အသက် ၂၅နှစ်ပြည့်တော့မဲ့ Blackpink အဖွဲ့ ဝင်အငယ်ဆုံးလေး Lalisa
မကြာခင်ကျရောက်တော့မဲ့ မတ်လ ၂၇ ရက်ဟာဆိုရင်တော့ Blackpink အဖွဲ့ဝင် အငယ်ဆုံးလေးလည်းဖြစ်တဲ့
အချစ်တော် Lisa ရဲ့မွေးနေ့လေးပဲဖြစ်ပါတယ်
သူမရဲ့ မွေးနေ့အမှီ မွေးရပ်မြေဖြစ်တဲ့ ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိနေပြီး
၂၃ရက်နေ့ညက မိသားစုတွေ သူငယ်ချင်းတွေနဲ့အတူ Planchai BBQ မှာ သွားရောက်စားသောက်ခဲ့တယ်
သူမ သွားရောက်စားသောက်ခဲ့ပြီး နောက်တစ်နေ့မှာပဲ သူမရဲ့ ပရိသတ်တွေ တစ်ယောက်ပြီးတစ်ယောက် Planchai BBQ မှာ ဝယ်စားဖို့
Booking call တွေအဆက်မပြတ်လက်ခံခဲ့ရတယ်လို့လည်း ဆိုင်ရှင်ဖြစ်သူကပြောပါတယ်
နောက်ပြီး သူမက Woody Talk Show မှာ သူမမွေးနေ့အတွက် ဇာတိမြို့ဖြစ်တဲ့ Buriram ကို ပြန်ပြီးမြို့က အသားလုံးဆိုင်ကို
စားချင်တယ်လို့ပြောပြီးသိပ်မကြာခင်မှာပဲ Lisa ကိုချစ်ခင်အားပေးတဲ့ပရိသတ်တွေရဲ့ ရောင်းမလောက်တဲ့အထိကို ဝယ်ယူအားပေးခြင်းခံခဲ့ရပါတယ်တဲ့
သူမရဲ့ အရှိန်အဝါနဲ့ ချစ်ခင်အားပေးခံရမှုကြီးက လုံးဝကို လက်ဖျားခါလောက်တယ်နော်!!
သူမရဲ့မွေးနေ့အတွက် ထိုင်းနို်ငငံက ပြည်သူတွေ က လေဆိပ်မှာကလည်းက ဓာတ်ပုံတွေရိုက် ပြီးလာကြိုကြတော့ကောင်မလေးက
လေဆိပ်ကိုစရောက်ကတည်းက အရမ်းကိုပျော်ခဲ့ရသေးတာပါ
ကံကောင်းခြင်းတွေနဲ့မွေးဖွားလာတဲ့ ကောင်မလေးအတွက် မွေးနေ့တိုင်းမှာပျော်ရွှင်ပါစေလို့ မင်မင်က ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်ရှင့်