Chelmo News Portal

Top Menu

  • About Us
  • Contact Us

Main Menu

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • Pet
  • About Us
  • Contact Us

logo

Chelmo News Portal

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • Pet
  • ၅မိနစ်အတွင်း တရားဝင်ကွာရှင်းခဲ့တဲ့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကို

GamesHot
Home›Games›ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်များအား ပြန်လည်သုံးသပ်ကြည့်ခြင်း

ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်များအား ပြန်လည်သုံးသပ်ကြည့်ခြင်း

By Kyaw Hein
November 7, 2019
3250
0
Share:

ယခုတစ်ပတ်ချန်ပီယံလိဂ် ပွဲစဉ် (၄) အပြီးမှာ ဘိုင်ယန်၊ ဂျူဗင်တပ်စ်နဲ့ PSG တို့ကတော့ ယခုနှစ်ချန်ပီယံလိဂ်ရဲ့ ရှုံးထွက်အဆင့်ကို ပထမဆုံး တက်လှမ်းနိုင်သူတွေ ဖြစ်လာပါတယ်။ ၃သင်းသာ တက်သေးတာကြောင့် ၁၆သင်းအဆင့်ကို ဆက်လက်တက်ရောက်နိုင်ဖို့ ၁၃နေရာ ကျန်သေးပြီး ဘယ်အသင်းမဆိုတက်ရောက်သွားနိုင်တဲ့ အခြေအနေ ဖြစ်နေတာကြောင့် ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ နှစ်လို့တောင် ပြောလို့ရနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်က လက်ရှိ ချန်ပီယံလိဂ်အုပ်စု အဆင့်တွေကို သုံးသပ်ပေးချင်ပါ။

Group A

ယခင်တစ်ပတ်က သုံးသပ်ခဲ့တဲ့အတိုင်း PSG အသင်းက ဒီအုပ်စုအတွင်း ခြေစွမ်းအမှန်ဆုံးအဖြစ်နဲ့ ၄ပွဲကစား ၄ပွဲအနိုင်ယူပြီး ရှုံးထွက်အဆင့်ကို လွတ်လွတ်ကျွတ်ကျွတ်တက်ရောက်သွားခဲ့ပါပြီ။ ချန်ပီယံ ၁၃ကြိမ်ရရှိထားတဲ့ ရီးယဲလ်မက်ဒရစ်ကတော့ အောက်က ကလပ်ဘရူဂေးကို ၅မှတ်ဖြတ်ထားပြီး ဒုတိယအနေနဲ့ ရှုံးထွက်အဆင့်တက်ရောက်ဖို့ သေချာသလောက်ရှိသွားပြီဖြစ်ပါတယ်။

 

Group B

ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဘိုင်ယန်ကတော့ နည်းပြအပြောင်းအလဲ ရှိခဲ့ပေမယ့် ရှုံးထွက်အဆင့်ကို တက်ရောက်သွားခဲ့ပါပြီ။ စပါးအသင်းကလည်း ရမှတ် ၇မှတ်ရရှိထားပြီး၊ အောက်က RED Star Belgrade ကို ၄မှတ် ဖြတ်ထားခဲ့ပါတယ်။ ဒါကြောင့် အသင်းကြီးနှစ်သင်းပဲ တက်ရောက်သွားဖို့ အခြေအနေများသွားခဲ့ပါပြီ။

Group C

ပရီးမီးယားလိဂ်ချန်ပီယံလည်း မနေ့က အတ္တလန်တာကို သရေကျခဲ့ပေမယ့် လက်ရှိဒုတိယနေရာက ရှက်တာဒိုးနတ်ကို ရမှတ်အပြတ်ဖြတ်ထားပြီး အုပ်စုကတက်ဖို့ သေချာသလောက်ရှိနေပါတယ်။ ဒုတိယနေရာကိုတော့ ရှက်တာနဲ့ ဒိုင်နမိုဇာဂရက်တို့ ၅မှတ်စီအမှတ်တူနေတာကြောင့် အပြိုင်အဆိုင်လုရဖို့ ရှိနေပါတယ်။

