Celine Paris Fashion Show မှာ အတောက်ပဆုံးဖြစ်ခဲ့တဲ့ LISA
BlackPink အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Lisa ကတော့ Paris မှာကျင်းပပြုလုပ်ခဲ့တဲ့ Celine Fashion Show ကို Global Ambassador အနေဲ့ တက်ရောက်ခဲ့ပြီး ထိုပွဲကို BTS’V, Park Bo Gum တို့လည်း တက်ရောက်ခဲ့ပါတယ်။ ရွှေရောင်ဆံပင်ကို တွေ့နေကျ bang နဲ့မဟုတ်ပဲ အလယ်ခွဲပုံစံလေးနဲ့ဖြစ်နေတာကြောင့် bangless lisa ဆိုပြီး ပရိတ်သတ်တွေက သဘောကျနေတာလည်း ဖြစ်ပါတယ်။ ဆံပင်အတိုနဲ့မဟုတ်ပဲ extension ဆက်ထားပြီး တောက်ပလွန်းနေတဲ့အရှိန်ဝါကြောင့် လာရောက်ကြိုဆိုနေကြတဲ့ မြောက်မြားစွာသောပရိတ်သတ်တွေကြားမှာလည်း ထင်းလင်းနေခဲ့တဲ့ LISA ပါပဲ။ ဒီပွဲကိုတက်ရောက်ဖို့အတွက် LISA က ကိုယ်ပိုင်လေယာဉ်နဲ့လာရောက်ခဲ့တာဖြစ်တာကြောင့် ဘောစိမမလေးဆိုပြီးလည်း ပရိတ်သတ်တွေက ချစ်စနိုးနဲ့စနောက်မှုတွေလည်း ရှိခဲ့ပါတယ်။ ဟိုတယ်ကနေအထွက်မှာလည်း ပရိတ်သတ်တွေကို အပြုံးချိုချိုလေးနဲ့ နှုတ်ဆက်ပေးတဲ့အပြင် ဘယ်နေရာမှာဖြစ်ဖြစ်ကို အမြဲတမ်းပြုံးနေတတ်တာကြောင့် ဒီတစ်ခေါက်ခရီးစဉ်မှာလည်း ကောင်မလေးနဲ့ပတ်သတ်တဲ့သတင်းတွေက Trending ဖြစ်နေဆဲပါပဲ။ ပရိတ်သတ်တွေက LALISA ဖွင့်တော့လည်း ခပ်ပြုံးပြုံးလေးနဲ့ ကလိုက်သေးတာ။
ဘယ်နေရာပဲရောက်ရောက် ကိုယ်တွေရဲ့ကောင်မလေးက လွှမ်းမိုးမှုအပြည့်နဲ့ တောက်ပနေနိုင်တယ်ဆိုတာကိုတော့ ငြင်းလို့မရပါဘူး။ တကယ်ကို အားပေးရတာ ထိုက်တန်လွန်းတဲ့ အဖိုးတန်လူသားလေးပါပဲ။