နာဟီးဒို ပုံစံကို ပရိသတ်တွေအမှတ်ရစေဖို့အတွက် Accessories တွေကို ပြန်လည်အသုံးပြုပြီး “Decision to leave” VIP premiere ကိုတတ်ရောက်ခဲ့တဲ့ Kim Tae Ri
tvN K-Drama မှာလွန်ခဲ့တဲ့ နှစ်လကတည်းက ထုတ်လွှင့်တင်ဆက်ခြင်းကို ပြီးဆုံးသွားပြီဖြစ်တဲ့ Twenty Five Twenty One ဇာတ်လမ်းတွဲဟာဆိုရင်တော့ပရိသတ်တွေအကြားအရမ်းကို ရေပန်းစားခဲ့တဲ့ ဒရာမာဇာတ်လမ်းတွဲတစ်ခုပါ၊ ဒီဇာတ်လမ်းထဲက အဓိကသရုပ်ဆောင်မင်းသမီးဖြစ်တဲ့Kim Tae Ri ဟာဆိုရင်ဇာတ်လမ်းထဲက နာဟီးဒို ရဲ့ပုံစံကို ကိုးကားပြီး ဇာတ်ကောင်ရဲ့ Accessories တချို့နဲ့ VIP Premiere for the 2022 film Decision to leave ကို
တတ်ရောက်ခဲ့ပါတယ်၊ သူမရဲ့ချစ်စရာကောင်းတဲ့ ပုံစံ နဲ့ Twenty Five Twenty One ဇာတ်လမ်းတွဲထဲက ပရိတ်သတ်တွေ အားပေးခဲ့ကြတဲ့ Na Hee Do ပုံစံလေးကို ပုံထဲမှာ
မြင်တွေ့ရမှာပါ ။
Decision to leave ဇာတ်လမ်းတွဲဟာဆိုရင်တော့ Tang Wei နဲ့ Park Hae ll တို့ပါဝင်သရုပ်ဆောင်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းတွဲတစ်ပုဒ်ဖြစ်ပြီး ၊ ဒီဇာတ်လမ်းတွဲရဲ့ဒါရိုက်တာ Park Chan Wook ဟာဆိုရင်လည်း 2022 Cannes Film Festival မှာ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့တဲ့သူဖြစ်ပါတယ်၊ 2016 လောက်က ဒါရိုက်တာ Park Chan Wook ရိုက်ကူးခဲ့ဖူးတဲ့The Handmaiden ဇာတ်လမ်းတွဲမှာဆိုရင် Kim Tae Hi လည်းပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ် ၊ ဒါကြောင့်မို့ သူ့ရဲ့ နောက်ဆုံး Film ရဲ့ Premiere ပွဲကို ဖိတ်ကြားခြင်းခံခဲ့ရတာပါ ၊
Premiere ပွဲမှာဆိုရင် သူမဟာ 90s လောက်တုန်းက ဖက်ရှင်ပုံစံဖြစ်တဲ့ Boxy dress အနက်ရောင် ၊ Chunky black boots တို့ကို ဝတ်ဆင်ထားပြီး ၊ Black bucket hat နဲ့ Black mask တို့ကို ဝတ်ဆင်ထားပါတယ် ၊နောက်ပြီး သူမရဲ့ နာဟီးဒိုဇာတ်ကောင်တုန်းက ပါဝင်ခဲ့ဖူးတဲ့ PRADA re-nylon ကျောပိုးအိတ်အမဲရောင်လေးကိုလည်းလွယ်ခဲ့ပါတယ်။ ကျောပိုးအိတ်ရဲ့ တန်ဖိုးဟာဆိုရင် $1850 USD ကျသင့်ပြီး ကျောပိုးအိတ်မှာချိတ်ဆွဲထားတဲ့ Naito Design Tamiho Maita ကြောင်ရုပ်လေးဟာဆိုရင် $ 13 USD ကျသင့်တယ်လို့သိရပါတယ်။ အနီရောင် ကောဇောထက်မှာ အရမ်းကို ချစ်စရာကောင်းတဲ့ နာဟီးဒို (ခေါ်)Kim Tae Ri ကို ပရိသတ်တွေ အားလုံးသတိရကြမယ်လို့ မျှော်လင့်မိပါတယ်နော်