Group D

စီးရီးအေ ချန်ပီယံ ဂျူဗင်တပစ်ကတော့ မနေ့က ခက်ခက်ခဲခဲ ယှဉ်ပြိုင်ကစားခဲ့တဲ့ လိုကိုမိုးတစ်ဗ်မော်စကိုနဲ့ ပွဲစဉ်မှာ နောက်ကျဂိုးရယူနိုင်ခဲ့တာကြောင့် ရမှတ် ၁၀မှတ်နဲ့ အုပ်စုက လွတ်ကျွတ်သွားပြီဖြစ်ပေမယ့် အုပ်စုချန်ပီယံနေရာကိုတော့ မသေချာသေးပါဘူး။ အောက်က အက်သလက်တီကိုမက်ဒရစ်နဲ့ လာမယ့် ၂၆ရက်နေ့မှာ ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်မှာသာ အနိုင်ရရင် တီကိုအနေနဲ့ အုပ်စုကနေတက်ဖို့ ခက်ခက်ခဲခဲရုန်းရဖို့ရှိနေပြီး ဂျူဗီကတော့ ပထမနဲ့ တက်သွားမှာ ဖြစ်ပါတယ်။

Group E

ဒီအုပ်စုဟာလည်း ရလဒ်မပြတ်သားသေးတဲ့ အုပ်စုတစ်ခု ဖြစ်ပါတယ်။ ဇယားထိပ်ဆုံးက လီဗာပူးနဲ့ နာပိုလီတို့ဟာ ၁မှတ်သာ ကွာဟနေပြီး နိုဝင်ဘာ ၂၇ရက်နေ့၊ အန်ဖီးလ်မှာ ယှဉ်ပြိုင်ရမယ့်ပွဲစဉ်က အဆုံးအဖြတ် ပေးဖို့ရှိနေတာကြောင့် ပွဲကောင်းတစ်ပွဲ ဖြစ်လာဦးမှာပါ။ တတိယနေရာက ဆောလ်စဘတ်ဂ်အနေနဲ့လည်း အုပ်စုတက်ဖို့ အခွင့်အလမ်းရှိနေပါသေးတယ်။

Group F

မယှဉ်ပြိုင်ခင်ကတည်းက မရဏအုပ်စုအဖြစ် သတ်မှတ်ခဲ့တဲ့ အုပ်စုဟာ တကယ်ယှဉ်ပြိုင်တော့လည်း အပြိုင်အဆိုင်အကြိတ်အနယ်ရှိခဲ့ပြီး၊ ဘာစီလိုနာအနေနဲ့ အောက်က ဒေါ့မွန်အသင်းနဲ့ ရမှတ် ၁မှတ်ကွာ၊ တတိယနေရာက အင်တာအသင်းနဲ့ ၄မှတ်ကွာအနေအထားနဲ့ လိပ်ခဲတည်းလည်းအနေအထား ဖြစ်နေပါသေးတယ်။ ဒါကြောင့် လက်ကျန်ပွဲစဉ် ၂ခုလုံးဟာ ၃သင်းလုံးအတွက် အရေးကြီးတဲ့ အနေအထား ဖြစ်နေပြီး ဘယ်အသင်းမဆို ရှုံးထွက်ကို တက်ရောက်သွားနိုင်တဲ့ အနေအထား ဖြစ်နေပါတယ်။

Group G

ခြေရည်ညီတဲ့ အသင်းတွေပါဝင်နေတဲ့ အုပ်စုပီပီ Group G ဟာလည်း တက်ရောက်သွားမယ့် အသင်းတွေရဲ့ အနေအထားဟာ မသဲကွဲသေးပါဘူး။ လိုက်ပ်ဇစ်က လိုင်ယွန်ကို ၂မှသာ ဖြတ်ထားနိုင်ပြီး၊ လိုင်ယွန်အနေနဲ့လည်း ဇင်းနစ်ကို ၃မှတ်၊ အောက်ဆုံးက ဘင်ဖီကာအသင်းနဲ့ ၄မှတ်ကွာအနေအထား ဖြစ်နေတာပါ။ ဘင်ဖီကာအသင်းရဲ့ ခြေစွမ်းကျဆင်းမှုက အံ့အားသင့်ဖွယ်ကောင်းနေပေမယ့် ယူရိုပါလိဂ်ဝင်ခွင့်ကို ပြန်ယူနိုင်မယ့် အနေအထား တစ်ခုတော့ ရှိနေပါသေးတယ်။

