Chelmo News Portal

Top Menu

  • About Us
  • Contact Us

Main Menu

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • Pet
  • About Us
  • Contact Us

logo

Chelmo News Portal

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • Pet
  • ၅မိနစ်အတွင်း တရားဝင်ကွာရှင်းခဲ့တဲ့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကို

HotLifestyle
Home›Hot›အလည်အပတ်သွားတဲ့ Tourist တွေအတွက် အန္တရာယ်အများဆုံး နေရာ ၁၀ ခု

အလည်အပတ်သွားတဲ့ Tourist တွေအတွက် အန္တရာယ်အများဆုံး နေရာ ၁၀ ခု

By Kyaw Hein
October 30, 2019
3375
0
Share:

ကမ္ဘာပေါ်မှာ အပန်းဖြေခရီးသွားတယ်ဆိုတာ၊ တချို့က ကမ်းခြေမှာ ထိုင်ပြီး၊ စိတ်အေးလက်အေးနဲ့ အရက်သောက်၊ ဂိမ်းဆော့ပြီးနေတာမျိုးကိုခေါ်သလို မိမိအသက်ကိုတောင်မငဲ့ကွက်ပဲ စွန့်စားခန်းဖွင့်ချင်တဲ့လူအချို့အတွက်တော့လည်း သက်စွန့်ဆံဖျား နေရာတွေကိုသွားရောက်ချင်တာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် ဒီလိုလူစွန့်စားတွေအတွက် အသက်ကိုဖက်နဲ့ထုပ်ပြီး သွားရနိုင်လောက်တဲ့ ကမ္ဘာပေါ်က အန္တရာယ်အကြီးဆုံးနေရာတွေကို ဖော်ပြလိုက်ပါတယ်။ ဒီထဲက ခရီးစဉ်အချို့ဆိုရင် အန္တရာယ်များလွန်းလို့ ခရီးသွားတွေကို သွားရောက်ခွင့်လုံးဝ ပိတ်ပင်ထားတဲ့ နေရာတွေတောင် ရှိပါတယ်။

 

Death Vally၊ အမေရိကန်ပြည်ထောင်စု

မြန်မာလိုဘာသာပြန်ရင် သေမင်းတမန်တောင်ကြားလို့ ပြောလို့ရနိုင်မယ့် နေရာကတော့ အမေရိကန်ပြည်ထောင်စုမှာရှိပြီး အလွန်ပူပြင်းခြောက်သွေ့တဲ့အတွက် နာမည်ကျော်ပါတယ်။ ဘယ်လောက်ပူပြင်းသလဲဆိုရင် ကမ္ဘာပေါ်မှာ ရေဆိုလို့ အမှုန်အမွှားတစ်မှုန်တောင် တွေ့ရမှာမဟုတ်တဲ့ အခြောက်သွေ့ဆုံးနေရာပါ။ Death Valley ရဲ့ အပူပြင်းဆုံးအပူချိန်ဟာ ကမ္ဘာ့စံချိန်တင်အနေနဲ့ 56.7 °C အထိ ရောက်ရှိခဲ့ဖူးပါတယ်။ ဒါကြောင့် Death Valley ကိုလူတစ်ယောက်ဟာ ရေမပါပဲသွားမယ်ဆိုရင် အချိန် ၁၄နာရီထက်ပိုပြီး အသက်ရှင်ဖို့မဖြစ်နိုင်ပါဘူးတဲ့။

 

