ကုမ္ပဏီရဲ့ နိုင်ထက်စီးနင်းလုပ်ခဲ့မှုတွေကို ခံခဲ့ရတဲ့ Kpop မိန်းကလေးအဖွဲ့ ၅ ဖွဲ့
Kpop Agency Company တွေရဲ့ အနိုင်ကျင့် နှိပ်စက်မှုတွေကြောင့် အောင်မြင်သင့်သလောက် မအောင်မြင်ဘဲ ဒုက္ခရောက်ခဲ့ရတဲ့Kpop အဖွဲ့များစွာရှိပါတယ် ၊ ယခုဖော်ပြပေးမဲ့ အဖွဲ့တွေကလည်း ပရိသတ်တွေ ရင်ထဲမှာ နေရာတစ်ခုရပြီးသားမို့လို့ ထင်ထားတာထက် အောင်မြင်မှုခရီးမပေါက်ခဲ့လည်းနာမည်တစ်ခုကတော့ ကျန်နေဆဲပါနော်
1. Pristin
2017 ခုနှစ် ပွဲဉီးထွက်ကတည်းကအောင်မြင်ဆုံး တတ်သစ်စ အနုပညာရှင်ဆုတွေရရှိခဲ့တဲ့ Pristin ဟာဆိုရင်တော့ သူမတို့ရဲ့သီချင်း” Wee Woo” နဲ့အောင်မြင်ခဲ့ပြီး “We Like” နဲ့နောက်ဆုံးအကြိမ် ပရိတ်သတ်တွေရှေ့ကို မြင်တွေ့ခဲ့ရခြင်းပဲဖြစ်ပါတယ် ၊ Pristinအနေနဲ့ အောင်မြင်ကာစမှာ တင် Pledis Entertainment ရဲ့ အနိုင်ကျင့်မှုကိုခံခဲ့ရပြီး အဖွဲ့နဲ့ပတ်သတ်တဲ့ သတင်းတွေကို ပရိသတ်ကို လုံးဝUpdate မလုပ်ခဲ့သလို အလွန်ဆုံးကတော့ အဖွဲ့ရဲ့ နှစ်နှစ်မြောက် နှစ်ပတ်လည်နေ့မှာတောင် ဂုဏ်ပြုစကားပြောခဲ့တာမျိုးလည်းမရှိခဲ့ပါဘူး
2. CLC
CLC ကလည်း သူမတို့ရဲ့ ကုမ္ပဏီဖြစ်တဲ့ Cube Entertainment ရဲ့ အနိုင်ကျင့်မှုတွေ များစွာရှိနေခဲ့ပါတယ် ၊ Clczone Youtube Channel မှာဆိုရင် အဖွဲ့ဝင်တွေကို ကုမ္ပဏီက ညှင်းပန်းနှိပ်စက်မှုနဲ့ပတ်သတ်သမျှကို စုစည်းထားပြီး CLC ဖျော်ဖြေပွဲမှာ အဖွဲ့ဝင် Yeeun က လည်း Live ထဲမှာ Cube အကြောင်းကို ပြောခဲ့ဖူးပါတယ် ၊နောက်ပြီး အဖွဲ့ရဲ့ Comeback တွေနှောင့်နှေးကြန့်ကြာမှုရှိခဲ့တာကြောင့် အဖွဲ့ဝင်ရော ပရိတ်သတ်တွေပါ Cube Entertainment ကို စိတ်ပျက်ခဲ့ကြရပါတယ်
3.gugudan
