Covid Positive result ကြောင့် Schedule တွေဖျက်လိုက်ရတဲ့ Red Velvet အဖွဲ့ဝင် Seulgi
မကြာခင်ကမှ Feel My Rhythm နဲ့ comeback လုပ်ခဲ့တဲ့ Red Velvet အဖွဲ့ဟာ သူတို့ရဲ့ schedules တွေကို ဒီတစ်ပတ်အတွက် ဖျက်သိမ်းလိုက်ပါတယ်။ Agency ဖြစ်တဲ့ SM Entertainment က Red Velvet အဖွဲ့ဝင် Seulgi ဟာ ကာကွယ်ဆေးထိုးထားပေမဲ့ Covid ပိုး ကူးစက်ခံခဲ့ရပါတယ်။ သူမရဲ့ schedules တွေကို ဖျက်သိမ်းလိုက်ပြီး သီးခြား quarantine ဝင်နေပြီး ရောဂါလက္ခဏာ ထူးထူးခြားခြားမရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။ Covid ကူးစက်ခံလိုက်ရလို့ ဒီတစ်ပတ် schedule တွေဖြစ်တဲ့ M Countdown နဲ့ Music Bank မှာ ဖျော်ဖြေဖို့ကို cancel လုပ်ခဲ့တာပါ။ ပရိတ်သတ်တွေကတော့ stage performance မြင်ချင်ပေမဲ့ ဒီလိုဖြစ်သွားတော့လည်း Seulgi ကို မြန်မြန်သက်သာလာပါစေလို့ ဆုတောင်းပေးနေကြတပါ။ ကောင်မလေးကလည်း စိတ်မကောင်းဖြစ်နေမှာ အသေချာပဲမို့ မြန်မြန်ပြန်သက်သာလာအောင် ဆုတောင်းပေးလိုက်ကြပါဦးနော် ပရိတ်သတ်ကြီးရေ။