Danakil ကန္တာရ၊ အီသီယိုးပီးယား

အရှေ့အာဖရိကမှာရှိတဲ့ အီသီယိုးပီးယား၊ အီရစ်သရီးယားနိုင်ငံတို့ကြားထဲက Danakil ကန္တာရဟာ ကမ္ဘာမြေပြင်ပေါ်မှာရှိတဲ့ ငရဲခန်းတစ်ခုပါပဲ။ 50 °C လောက်အပူချိန်ရှိတဲ့အပြင်၊ အသက်ဝင်နေတဲ့ မီးတောင်တွေကနေလည်း၊ အဆိပ်ပြင်းတဲ့ ဓာတ်ငွေ့တွေကို ထုတ်လွှတ်နေလျှက်ရှိပါတယ်။ ဒါပေမယ့် ဒီလောက်ပြင်းထန်တဲ့ ရာသီဥတု၊ ပထဝီအနေအထားတွေရှိနေတာတောင် ကမ္ဘာပေါ်က တချို့လူစွန့်စားတွေအတွက် Danakil ဟာ ရှုချင့်ဖွယ်ပန်းချီကားတစ်ချပ်သာသာပါပဲ။ ဒါပေမယ့် Danakil ကန္တာရကို အတွေ့အကြုံရင့် လမ်းပြ (Guide) မပါဝင်ပဲ သွားရောက်လည်ပတ်တာကို ပြင်းပြင်းထန်ထန်တားမြစ်ထားပါတယ်။

 

Mount Washington၊ အမေရိကန်ပြည်ထောင်စု

ဒါကတော့ နောက်ထပ်အန္တာရာယ်တစ်ခုနဲ့နေရာပါ။ အမေရိကန်မှာရှိတဲ့ ဝါရှင်တန်တောင်၊ တောင်ထွတ်ဟာ ကမ္ဘာပေါ်မှာ လေအပြင်းဆုံးတိုက်ခတ်တဲ့နေရာအဖြစ် စံချိန်တင်ထားပါတယ်။ ဘယ်လောက်ပြင်းသလဲဆိုရင် တောင်ပေါ်ရောက်သွားတဲ့အခါ အပြင်းထန်ဆုံးအဖြစ်စံချိန်တင်ထားတဲ့ တစ်နာရီ ၂၀၃မိုင်နီးပါးပြင်းထန်တဲ့ လေတိုက်တာကိုသင်ရင်ဆိုင်ရဖို့ရှိပါတယ်။ ဒါဟာသင့်ကို အရှင်လတ်လတ် မုန်တိုင်းတစ်လုံးထဲပစ်ချလိုက်သလို ခံစားရမှာပါ။ Mount Washington မှာ လေတိုက်တာကိုသင်ခံနိုင်ရည်ရှိနေရင်တောင် -၄၀ ဒီဂရီထိ အေးခဲနေတဲ့ အပူချိန်ကတော့ သင့်ကို အသက်ရှင်စေမှာမဟုတ်ပါဘူး။ ဒီလိုလေတိုက်တဲ့နောက်ကို လိုက်ပါနေတဲ့ နှင်းခဲကြီးတွေက Mount Washington ကိုကမ္ဘာပေါ်မှာ အန္တရာယ်အကြီးဆုံးနေရာတစ်နေရာ ဖြစ်လာစေပါတယ်။ တောင်ပေါ်ရောက်တဲ့အတွေ့အကြုံဟာ ဧဝရတ်တောင်ပေါ်ရောက်တာနဲ့ အတူတူပဲဖြစ်ကြောင်း ပြောကြပါတယ်။

 

Sinabung မီးတောင်၊ အင်ဒိုနီးရှား

ဒီရဲ့ အသက်ဝင်မီးတောင်ကတော့ အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်းပေါ်မှာ တည်ရှိပါတယ်။ မကြာခဏပေါက်ကွဲမှု ဖြစ်ပေါ်လျက်လည်း ရှိပြီး၊ အနီးအနားမှာနေထိုင်တဲ့လူထောင်ပေါင်းများစွာဟာ နေရပ်တွေကနေ ရွှေ့ပြောင်းရလေ့ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀၊ ၂၀၁၃၊ ၂၀၁၄နဲ့ ၂၀၁၅ ခုနှစ်တွေမှာ အနီးအနားက မြို့၊ရွာတွေကို ချော်ရည်နဲ့ ပြာတွေ လုံးဝဖုံးလွှမ်းသွားတာတွေ ဖြစ်ခဲ့ပါတယ်။ မီးတောင်ကနေထွက်တဲ့ မီးတောင်ဓာတ်ငွေ့၊ ကျောက်တုံးနဲ့ ပြာတွေဟာ မီတာ ၂၅၀၀ လောက်ထိ မြင့်တက်နိုင်တာကြောင့် မသွားသင့်တဲ့ နေရာတစ်ခုပါပဲ။

