Instagram ပေါ်က Underboob ဖက်ရှင်ဝတ်ဆင်ထားတဲ့ ဓာတ်ပုံကြောင့် Netizen တို့ထံမှ တုံ့ပြန်မှုအမျိုးမျိုးကိုရရှိခဲ့တဲ့ HyunA
ကိုရီးယား အဆိုတော် Rapper ကောင်မလေးတစ်ယောက်ဖြစ်တဲ့ HyunA ဟာဆိုရင်တော့ ပြီးခဲ့တဲ့ မေလ ၃ရက်နေ့မှာ
သူ့ရဲ့ Instagram Account ပေါ်ကို ရိုးရှင်းတဲ့ အဖြူရောင်ရှပ် Underboob ဖက်ရှင်နဲ့ခပ်မိုက်မိုက် ဂျင်းအပွတွဲဖက်ဝတ်ဆင်ထားတဲ့
ဓာတ်ပုံနှစ်ပုံကို Caption မရေးဘဲ Sun , white heart , jean Emoticon လေးနဲ့ ပိုစ့်တင်ခဲ့ပါတယ်
ထိုပိုစ့်ကို ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး Korea Online Community မှာပြန်လည် မျှဝေခဲ့ပြီး များစွာသော Netizen တွေဟာ
HyunA ရဲ့ နောက်ဆုံးပေါ် ဖက်ရှင်အပေါ် မျိုးစုံမှတ်ချက်ပေးခဲ့ကြပါတယ်
” Underboob ဖက်ရှင်ကို သဘောမကျပေမဲ့ HyunA ဝတ်ထားတော့ လုံးဝအပြစ်ပြောစရာမရှိအောင်လှတယ် ”
” HyunA’s so hip” , ” သူမကောင်းကောင်းဆွဲထားနိုင်တာပဲ,lol” , ” လမ်းပေါ်မှာတော့ တစ်ယောက်ယောက်က အဲ့လိုဝတ်ထားမျိုးမတွေ့ချင်ဘူးနော်”
” အဲ့ဒါကို အင်္ကျီလို့တောင် သတ်မှတ်လို့ရလို့လား?” , ” အဲ့ဒါငါ့ရဲ့စတိုင်မဟုတ်ဘူး” , ” ဒီUnderboob style fashion ကို ဘာလို့ လူတွေကြိုက်တာများကြလဲ ငါနားမလည်တော့ဘူး”
” အင်္ကျီက ချုပ်လို့မပြီးသေးတာထင်တယ်,Lol” , ” အဲ့ဒါက လှတယ် ပြီးတော့ ကြည့်လို့လည်းကောင်းတယ်လို့ငါထင်တယ် ဘာလို့လဲဆိုတော့ HyunA ဝတ်ထားလို့ ” , “အဲ့လောက်သေးနေတာ အင်္ကျီမှမဟုတ်တာ”
ဆိုပြီး ပြောဆိုခဲ့ကြပါတယ် ပရိတ်သတ်ကြီးတို့ရော HyunA ရဲ့ဖက်ရှင်ကို သဘောကျကြရဲ့လား,,?