gugudan ဟာလည်း 2016 ပွဲဉီးထွက်ကတည်း Kpop နယ်ပယ်မှာ အရမ်းကို တတ်ကြွစွာတွေ့ရတဲ အဖွဲ့ဖြစ်ခဲ့ပြီး 2018 ခုနှစ်မှာတော့ Group သီဆိုမှုကို နောက်ဆုံးအနေနဲ့ မြင်တွေ့ခဲ့ရပြီး သူမတို့ရဲ့ company ဖြစ်တဲ့ Jellyfish Entertainment က အဖွဲ့ဝင်တွေကို အဖွဲ့ကထုတ်ပစ်မှု အနိုင်ကျင့်မှု များစွာရှိခဲ့ပြီး တစ်နှစ်ခွဲလောက်အကြာမှာတောင် အဖွဲ့ဝင်တွေကိုအိမ်ကို ပြန်ခွင့်မပေးခဲ့တာတွေ ၊ ညတိုင်းမှန်ရှေ့မှာ ပရိတ်သတ်တွေပေးတဲ့ စာတွေကို ပဲကိုင်ပြီး ငိုရင်းနဲ့ပဲ စိတ်ဖိစီးမှုတွေကို ဖြေလျော့ခဲ့ရတယ် ၊အဲ့ဒီ့အချိန်မှာ စိတ်ဓာတ်မကျခဲ့တဲ့ကိုယ့်ကိုကိုယ်ကျေးဇူးတင်မိတယ်လို့လည်း အဖွဲ့ဝင်ဟောင်းSally က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်
4.2NE1
YG Entertainment ရဲ့ အကြီးဆုံးအဖွဲ့ဖြစ်တဲ့ 2NE1 ဟာဆိုရင်တော့ YGရဲ့ နှိပ်စက်မှုတွေနဲ့ပတ်သတ်ပြီး အခုလို ပဲပြောပြခဲ့ပါတယ် ” YG က ငါတို့ရဲ့ Concert အစမ်းလေ့ကျင့်တဲ့နေရာကိုလာခဲ့တယ် ၊ အဲ့ဒီ့အချိန်မှာ အစမ်းလေ့ကျင့်နေတာမို့ ငါတို့က မိတ်ကပ်မလိမ်းထားဘူး ၊ Yang Hyun Suk ( 2NE1 active ဖြစ်တုန်းက YG ရဲ့အကြီးအကဲ ) ဟာ Screen ပေါ်ကနေကြည့်ပြီးသူတို့က တကယ်ရုပ်ဆိုးတာပဲ ဆိုပြီး ဝန်ထမ်းတွေရှေ့မှာ ရိုင်းစိုင်းစွာပြောဆိုခဲ့ပါတယ်၊ ငါတော်တော်လေးတော့ စိတ်ပျက်သွားတယ် “YG ဟာ promote ပိုင်းမှာအရမ်းကို အားနည်းတဲ့ ကုမ္ပဏီဖြစ်ပြီး 2NE1 အဖွဲ့ ရဲ့ ၇ နှစ်ကြာ အဖွဲ့သက်တမ်းတစ်လျှောက်မှာတောင် Full-Length albums နှစ်ခုသာလျှင်ထုတ်လုပ်ပေးခဲ့ပါတယ် ,နောက်ပြီးပရိတ်သတ်တွေယုံအောင် အတုယောင် ကတိတွေပေးခဲ့တာ လည်း အကြိမ်ကြိမ်ပါပဲ ၊
5. T-ara
MBK Entertainment ရဲ့အနိုင်ကျင့်နှိပ်စက်မှုတွေက လည်း T-ara တင်မဟုတ်ကြောင်း ပရိတ်သတ်တွေအသိများပြီးသားဖြစ်ပါတယ် ၊ 4 minute ရဲ့အဖွဲ့ဝင်ဟောင်းဖြစ်တဲ့
HyunA ဟာဆိုရင်လည်း T-ara Members ဝင်တွေအပေါ် company ကအနိုင်ကျင့်ခဲ့တဲ့ အပြုမူတွေကို ပြောပြခဲ့ပါတယ် ၊ File multiple copyrights တွေကို “T-ara” နာမည်နဲ့လုပ်ဖို့ဆုံးဖြတ်ထားတာတွေကြောင့်
2018 ခုနှစ်မှာ လည်း ကုမ္ပဏီကနေ အေးအေးဆေးဆေးထွက်ခွင့်မရရှိခဲ့ပါဘူး ၊