 

lha da Queimada Grande (မြွေကျွန်း)၊ ဘရာဇီးလ်

ဘရာဇီးလ်ကမ်းရိုးတမ်းတစ်နေရာမှာ၊ ဖုံးကွယ်နေတဲ့ ဒီကျွန်းကတော့ ကမ္ဘာ့အန္တရာယ်အများဆုံးနေရာတွေထဲမှာ ကျော်ကြားပါတယ်။ ဘာကြောင့်လဲဆိုတော့ နာမည်အတိုင်း ကမ္ဘာပေါ်က အဆိပ်အပြင်းဆုံးမြွေမျိုးတွေထဲက တစ်မျိုးဖြစ်တဲ့ Bothrops မြွေတွေ၊ နေထိုင်တဲ့ ကျွန်းမို့လို့ပါပဲ။ ကျွန်းပေါ်က စတုရန်းမီတာ တစ်မီတာမှာ မြွေ ၅ကောင်လောက်နေထိုင်တယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။ ကျွန်းပေါ်မှာရှိတဲ့ မီးပြတိုက်မှူးတစ်ဦးဟာ ကျွန်းပေါ်က မြွေတွေ ပေါက်တာကြောင့် သေဆုံးခဲ့ဖူးပါတယ်။ ဘရာဇီးလ်အစိုးရက၊ ကျွန်းပေါ်ကို ခြေတစ်လှမ်းတောင် အချမခံတဲ့အထိ ကျွန်းပေါ်သွားရောက်မှုကို ပိတ်ပင်ထားပါတယ်။

 

Madidi အမျိုးသားဥယျာဉ်၊ ဘိုလစ်ဗီးယား

နေရာလေးကတော့ ဓာတ်ပုံရိုက်၊ ပန်းချီဆွဲ၊ စိတ်ကူးယာဉ်လို့ကောင်းမယ့် နေရာပဲလို့တော့ မထင်လိုက်ပါနဲ့။ Madidi အမျိုးသားဥယျာဉ်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ အဆိပ်အပြင်းဆုံး သတ္တဝါတွေနေတဲ့ နေရာ ဖြစ်တဲ့အပြင်၊ ဥယျာဉ်ထဲက အပင်တစ်ပင်နဲ့ လက်မနည်းနည်းလောက် ထိရှမိတယ်ဆိုရင်တောင်၊ မူးဝေအော့အန်တာတွေ ဖြစ်နိုင်တဲ့ အဆိပ်ပင်တွေလည်း ရှိပါတယ်။ ဘယ်လိုအပင်နဲ့မှ ထိလို့မရလောက်အောင် အဆိပ်ပြင်းတဲ့ အပင်တွေ၊ သတ္တဝါတွေရှိတာကြောင့် အစိုးရက သွားရောက်ဖို့ ပိတ်ပင်ထားပါတယ်။

 

Valley of Death, Kamchatka၊ ရုရှား

ရုရှားနိုင်ငံ အရှေ့ဖျား၊ ကင်မ်ချက်ကာကျွန်းဆွယ်ဟာ သေမင်းတမန်တောင်ကြားအဖြစ်နာမည်ကျော်ပါတယ်။ ကမ္ဘာမြေကြီးရဲ့ အဆိပ်အပြင်းဆုံး ဓာတ်ငွေ့တွေ ထုတ်လွှတ်လျက်ရှိနေတာကြောင့် ဒီဒေသမှာ၊ ဘာအပင်၊ ဘာသတ္တဝါမှ ဖြစ်ထွန်း၊ ပေါက်ပွားခြင်းမရှိပါဘူး။ လူတစ်ယောက်သွားမယ်ဆိုရင် အချိန်တစ်ခဏအတွင်း နေလို့မကောင်းတာ၊ ဖျားနာ၊ မူးဝေတာတွေ ဖြစ်လာနိုင်ပါတယ်။

