Super Junior’s Siwon ဟာ သူ့အပေါ်မုန်းတဲ့သူတွေကို ဘယ်လိုတုန့်ပြန်ခဲ့သလဲဆိုတဲ့မေးခွန်းနဲ့ပတ်သတ်ပြီးတော့ …….
အင်တာဗျူးတစ်ခုမှာ Super Junior’s Siwon ကို တစ်စုံတစ်ယောက်က ” Siwon ကအမုန်းမခံရဖူးဘူး ပရိသတ်တွေအတော်များများက ချစ်ကြလို့”ဆိုပြီးပြောလိုက်တဲ့စကားနဲ့ဆက်စပ်ပြီး
သူရဲ့ Hate Comment တွေအပေါ်ဘယ်လိုမျိုးသဘောထားလဲဆိုတာကို ပြောပြခဲ့ပါတယ်
UNICEF ရဲ့ ambassador အဖြစ်နဲ့ People Magazine ရဲ့ Interview တစ်ခုမှာ ဆိုရင် သူဟာ Hate comments တွေနဲ့ပတ်သတ်ပြီး ဖွင့်ဟပြောဆိုခဲ့ပါတယ် ၊
သူဟာ ပြီးခဲ့တဲ့ 2018 ခုနှစ်မလေးရှားကို conference အတွက် သွားခဲ့တဲ့အချိန်မှာ ၊ Conference အတွင်း တစ်စုံတစ်ယောက်က “Kpop အနုပညာရှင်တစ်ယောက်အနေနဲ့ Fans တွေဆီက
ချစ်ခင်အားပေးမှုတွေ အများကြီး ကို လည်း ရရှိပြီးနေ့စဉ်ရုန်းကန်မှုတွေကြားက Hate Comments မျိုးတွေရလာရင်ရော ဘယ်လိုဖြေရှင်းလဲ” ဆိုပြီးမေးမြန်းတဲ့အခါမှာ ဆိုရင်
Siwon က “ကျွန်တော်အတွက် ဒီမေးခွန်းကနည်းနည်းတော့ အံ့အားသင့်စရာကောင်းပေမဲ့ အွန်လိုင်းမှာ Hate Comments ပေါင်းထောင်နဲ့ချီပြီး လက်ခံရရှိခဲ့ဖူးပါတယ်
အဲ့ဒီအချိန်မှာကြောက်လည်းကြောက်ခဲ့တယ် ဒါပေမဲ့ “ဒီလို ပြောဆို ရိုက်ခတ်မှုတွေက ကျွန်တော့်ဆီကို အွန်လိုင်းကနေတဆင့်ပဲ သူတို့ပြုလုပ်နိုင်ပေမဲ့ ၊ တကယ်တမ်း
ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု သက်ရောက်မှုမရှိဘူးလို့ ကျွန်တော်ပြောခဲ့တယ် ၊ ဘာပဲဖြစ်ဖြစ် မကြောက်ပါနဲ့ ခင်ဗျားတို့ ကို ခက်ခဲနေတဲ့အချိန် ပင်ပန်းနေတဲ့အချိန်ရှိနေရင်တောင်
ကျွန်တော် က ရှိနေဉီးမှာပဲဆိုတာ သိနေပါစေ ” လို့တုန့်ပြန်ခဲ့ပါတယ် ၊ “Conference အပြီးမှာတော့ ၊ ကျွန်တော်ဟာ Brunei လေဆိပ်ကို သွားတဲ့ လမ်းပေါ်မှာရောက်ရှိနေပြီး
ကျွန်တော့်ရဲ့ Social Accounts တွေကို စစ်ဆေးကြည့်ခဲ့တယ် ၊ အဲ့ဒီအချိန်မှာ လုံးဝအာရုံကိုစူးစိုက်သွားစေတဲ့ လူနှစ်ယောက်စီက Message နှစ်စောင်ရရှိခဲ့ပါတယ် ၊
မင်းရဲ့ ပြောဆိုမျှဝေမှုကြောင့် ငါ့တို့ဆုံးဖြတ်ချက်တွေကို ပြောင်းလဲဖို့စဉ်းစားခဲ့ပေမဲ့ အခုတော့ သတ္တိတွေလည်းရှိလာပြီ စိတ်ပြောင်းသွားအောင်လုပ်ပေးနိုင်တဲ့အတွက်
ကျေးဇူးတင်ကြောင်းပြောဆိုခဲ့ပါတယ် ၊
UNICEF ရဲ့ Conference မှာဆိုရင် လူငယ်တွေအတွက် တကယ့်ကို အကျိုးပြုနိုင်မဲ့အရာတစ်ခု ပြုလုပ်ပေးနိုင်ခဲ့လို့သူ့အနေနဲ့ ဝမ်းမြောက်ဂုဏ်ယူခဲ့ရမှာအမှန်ပါ
Super Junior’s Siwon ရဲ့ မကြာသေးခင်ကမှ ထုတ်လွှင့်ခဲ့တဲ့ Riding ဆိုတဲ့ MV လေးကိုလည်း ရှူစားကြည့်ကြပါဉီးနော်