အဖွဲ့ရဲ့အဆုံးသတ်အပေါ် အတွေးတွေကို ဝေမျှခဲ့တဲ့ Blackpink
မကြာသေးခင်က Rolling Stone Magazine နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှာ အနာဂတ်မှာ Blackpink အဖွဲ့သာမရှိတော့ဘူးလို့တွေးဖူးလားဆိုတဲ့မေးခွန်းကိုမေးခဲ့တဲ့အပေါ် အဖွဲ့ဝင်တွေကဖြေခဲ့တဲ့အဖြေတွေကို ဝေမျှပေးလိုက်ပါတယ်နော် ပရိတ်သတ်ကြီးရေ။
JiSoo ကတော့ ဒီမေးခွန်းအပေါ် ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။ တစ်နေ့နေ့မှာ ကြုံလာရမယ်ဆိုရင်တောင် ပရိတ်သတ်တွေကမတွေးချင်သလို သူတို့တွေလည်း တွေးချင်မှာမဟုတ်မှန်းခံစားမိမှာပါ။ အောက်မှာ Jennie, Lisa နဲ့ Rose တို့ရဲ့အဖြေတွေကို ဆက်လက်ဖတ်ရှုလိုက်ပါဦးနော်။
Rose
ဒီအကြောင်းကိုတွေးမိပေမဲ့ အဲ့တာက ပြီးဆုံးသွားမှာမဟုတ်ဘူး။ Blackpink ဆိုတာကတော့ ထာဝရ မိသားစုပါပဲ။ သူတို့နဲ့အတူကြီးပြင်းလာရတဲ့အတွက် သူတို့က ငါ့အတွက်တော့ တစ်စိတ်တစ်ပိုင်းပဲ။ ဒီပတ်သက်မှုက ဘယ်တော့မှ ပြီးဆုံးသွားမှာမဟုတ်ဘူး။ ဒီအကြောင်းကိုတွေးလိုက်မိတိုင်း ငါ အရမ်းစိုးရိမ်နေမိတာပဲလို့ တွေးမိတယ်။ ဒါပေမဲ့ နင်တို့လည်းသိတဲ့အတိုင်းပဲ အရာရာတစ်ခုခုက အရမ်းကောင်းနေပြီး ကိုယ်ကလည်း အဲ့တာကိုအရမ်းချစ်နေတာမျိုးဆိုရင် အဲ့တာကို အမြဲတမ်းတွေးနေမိနေမှာလေ။ ဘာလို့ဆို အဲ့တာကို မဆုံးရှုံးချင်လို့ပေါ့။
Jennie
Blackpink ဆိုတာကတော့ ငါ့နှလုံးသားထဲမှာ အမြဲတမ်းရှိနေမှာပဲ။ ငါဘာပဲလုပ်လုပ် ငါက BLACKPINK ပါပဲ။ ငါ ကတိပေးနိုင်တာတစ်ခုက တကယ်လို့ ငါတို့တွေက အသက် ၇၀ လောက်ဖြစ်သွားပြီး ကိုယ့်ဘဝနဲ့ကိုယ်ဖြစ်သွားရင်တောင်မှ ငါ့ကိုယ်ငါ BLACKPINK လို့ပဲ ခံစားနေမိဦးမှာပါပဲ။ ငါတို့ သီချင်းတွေလုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ BLACKPINK က ငါ့အတွက်တော့ မိသားစုတစ်ပိုင်းပါပဲ။ မင်းရဲ့မိသားစုကိုတော့ ငြင်းဆိုလို့မရဘူးလေ။ အခက်အခဲတွေ ပင်ပန်းမှုတွေရှိပြီး သူတို့ကို အများကြီးမြင်တွေ့နေရပြီး မင်းမတွေ့ရတော့ရင်တောင်မှ မိသားစုဆိုတာ ရှိနေတုန်းပါပဲ။
Lisa
ဒီကိစ္စကို ငါတို့ကြားထဲမှာတောင် ပြောဖူးမယ်လို့ မထင်ဘူး။ ငါတို့ပြောနေကျရယ်စရာတစ်ခုလိုပဲ ‘JiSoo Unnie က Hawaii မှာ နေမှာ။ Lisa ကတော့ ထိုင်းကိုပြန်မှာပေါ့’ ဆိုတာမျိုးလိုပေါ့။ ဒါပေမဲ့ ဒီအရာရဲ့အဆုံးသတ်ကို ငါမတွေးချင်တာတော့ အမှန်ပါပဲ။ အဲ့တာက ဝမ်းနည်းဖို့ကောင်းလွန်းလို့လေ။ တကယ်လို့ တစ်နေ့မှာ ငါတို့က လက်ထပ်ကြမယ် မဟုတ်လည်း အခြား ကိုယ်ပိုင်ဘဝတွေနဲ့ပေါ့။ ဒါပေမဲ့ ငါက Spice Girl အဖွဲ့ရဲ့ ပြန်လည်ဆုံဆည်းတဲ့ဖျော်ဖြေပွဲကို တွေ့ပြီးတဲ့နောက်မှာတော့ ငါတို့ရော တစ်နေ့မှာ အဲ့လိုလုပ်နိုင်မလားလို့ တွေးမိတယ်။ အဲ့အချိန်ကျရင် ငါကရော ငါ အခုကနိုင်သလိုမျိုး ကနိုင်ပါဦးမလား။ ငါတွေးတာက Blackpink ကရော နောက်ဆယ်နှစ်လောက် ဆက်မရှိနိုင်တော့ဘူးလား။ အဲ့တာဆိုရင် ငါတို့က အသက် ၄၀ နားဖြစ်နေလောက်မှာပေါ့။
ကောင်မလေးတွေရဲ့သံယောစဉ်ကတော့ အရမ်းခိုင်မာတာပါပဲ။ အဆုံးသတ်ဆိုတာကို မတွေးဖူးသလို ကောင်မလေးတွေရဲ့အောင်မြင်မှုတွေကိုပဲ ကျေနပ်ပြီးနေလာတာမလို့ ဒီမေးခွန်းအပေါ် မခံစားနိုင်တာတော့ အမှန်ပါပဲ။ ဘယ်လိုပဲအောင်မြင်နေပါစေ ဒီအရာက သူတို့ရဲ့ဝါသနာဖြစ်နေပါစေ အဆုံးသတ်မှာတော့ သူတို့လည်း လူသားတွေပဲမလို့ နောင်တစ်ချိန် သူတို့စိတ်ကြိုက်လမ်းကိုရွေးသွားရင်လည်း ကိုယ်တွေက နားလည်ပြီး လက်ခံပေးရုံကလွဲ တားဖို့မတတ်နိုင်တာမလို့ အခုချိန်မှာ အတတ်နိုင်ဆုံးချစ်ပေးပြီး ကောင်မလေးတွေ အတောက်ပဆုံးဖြစ်နေတာကိုပဲ မြင်ချင်မိသူတွေပါပဲ။ ပရိတ်သတ်ကြီးရော ဒီမေးခွန်းအပေါ် ခံစားမိတာလေးတွေရှိရင် ပြောပြသွားကြပါဦးနော်။