 

Bikini Atoll, The Marshall Islands

သမုဒ္ဒရာထဲမှာ မျောနေလို့၊ ဒီကျွန်းကိုတွေ့တဲ့လူတစ်ယောက်ကတော့ နိဗ္ဗာန်ရောက်သလိုပျော်သွားမယ်ထင်ပါတယ်။ ဒါပေမယ့် မပျော်ပါနဲ့ဦး။ Bikini Atoll ဟာ နျူကလီးယားစမ်းသပ်တဲ့ အစီအစဉ်များစွာရဲ့ အိမ်ဖြစ်ပါတယ်။ ဒါကြောင့် ဒီကျွန်းမှာ ရေဒီယိုသတ္တိကြွမှုအများအပြား ဖြစ်ပေါ်နေပြီး၊ သက်ရှိတွေဟာ အိမ်တွေကို စွန့်ခွာထွက်ပြေးသွားကြလောက်တဲ့အထိ အန္တရာယ်များတဲ့ ကျွန်းပါ။ ရေဒီယိုသတ္တိကြွမှုနှုန်းအလွန်မြင့်မားတာကြောင့် နေထိုင်သူတွေဟာ ကင်ဆာရောဂါတွေ ဖြစ်ပေါ်နိုင်ကြောင်းသိရပါတယ်။

 

ချွန်းဘူရီရှိ ဆင်တိုင်းပြည်၊ ထိုင်း

ထိုင်းနိုင်ငံမှာ၊ ဆင်တိုင်းပြည် (Elephant Kingdom) လို့ နာမည်ကျော်တဲ့ နေရာဟာ ဆင်ထက်၊ မိချောင်းတွေရဲ့ တိုင်းပြည်ပါပဲ။ ဒီနေရာရဲ့ ပိုင်ရှင်ဟာ မိချောင်းတွေနေတဲ့ ကန်အတွင်း၊ တဝက်လောက်ဟထားတဲ့ တဲအပေါ်ကနေ လာလည်တဲ့ ခရီးသွားတွေကို မိချောင်းတွေကြည့်တာ၊ အစာကျွေးတာလုပ်လို့ရအောင် ပြုလုပ်ထားပါတယ်။ ဒါပေမယ့် လူအချို့က ဒီလိုလုပ်တာဟာ အလွန်အန္တရာယ်များကြောင်း ပြောကြပါတယ်။

Ref: bright sight

Previous Article

ပင်လယ်ကြီးဆီ သွားမယ်ဆိုရင် ဘယ်လို Style ထုတ်မလဲ?

Next Article

ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်များအား ပြန်လည်သုံးသပ်ကြည့်ခြင်း

Share:

Related articles More from author

  • Hot

    နိုင်ငံပေါင်း ဆယ့်နှစ်နိုင်ငံအသီးသီးမှာကြည့်ရှူသူများစွာကိုသိမ်းပိုက်နိုင်ပြီး Top 5 ဝင်ခဲ့ကြတဲ့ Kpop အနုပညာရှင် များ

    April 29, 2022
    By Kyaw Hein
  • HotKnowledge

    ဂန္တဝင်တေးဂီတအဆိုတော် တစ်ဉီးရဲ့ သားဖြစ်နေတဲ့ BTOB’s Hyunsik

    July 22, 2021
    By Kyaw Hein
  • Lifestyle

    ရေချိုးရင်းနဲ့ ကိုယ်ဟာ ဘယ်လိုလူမျိုးလဲဆိုတာ စစ်ကြည့်ကြရအောင်

    October 25, 2019
    By Kyaw Hein
  • Hot

    တစ်မိနစ်အတွင်း Ticket တွေ အကုန်ရောင်းထွက်ခဲ့တဲ့ INFINITE Dongwoo ရဲ့ ပထမဆုံး Solo Fan Meeting

