ရည်းစားဟောင်းကို သတိရလား
အတိတ်မှာ ရည်းစားတွေဖြစ်ခဲ့တဲ့ သူ့အကြောင်းကို ပြန်သတိရတဲ့အခါမျိုးလည်းရှိတယ်နော်။
သူအခုဘာတွေလုပ်နေသလဲ။လက်ထပ်သွားပြီလား။ရည်းစားအသစ်ရသွားပြီလား။ စသည်ဖြင့် ..
သူငယ်ချင်းတွေကတော့ “နင့်ထက်လှတဲ့သူနဲ့ လက်ထပ်လိုက်ပြီ” လို့ပြောတော့ စိတ်တိုလိုက်တာ။
ဒါပင်မဲ့ သူက ထိပ်ပြောင်ပြီး ဝတုတ်ပြဲဖြစ်နေတာမြင်တော့လည်း ရယ်လိုက်ရတာ အူတက်တော့မယ် ခိခိ။
အဲဒါကြောင့် အသက် ၂၀ – ၃၀ ပတ်ဝန်းကျင် မိန်းကလေးတွေကို “သင့်ရဲ့ရည်းစားဟောင်းကို သတိရလား” ဆိုတဲ့မေးခွန်းကလေးကို မေးကြည့်လိုက်ပါတယ်။
အဖြေကတော့ ၃၃%ကတောာ့ သတိရတယ်တဲ့။ ဘာဖြစ်လို့သတိရတာတုန်း သိချင်တယ်မဟုတ်လား။
၀၁. ရည်းစားသစ်ရသွားပြီလား။ လက်ထပ်လိုက်ပြီလား။ ဆိုတာကို သိချင်တယ်လို့ဖြေတာက အသက် ၂၆ နှစ် မိန်းကလေး တစ်ယောက်ပါ။
၀၂. သူအဆင်ပြေရဲ့လား။ တကယ့်ကို လက်ထပ်ဖို့အထိ စဉ်းစားခဲ့ရသူဖြစ်လို့ပါ ဆိုပြီးဖြေတာကတော့ အသက် ၂၈ နှစ် မိန်းကလေး တစ်ယောက်ပါ။
၀၃. သူဘယ်မှာ အလုပ်လုပ်နေလဲဆိုတာကို သိချင်တယ် လို့ ဖြေတာကတော့ အသက် ၂၇ နှစ် မိန်းကလေး တစ်ယောက်ပါ။
၀၄. ကိုယ့်ထက်ဘဝက သာသာယာယာဖြစ်နေလို့ကတော့ စိတ်ဆိုးတယ် လို့ဖြေတာကတော့ အသက် ၃၂ နှစ် မိန်းကလေား တစ်ယောက်ပါ။
၀၅. တကယ်ကို ဆိုးတဲ့သူဖြစ်တာကြောင့် စိတ်နာတယ် လို့ဖြေတာကတော့ အသက် ၃၂ နှစ် မိန်းကလေး တစ်ယောက်ပါ။
အပေါ်ကအဖြေတွေထဲမှာ စိတ်နာပြီး မုန်းတီးနေတဲ့အချက်လေးတွေလည်းပါနေတော့ စိတ်ဝင်စားစရာပါပဲ။
ပြောင်းပြန်အနေနဲ့ ယောကျင်္ားလေးတွေကိုလည်း ဒီမေးခွန်းလေးကို မေးကြည့်လိုက်ပါတယ်။ ၂၃%ကတော့ သူ့ကို သတိရတယ်လို့ဖြေကြပါတယ်။
၀၁. ဘယ်လိုကောင်နဲ့ကြိုက်နေသလဲ။ ဆိုတာကို သိချင်တယ်လို့ဖြေတာကတော့ အသက် ၂၂ နှစ် ယောကျင်္ားလေး တစ်ယောက်ပါ။
၀၂. သူအခု အဆင်ပြေရဲ့လား။ ဆိုတာကို သိချင်တယ်လို့ဖြေတာကတော့ အသက် ၃၂ နှစ် ယောကျင်္ားလေး တစ်ယောက်ပါ။
သိချင်တာတွေကတော့ မိန်းကလေးတွေနဲ့အတူတူပါပဲ။ လက်တွဲဖြုတ်ပြီးသွားတဲ့အချိန်မှာ ဘယ်သူနဲ့ကြိုက်နေလဲဆိုတာကို သိချင်တဲ့သူကတော့ အများဆုံးပါပဲ။
အဲဒီလို အခြေအနေမှာ သူ့ကိုသတိရနေတော့ သူ့ရဲ့အကြောင်းကို စုံစမ်းတာတွေ မလုပ်ဘူးလားလို့မေးကြည့်လိုက်ပါတယ်။
SNS သုံးပြီး သူ့ရဲ့အခြေအနေကို နည်းနည်းစုံစမ်းတာလေးတွေရှိတယ်တဲ့။
စုံစမ်းဘူးတယ်လို့ဖြေတဲ့ မိန်းကလေးက ၄၇%၊ ယောကျင်္ားလေးက ၅၁%ရှိပါတယ်။ဘယ်မှာရှာလဲဆိုတော့ FACEBOOK တဲ့။
အဲဒီတော့ ရည်းစားဟောင်းနဲ့ FACEBOOK မှာ သူငယ်ချင်းတွေဖြစ်နေကြလားလို့ ထပ်မေးကြည့်တော့။
မိန်းကလေး ၆၉% နဲ့ ယောကျင်္ားလေး ၆၅% က သူငယ်ချင်းအဖြစ် မအပ်ထားဘူးလို့ဆိုပါတယ်။
သူငယ်ချင်းတွေဖြစ်နေတဲ့သူတွေကတော့ FACEBOOK ကတော်တော်များပါတယ်။ သူ့အကြောင်းကို သတိရရင် အခုချက်ချင်း FACEBOOK ကနေဆက်သွယ်ကြည့်လိုက်နော်။
Chelmo Team
Ref. R25