BTS Jungkook က RM ကို နှစ်နှစ်အတွင်း Eng စာပိုတိုးတတ်အောင်လုပ်ပါမယ်ဆိုပြီး ချစ်စဖွယ်ကတိပေးခဲ့
Army တွေရဲ့ အချစ်တော်နှစ်ယောက်ဖြစ်တဲ့ BTS Jungkook နဲ့ RM ဟာဆိုရင်တော့ ညီအစ်ကို လို သူငယ်ချင်းလို
ခိုင်မာတဲ့သံယောဇဉ်တွေနဲ့ နှစ်တွေအကြာကြီးထိ တစ်ယောက်ကို တစ်ယောက်ကူညီဖေးမကြတာ အားလုံးလည်းသိပြီးသားဖြစ်မှာပါနော်
RM က BTS အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဉီးလည်းဖြစ်သလို BTS အဖွဲ့ဝင်တွေရဲ့ ဘာသာပြန်တစ်ဉီးဆိုလည်း မမှားပါဘူး
ဒါကြောင့်မို့ Jungkook က RM hyung က သူ့ရဲ့ အကောင်းဆုံးခေါင်းဆောင်တစ်ယောက်ဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်
.
လွန်ခဲ့တဲ့ နှစ်နှစ်က Jungkook က သူကိုယ်သူ ခိုင်မာတဲ့ Goal တစ်ခုကို ချမှတ်ခဲ့ပါတယ်
အဲ့ဒါကဘာလဲဆိုတော့ ” RM က Eng လိုအင်တာဗျူးဖြေတဲ့နေရာမှာ အမြဲသူ့အတွက်ကူညီပေးခဲ့ဖူးတယ် ၊ Jungook က Eng လိုသိပ်အကျွမ်းကျင်ကြီးမဟုတ်ပေမဲ့
လွန်ခဲ့တဲ့ သုံးနှစ်လောက်အတွင်းမှာပဲ ပိုပြီးတိုးတတ်လာခဲ့တာပါ ,
မနေ့က Jungkook ရဲ့ Suprise Solo Live မှာဆိုရင် သူက ” RM က သူ့ကို အမြဲတမ်း Eng လိုပြောဆိုခဲ့တာကို
ကူညီပေးတယ်၊ ဒီနေ့တော့ ငါသူ့ကိုပြောထားတယ် ၊ နောက်နှစ်နှစ်ပဲစောင့် ၊ မင်းဝန်ထုတ်ဝန်ပိုးဖြစ်နေစရာမလိုအောင်
ငါ Eng စာကို ကိုယ်တိုင်ကြိုးစားပြီး မင်းကို ကူညီပေးမယ် ” လို့ပြောခဲ့ပါတယ်
RM က ” မင်းအဲ့လိုပဲပြောခဲ့တာပဲမဟုတ်လား ” လို့ရီပြီး ပြောလိုက်ချိန်မှာတော့ ..Jungkook က
“ငါတကယ်ကြိုးစားမှာပါ” လို့ ကတိပေးခဲ့ပါတယ်နော်
အစ်ကို ကြီးကို ညီဖြစ်သူက စာကြိုးစားမယ်လို့ ကတိပေးသလို လေး ပေးခဲ့တာဆိုတော့ တကယ့်ကို Sweet အဖြစ်ဆုံးကတိစကားတစ်ခွန်းပါပဲ