ပရိသတ်တွေအနေနဲ့ လိုက်လုပ်ဖို့ ခက်ခဲလောက်တဲ့ ဝိတ်ချနည်းလုပ်ရိုးလုပ်စဉ်တွေကို ပြန်လည်မျှဝေခဲ့တဲ့ BTS’s Jungkook
Army တွေရဲ့ အချစ်တော် BTS Jungkook ဟာဆိုရင် Physical Workout လုပ်ဆောင်နည်းတွေကို မနေ့ကသူ့ရဲ့ Livesteam လွှင့်နေစဉ်အတွင်းပရိတ်သတ်တစ်ယောက်က မေးမြန်းတာကြောင့် ပြန်လည်မျှဝေခဲ့ခြင်းပဲဖြစ်ပါတယ် ၊ သူဟာမနက်တိုင်း Workout Equipment တွေမလိုအပ်ဘဲဘယ်လိုမျိုး လေ့ကျင့်ခန်းတွေလုပ်ပြီးဝိတ်ချခဲ့လဲ? အိမ်မှာ Workout လုပ်ချင်သူတွေအတွက် နည်းနည်းတော့ခက်ခဲတဲ့နည်းလမ်း တွေ ပေမဲ့ Jungkook အတွက်တော့
လွယ်ကူနေတဲ့ပုံပါပဲနော် ။ Jungkook ဟာ ဘယ်လိုဘယ်ပုံ ဘယ်နှစ်ကြိမ် တစ်ဆင့်ချင်းစီ လုပ်ရမယ်ဆိုတာကို အခုလိုပဲ ရှင်းပြခဲ့ပါတယ် ၊
” အိပ်ယာနိုးနိုးချင်း ခန္ဓာကိုယ်တစ်ခုလုံးကို လှုပ်ရှားမှုဖြစ်အောင် Squats အခါ 100 လုပ်ပါ ”
” နောက်ပြီး Ab workout ထဲမှာ မင်းကြိုက်နှစ်သက်ရာ တစ်ခုကို အခါ သုံးဆယ်လုပ်ပါ ”
” နောက်တစ်ဆင့် ခြေထောက်တွေကို အားစိုက်ရမဲ့ လေ့ကျင့်ခန်း ဖြစ်တဲ့ 2 sets of 20 Lunges ကိုလုပ်ပါ ”
” ပြီးရင်တော့ Normal plank တစ်မိနစ်၊ Side တစ်ဖက်ချင်းစီတိုင်းကို တစ်မိနစ်စီလုပ်ပါ ”
” နောက်ဆုံးအဆင့်ကိုတော့ Burpees လုပ်ခြင်းနဲ့အဆုံးသတ်ပါမယ်၊ လူတော်တော်များများက Burpees လုပ်တာမကြိုက်ပေမဲ့ ခန္ဓာကိုယ်ကြံ့ခိုင်စေဖို့အတွက် Burpees ကို လုပ်ဆောင်ရပါမယ်”
ကဲ…ဘယ်လိုလဲ ဝိတ်ချရတာ လွယ်တယ်မဟုတ်လား အမြဲလိုလို ကျန်းမာတဲ့အစားအသောက်တွေ စားတာကလည်း ခန္ဓာကိုယ်ကြံ့ခိုင်စေဖို့အတွက်အထောက်အကူဖြစ်စေပါတယ်လို့ ပြောခဲ့ပါတယ်နော်
Jungook နဲ့အတူ မနက်တိုင်း လေ့ကျင့်ခန်းလုပ်မဲ့ Army လေးတွေ အတွက်အသုံးဝင်မယ်လို့မျှော်လင့်မိပါတယ်