‘Sweet Home’ ဒါရိုက်တာရိုက်ကူးထားတဲ့ ဒရာမာစီးရီးသစ်တွင်ပါဝင်သရုပ်ဆောင်မည့် Song Hye Kyo နဲ့ Han So Hwee
ကိုရီးယားနိုင်ငံ၏သတင်းမီဒီယာများရဲ့ဖော်ပြချက်များအရ ကိုရီးယားကြယ်ပွင့်သရုပ်ဆောင်မင်းသမီးများဖြစ်တဲ့ Song Hye Kyo နဲ့ Han So Hwee
တို့နှစ်ဉီးဟာ Netflix Series တစ်ခုဖြစ်တဲ့ ‘Sweet Home’ ကိုရိုက်ကူးထားတဲ့ ဒါရိုက်တာ Lee Eung Bok ရဲ့ ဒရာမာစီးရီးအသစ်တစ်ခုမှာခေါင်း
ဆောင် မင်းသမီးများအဖြစ်အတူပါဝင်သရုပ်ဆောင်ကြမှာပဲဖြစ်ပါတယ်။
သတင်းများအရထိုစီးရီးအသစ်ရဲ့နာမည်ဟာ ‘The Price of Confession’ လို့အမည်ရပြီးလူသတ်မှုတစ်ခုမှာပါဝင်ပက်သက်နေတဲ့အမျိုးသမီးနှစ်ဉီးရဲ့
ဇာတ်လမ်းကို ဇာတ်အိမ်တည်ထားတာဖြစ်ကြောင်းသိရပါတယ်။ ဇာတ်လမ်းတွင် သရုပ်ဆောင် Song Hye Kyo ကပန်းချီဆရာမတစ်ဉီးအဖြစ် ပါဝင်သ
ရုပ်ဆောင်မှာြဖစ်ပြီး သရုပ်ဆောင် Han So Hwee ကတော့လျှို့ဝှက်ပြီးဆန်းကြယ်တဲ့အမျိုးသမီးအဖြစ်အသီးသီးပါဝင်သရုပ်ဆောင်ကြမှာပါ။
စီးရီးကိုတော့ ဘယ်အချိန်မှာထုတ်လွှင့်မယ်ဆိုတာကိုတော့အတိအကျထုတ်ဖော်ပြောကြားခြင်းမရှိသေးတဲ့အတွက် စီးရီးအတွက်အချက်အလက်များကိုတော့
ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။