ပေါ့ပေါ့ပါးပါးဖက်ရှင်ဝတ်ပြီး နေခြည်နွေးနွေးအောက်မှာ လန်းဆန်းတဲ့အပြုံးနုနုလေးနဲ့ ချစ်စရာကောင်းနေတဲ့မင်းသမီးချောလေး Song Hye Kyo
KDrama ဘုရင်မ မတ်မတ် Song Hye Kyo ဟာဆိုရင်တော့ သူမဟာ ပုံမှန်နေသာတဲ့နေ့တစ်နေ့ရဲ့ အောက်မှာ နေကာမျက်မှန်အနက်ရောင်တစ်လက်ကို တပ်ဆင်ထားပြီး အစိမ်းရောင် ဂျာကင်အင်္ကျီ ၊ Outfit အဖြူ ၊ဂျင်းဘောင်းဘီအပြာ ၊ White Cross-Body Bagတို့ကို လိုက်ဖက်စွာဝတ်ဆင်ထားတဲ့ ပြုံးရွှင်နေတဲ့မျက်နှာလေးနဲ့ ပုံတွေကိုသူမရဲ့ Instagram Account မှာ ပရိတ်သတ်တွေမြင်အောင်ချပြခဲ့ပါတယ်၊
သူမရဲ့နူးညံ့လန်းဆန်းတဲ့အပြုံးလေးတွေကြောင့် အခုတလော စိတ်ချမ်းသာစွာနဲ့ရှိနေကြောင်းကို ဖော်ပြနေသလိုပါပဲ၊ မကြာသေးခင်ကလည်း မင်းသမီးချောလေး Song Hye Kyo ဟာ ပဲရစ်မြို့မှာကျင်းပတဲ့ ” Ondes Et Merveilles De Chaumet” ဖက်ရှင်ပွဲကိုလည်း တတ်ရောက်ခဲ့ပါသေးတယ်နော် ၊ ကိုယ်တွေရဲ့ မင်းသမီးလေးကတော့ အခုထိတိုင်နုပျိုလှပနေဆဲပါပဲရှင်