ရေဒီယို Show host တစ်ခု မှာ ဖခင်ဖြစ်သူရဲ့ အသံကို ကြားပြီးနောက် မျက်ရည်ကျခဲ့တဲ့ GOT7’s Youngjae
မနေ့က May လ 5ရက်နေ့ဟာ ဆိုရင်တော့ ကိုရီးယားနိုင်ငံရဲ့ “ကလေးများနေ့” ဖြစ်ပြီး အဲ့ဒီ့နေ့မှာပဲ GOT7’s Youngjae အတွက်
အသည်းနှလုံးကို ရိုက်ခတ်စေလောက်တဲ့ အဖြစ်အပျက်လေးတစ်ခုကို ကြုံတွေ့ခဲ့ရပါတယ်
တိုက်ရိုက်ထုတ်လွှင့်တဲ့ Youngjae’s MBC FM4U’s Radio Program Best Friend Program မှာဆိုရင်တော့ Solo artist WOODZ ဟာ guested အနေနဲ့ပါဝင်ခဲ့ပြီး ၊ ပြီးခဲ့တဲ့ရက်က
ထုတ်လွှင့်ခဲ့တဲ့ Episode အတွင်း Youngjae ဟာ Listener တွေဆီကနေ Voice Messages တွေများစွာကို ရရှိခဲ့ပါတယ် ၊ အဲ့ဒီ့အသံဖိုင်တွေများစွာထဲကမှ သူ့အတွက် ချက်ချင်းကို မှတ်မိစေနိုင်တဲ့
အသံတစ်ခုလည်းပါဝင်ခဲ့ပါတယ် အဲ့ဒါကတော့” Dear GOT7 Youngjae’s Best Friend , Youngjae ရေ ၊ အခု ကလေးများနေ့မှာ မင်းလက်ဆောင်တစ်ခုကို လိုချင်နေတယ်လို့ ကြားရတာဟုတ်ပါသလား?
ဒါဆိုရင်တော့ မင်းအတွက်ငါ Seal Toy လေးကို ပေးပါမယ် ၊ အဲ့ဒါလေးကို ငါသေသေချာချာမြတ်မြတ်နိုးနိုးထိန်းသိမ်းထားခဲ့ပါတယ် ၊ အခုတော့ မင်းကို ပို့ပေးမယ်” ဆိုပြီး Youngjae အဖေက လက်ဆောင်ပေးဖို့အတွက်
ကတိပေးတဲ့ Voice message ကို ကြားခဲ့ရပါတယ် ,” Youngjae အဖေရဲ့ Message ကို အဆုံးသတ်ပြီးတဲ့အချိန်မှာတော့ ” I LOVE Youngjae’s Best friend forever! Hwaiting ” ဆိုပြီး Program ကို အားပေးကြောင်းလည်းပြောဆိုခဲ့ပါတယ်ဖခင်ဖြစ်သူရဲ့ အသံကို ကြားပြီး Youngjae ဟာ မျက်ရည်ကျခဲ့ရပါတယ် နောက်ပြီး ” မင်းနားထောင်နေရတာ GOT7 Youngjae’s Best Friend ကပါ ၊ အဲ့ဒါက ငါ့အဖေရဲ့အသံပါ ၊
အဖေပေးမယ်ဆိုတဲ့ Seal Toy က ငါငယ်ငယ်ကတည်းက အကြိုက်ဆုံးအရုပ်လေးတစ်ရုပ်ဖြစ်ခဲ့ပြီး အလယ်တန်းကျောင်းရောက်သည့်တိုင်အောင် အဲ့ဒီ့အရုပ်လေးကို သွားလေရာ သယ်ခဲ့ပါတယ်၊ အဲဒီ အရုပ်လေးက
မျက်လုံးအစိတ်အပိုင်းလေးတွေချို့ယွင်းနေပြီး ငါ့မိဘတွေကို ပြန်ပြုပြင်ပေးဖို့ တောင်းဆိုခဲ့ပါတယ် , ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် အဖေ , အဖေ့ကိုရောအမေ့ကိုရောသတိအရမ်းရပါတယ်
ကျွန်တော်အားလပ်တဲ့အချိန်ကျရင် လာလည်ပါမယ် ချစ်တယ် ” ဆိုပြီး ပြောကြားခဲ့ပါတယ်Youngjae တို့ မိသားစုကြားထဲက သံယောဇဉ်နဲ့ ဖခင်ဖြစ်သူရဲ့ ချစ်ခြင်းမေတ္တာကို သိရတော့ မျက်ရည်တောင်ဝဲမိပါတယ်နော်😥
youngjae’s dad sent a voice message and youngjae started crying 😭😭😭😭#GOT7YoungjaeBestFriend #GOT7영재의친한친구 #Youngjae #영재 @GOTYJ_Ars_Vita pic.twitter.com/OBZ6E4dQWy
— joy☾e (@cyjprint) May 5, 2022