Group H

နောက်ဆုံးအုပ်စုကတော့ သုံးသပ်ဖို့အခက်ခဲဆုံး၊ ပြိုင်ဆိုင်မှုအပြင်းဆုံး အုပ်စုဖြစ်နေပါတယ်။ နယ်သာလန်ရဲ့ အိုင်းယက်စ်အသင်းနဲ့ ချယ်လ်ဆီးတို့ သရေကျခဲ့တာကြောင့် ထိပ်ဆုံးသုံးသင်းလုံး ရမှတ် ၇မှတ်စီတူညီနေကြပြီး၊ ခြေတစ်လှမ်းမှားတဲ့သူကတော့ အုပ်စုကနေ ထွက်ရဖို့အနေအထား ဖြစ်နေပါတယ်။ ပထမအကျော့မှာရှုံးခဲ့တဲ့ ဗလင်စီယာကိုအဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမယ့် ချယ်လ်ဆီးကတော့ အမှားခံလို့မဖြစ်တဲ့အနေအထားဖြစ်နေပြီး အိုင်းယက်စ်အသင်းကတော့ ချယ်လ်ဆီးက မတော်တဆ သရေကျသွားခဲ့ပေမယ့် ယမန်နှစ်က ဆီမီးတက်ခဲ့တဲ့ ခြေစွမ်းကို ပြန်မြင်နေရပြီး ရှုံးထွက်တက်ဖို့ များနေပါတယ်။

 

Which goal should win this week? ?‍♂️#GOTW | @NissanFootball

— UEFA Champions League (@ChampionsLeague) November 6, 2019

ဒီနှစ်အုပ်စုပွဲစဉ်တွေကတော့ ဖော်ပြခဲ့တဲ့အတိုင်း ရှုံးထွက်တက်ရောက်ခွင့်အတွက် ၁၃နေရာ ကျန်နေသေးပြီး၊ လက်ကျန်ပွဲစဉ်နှစ်ခုဟာလည်း Tempo အမြှင့်ဆုံးအနေအထားမှာ ရှိနေပါတယ်။

TagsChampions LeagueFootballSports
Previous Article

အလည်အပတ်သွားတဲ့ Tourist တွေအတွက် အန္တရာယ်အများဆုံး နေရာ ၁၀ ခု

Next Article

၂၀၂၀ရဲ့နွေရာသီနဲ့လိုက်ဖက်မယ့်ဖက်ရှင်ဒီဇိုင်းများ

Share:

Related articles More from author

  • ExclusiveHot

    ကြည့်ရှုသူရာခိုင်နှုန်းမြင့်တက်လာတဲ့ ‘Big Mouth’ ဒရာမာစီးရီး

    August 15, 2022
    By Zue Zue
  • Hot

    မျှော်လင့် စောင့်စားနေတဲ့  ZEROBASEONE ရဲ့ First Mini Album နဲ့ အတူ Debut Date ထွက်ရှိလာပြီနော်

    June 8, 2023
    By Kyaw Hein
  • Hot

    Exo’s D.O ရဲ့  1st solo mini album ကို သဘောကျနှစ်သက်ခဲ့တဲ့ Lee Kwang Soo

    August 4, 2021
    By Kyaw Hein
  • Hot

    လက်ထပ်မည့် ဒိတ်ကို အတိအလင်းကြေညာလိုက်တဲ့ T-ARA အဖွဲ့ဝင် Jiyeon

    November 3, 2022
    By Kyaw Hein
  • Hot

    တစ်ရက်အတွင်း Album အသစ်နဲ့ နိုင်ငံပေါင်း နှစ်ဆယ့်တစ်နိုင်ငံရဲ့ iTunes ဇယားကို လွှမ်းမိုးလိုက်တဲ့ Super Junior

