့တဲ့ Happy Together 4 Episode တစ်ခုမှာ သူဟာ အလယ်တန်းကျောင်းသားဘဝတုန်းကတော့ အွန်လိုင်း Relationship မျိုးအတွေ့အကြုံရှိခဲ့ဖူးတယ် တစ်ခါမှတော့ တကယ့်အပြင်မှာ ရည်းစားမထားဖူးဘူး ၊ သူ့ရဲ့ အမျိုးသမီးတစ်ယောက်နဲ့ Skinship ပထမဆုံးအတွေ့အကြုံကတော့ NU’EST fan meetingမှာပဲဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်
6.Lee Daehwi (AB6IX)
Lee Daehwi (AB6IX) ဟာလည်း သူဟာ တစ်ခါမှမဒိတ်ဖူးသေးတဲ့ ကောင်လေးပါပဲ ၊ ဒါပေမဲ့ အရမ်းကောင်းတဲ့ ချစ်သူကောင်လေးတစ်ယောက်ဖြစ်အောင် လုပ်နိုင်တယ်လို့တော့ယုံကြည်မှုရှိပါတယ်တဲ့နော်
7. Jeon Somi
နောက်ဆုံးတစ်ယောက်ကတော့ Jeon Somi ပါ ၊ သူမဟာလည်း အချစ်နဲ့ပတ်သတ်ပြီး အတွေ့အကြုံမရှိသေးတဲ့သူဖြစ်ပြီး Don’t Be Jealous ရဲ့ Talk Show မှာ သူမရဲ့အနာဂတ်အတွက် ပြီးပြည့်စုံတဲ့ Relationship ကို ပုံဖော်ထားသော list ရှိကြောင်းပြောခဲ့ပါတယ်