Train to Busan ဒါရိုက်တာရဲ့နောက်ထပ်ရိုက်ကူးမည့် Zoombie ဇာတ်ကားအသစ်မှာ ပါဝင်သရုပ်ဆောင်ဖို့ဆွေးနွေးနေတဲ့ Kim Hyun Joo
Kim Hyun Joo ရဲ့ Agency ကနေ ပြီးခဲ့တဲ့ July 8 ရက်နေ့က Netflix ဇာတ်လမ်းတွဲ Series တစ်ခုဖြစ်တဲ့ ” Family Burial Grounds” Zoombie ကားအသစ်မှာပါဝင်သရုပ်ဆောင်သွားဖို့အတွက် ကမ်းလှမ်းခံရတယ်ဆိုတဲ့အကြောင်း အတည်ပြုခဲ့ပါတယ်။ ” ငါတို့ရဲ့ မင်းသမီး Kim Hyun Joo ဟာ ” Family Burial Grounds” လို့ခေါ်တဲ့ Netflix ဇာတ်လမ်းတွဲမှာအဓိကသရုပ်ဆောင်အနေနဲ့ပါဝင်ဖို့ ကမ်းလှမ်းခံထားရပါတယ်၊ သူမဟာ ဒီကမ်းလှမ်းမှုအတွက် စိတ်ဝင်စားပြီးနှစ်သက်နေတဲ့အသွင်တော့ရှိပါတယ်” လို့ထုတ်ပြန်ခဲ့ပါတယ်” Family Burial Grounds” ဇာတ်လမ်းဟာဆိုရင်တော့ ရွာတစ်ရွာမှာ နေထိုင်ကြတဲ့ ရွာသူရွာသားတွေဟာ သွေးစုပ်ဖုတ်ကောင်အဖြစ်မပြောင်းလဲခင် လျှို့ဝှက်ဆန်းကြယ်ပြီး အဖြေရှာမရတဲ့လက္ခဏာစတင်ဖြစ်ပေါ်တဲ့ အကြောင်းအရာကနေ အခြေခံပြီး ရိုက်ကူးမဲ့ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။ဇွန်ဘီးကားတွေကို ရိုက်ကူးတဲ့နေရာမှာ ဆရာတစ်ဆူဖြစ်တဲ့ “Train to Busan”နဲ့ ” Hellbound” ဒါရိုက်တာကြီး Yeon Sang Ho ကနေဉီးဆောင်ပြီးရိုက်ကူသွားမှာဖြစ်ပြီးတော့ Yeon Sang Ho နဲ့ မင်းသမီး Kim Hyun Joo တို့ဟာ အနုပညာအလုပ်တွေကို လက်တွဲပြီးလုပ်ဆောင်လာခဲ့တာ ” Hellbound” အပါအဝင် နောက်ထပ်ထွက်မဲ့ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့”Jung-E” နဲ့ယခုဇာတ်လမ်းတွဲနဲ့ဆို တတိယမြောက်အကြိမ်ဖြစ်သွားပြီပဲဖြစ်ပါတယ်။ မင်မင်တို့ချစ်ရတဲ့ မင်းသမီးကြီးရဲ့ အနုပညာလှုပ်ရှားမှုကို ထပ်မြင်ရမှာမို့ အရမ်းကို ရင်ခုန်နေပါပြီရှင်