    December 16, 2022
    By Kyaw Hein
  • Hot

    ကိုယ်ဝန်ရှိနေတယ်ဆိုတဲ့သတင်းကို အခိုင်အမာငြင်းချက်ထုတ်လိုက်တဲ့ Son Ye Jin’s Agency

    May 30, 2022
    By Zue Zue

YOU MIGHT BE INTERESTED

  • ExclusiveHot

    Lee Min Ho ရဲ့ရိုက်ကွင်းကို Pizza Truckပို့ပြီးအားပေးခဲ့တဲ့ Jung IL Woo

  • Exclusive

    f(x) အဖွဲ့ဝင်တွေအတူရိုက်ကူးထားတဲ့ပုံဟောင်းလေးကို သူမရဲ့ instagram မှာပြန်တင်ခဲ့တဲ့ Luna

  • Exclusive

    Blackpink’s ” Lovesick Girls” ထဲမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ ခပ်မိုက်မိုက်ပုံစံနဲ့ ကောင်မလေးတွေအသည်းကိုလှုပ်ခါနိုင်တဲ့ LØREN အကြောင်း

Timeline

  • February 20, 2024

    Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

  • February 2, 2024

    Korea ရောက်ရင် သွားလည်သင့်တဲ့နေရာများ

  • January 15, 2024

    TVN ရဲ့ 2024 မှာ အသစ်ထွက်မယ့် Korean Drama “Carry Sun Jae and Run”

  • January 5, 2024

    New Rom Com Drama အသစ်မှာ ပါဝင်မယ့် Jung So Min နဲ့ Jung Hae In

  • December 29, 2023

    2024 မှာ ကြည့်ရမယ့် Park Shin Hye နဲ့ Park Hyun Sik တို့ရဲ့ ရုပ်ရှင်ကားအသစ် “Doctor Slump”

Find us on Facebook

logo

Chelmo ကုမ္ပဏီ၏ စီးပွားရေး ကဏ္ဍတစ်ခု အနေဖြင့် Chelmo သတင်းမီဒီယာလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပါသည်။

Chelmo မှ စာဖတ်သူပရိသတ်များအတွက် တန်ဖိုးလည်းရှိပြီး အကျိုးရှိစေမည့် သတင်းမှစ၍ အထောက်အကူပြု ဆောင်းပါးများ၊ ပျော်စရာသတင်းလေးများကို နေ့စဉ်မပြတ် တင်ပြလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်
  • Recent

  • Popular

  • Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

    By Kyaw Hein
    February 20, 2024
  • Korea ရောက်ရင် သွားလည်သင့်တဲ့နေရာများ

    By Kyaw Hein
    February 2, 2024
  • TVN ရဲ့ 2024 မှာ အသစ်ထွက်မယ့် Korean Drama “Carry Sun Jae and Run”

    By Kyaw Hein
    January 15, 2024
  • New Rom Com Drama အသစ်မှာ ပါဝင်မယ့် Jung So Min နဲ့ Jung Hae In

    By Kyaw Hein
    January 5, 2024
  • Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

    By Kyaw Hein
    February 20, 2024
  • ချစ်သူနဲ့ အမြဲစကားများရန်ဖြစ်နေပေမဲ့ အချစ်မပြယ်စေဖို့

    By Kyaw Hein
    October 21, 2019
  • အိပ်နေတဲ့အချိန် ဟောက်တာကို သက်သာစေမယ့်နည်းလမ်းများ

    By Kyaw Hein
    October 21, 2019
  • Celebrity တွေရဲ့အမိုက်စား ဝိတ်ချနည်းများ

    By Kyaw Hein
    October 21, 2019

Follow us

Reach us

  • No.23, Room No. 1_08, Sky suites, Yanshin Rd, Yankin Tsp, Yangon.
  • +95-9-9543 55430
  • [email protected]
Copyright © 2019-2022 Chelmo.tips. All rights reserved.