    November 11, 2022
    By Kyaw Hein
  • Hot

    ဝေဖန်မှုတွေ မြင့်တက်နေတဲ့ HBO စီးရီး The Idol မှ Jennie Kim ရဲ့ သရုပ်ဆောင်ဟန်တချို့

    June 6, 2023
    By Kyaw Hein
  • Hot

    ကျောင်းတွင်းအနိုင်ကျင့်မှုဖြင့် စွပ်စွဲခံထားရတဲ့ Nam Joo Hyuk

    June 21, 2022
    By Zue Zue

YOU MIGHT BE INTERESTED

  • Hot

    TXT’s New “Good Boy Gone Bad” MV ကို support ပေးခဲ့တဲ့ BTS’s J-Hope

  • ExclusiveHot

    လျှို့ဝှက်ဆန်းကြယ် ဇာတ်လမ်းတွဲတစ်ခုမှာ အတူတူတွေ့ရှိရတော့မဲ့ 2PM’s Taecyeon, Apink’s Jung Eun Ji နဲ့ Ha Seok Jin

  • Exclusive

    TXT’s Huening Kai ရဲ့ Sk8er Boi သီချင်းကို ပြန်လည်သီဆိုထားတဲ့အပေါ် သဘောကျနှစ်သက်ခဲ့တဲ့ Avril Lavigne

Timeline

  • February 20, 2024

    Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

  • February 2, 2024

    Korea ရောက်ရင် သွားလည်သင့်တဲ့နေရာများ

  • January 15, 2024

    TVN ရဲ့ 2024 မှာ အသစ်ထွက်မယ့် Korean Drama “Carry Sun Jae and Run”

  • January 5, 2024

    New Rom Com Drama အသစ်မှာ ပါဝင်မယ့် Jung So Min နဲ့ Jung Hae In

  • December 29, 2023

    2024 မှာ ကြည့်ရမယ့် Park Shin Hye နဲ့ Park Hyun Sik တို့ရဲ့ ရုပ်ရှင်ကားအသစ် “Doctor Slump”

Find us on Facebook

logo

Chelmo ကုမ္ပဏီ၏ စီးပွားရေး ကဏ္ဍတစ်ခု အနေဖြင့် Chelmo သတင်းမီဒီယာလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပါသည်။

Chelmo မှ စာဖတ်သူပရိသတ်များအတွက် တန်ဖိုးလည်းရှိပြီး အကျိုးရှိစေမည့် သတင်းမှစ၍ အထောက်အကူပြု ဆောင်းပါးများ၊ ပျော်စရာသတင်းလေးများကို နေ့စဉ်မပြတ် တင်ပြလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်
  • Recent

  • Popular

  • Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

    By Kyaw Hein
    February 20, 2024
  • Korea ရောက်ရင် သွားလည်သင့်တဲ့နေရာများ

    By Kyaw Hein
    February 2, 2024
  • TVN ရဲ့ 2024 မှာ အသစ်ထွက်မယ့် Korean Drama “Carry Sun Jae and Run”

    By Kyaw Hein
    January 15, 2024
  • New Rom Com Drama အသစ်မှာ ပါဝင်မယ့် Jung So Min နဲ့ Jung Hae In

    By Kyaw Hein
    January 5, 2024
  • Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

    By Kyaw Hein
    February 20, 2024
  • ချစ်သူနဲ့ အမြဲစကားများရန်ဖြစ်နေပေမဲ့ အချစ်မပြယ်စေဖို့

    By Kyaw Hein
    October 21, 2019
  • အိပ်နေတဲ့အချိန် ဟောက်တာကို သက်သာစေမယ့်နည်းလမ်းများ

    By Kyaw Hein
    October 21, 2019
  • Celebrity တွေရဲ့အမိုက်စား ဝိတ်ချနည်းများ

    By Kyaw Hein
    October 21, 2019

Follow us

Reach us

  • No.23, Room No. 1_08, Sky suites, Yanshin Rd, Yankin Tsp, Yangon.
  • +95-9-9543 55430
  • [email protected]
Copyright © 2019-2022 Chelmo.tips. All rights reserved.