Cartier ရဲ့ Global Brand Ambassador ဖြစ်လာတဲ့ JiSoo
Blackpink အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ JiSoo ဟာ Cartier ရဲ့ Global Ambassador တစ်ယောက်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။
Cartier ရဲ့ အကြီးတန်းဒုတိယဥက္ကဌဖြစ်တဲ့ Arnaud Carrez က Panthère ရဲ့ခံစားချက်ကိုတွေးလိုက်တဲ့အချိန်မှာ JiSoo ကို တွေးလိုက်မိတယ်။ သူမဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပြီး အရည်ချင်းရှိတဲ့သူတစ်ယောက်ဖြစ်ပြီး သူမရဲ့ထုတ်ပြမဲ့အရည်ချင်းတွေအတွက် ကမ္ဘာကြီးကတောင် တုန်လှုပ်သွားနိုင်စွမ်းရှိတယ်။ သူမဟာ မျိုးဆက်သစ်တွေအတွက် ကိုယ်စားဖြစ်ပေးလိမ့်မယ်” ဆိုပြီး ပြောသွားခဲ့ပါတယ်။ အခုလက်ရှိထွက်ရှိလာတဲ့ပုံမှာဆိုရင် JiSoo ဝတ်ထားတဲ့နာရီက စျေးကွက်တွင်းရောင်းချထားခြင်းမရှိသေးတဲ့ Newest Collection ဖြစ်တဲ့ Indomptables de Cartier ထဲက ဖြစ်ပါတယ်။ Jisoo ဟာ လက်ရှိ Ambassador တွေဖြစ်တဲ့ Annabelle Wallis, Ella Balinska, and Mariacarla Boscono တို့နဲ့အတူ လက်တွဲသွားမှာပါ။
JiSoo တင်သာမက Blackpink တစ်ဖွဲ့လုံးကလည်း Luxury brand တွေရဲ့ Ambassador အဖြစ်နဲ့ တာဝန်ယူထားတာဖြစ်ပြီး Rosé ဆိုရင် ‘Tiffany & Co.’, Lisa ကတော့ ‘BVLGARI’, နဲ့ ‘Chanel Jewelry’ ကိုတော့ Jennie က Ambassador အဖြစ် ခန့်အပ်ခံထားရတာလည်း ဖြစ်ပါတယ်။ ကောင်မလေးတွေရဲ့ impact က မျက်စိကျိန်းစရာကောင်းလောက်အောင်ကို တောက်ပနေတာပါပဲ။