EDM Festival တွေမှာ မိမိုက်နေစေမယ့် Outfit Ideasများ
Festival ပွဲတွေကျင်းပမယ့် ပွင့်လင်းရာသီရောက်တော့မယ်ဆိုတော့ အပြတ်အသတ်ကဲမယ့် Rave Girls လေးတွေ မိမိုက်နေစေဖို့အတွက်Festival Outfit Ideas လေးတွေ လိုက်ဖက်မယ့်Makeup အပြင်အဆင်တွေ ဆံပင်ထုံးဖွဲ့ပုံလေးတွေကိုပြောပြပေးလိုက်ပါတယ်နော်……
(၁) Neon Colour Outfit
Neon Colour နဲ့ Outfit လေးတွေကတော့ ဆန်းသစ်တဲ့အရောင်လေးတွေမလို့ လူအများကြားထဲမှာ ထင်ပေါ်ပြီး ငယ်ရွယ်လန်းဆန်းတဲ့ မိန်းမပျိုအသွင်ကိုဆောင်စေတာမို့ ဝတ်ဆင်သင့်ပါတယ်။
(၂) Black Fashion
Black Fashion မှ Black Fashionဘဲဆိုတဲ့ပျိုမေတို့အတွက် အထာကျစေမယ့် Black Croptop လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၃) Crochet Croptop
အခုနောက်ပိုင်း Festivalတွေမှာ တစ်ချောင်းကြိုးချည် Croptopလေးတွေ ခေတ်စားလာတာကိုတွေ့ရပါတယ်။ Breach Mode တွေ Onလို့ရသလို ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်ဆန်ချစ်စရာကောင်းတာမို့ တစ်ထည်လောက်ရှိထားသင့်တဲ့ Croptopလေးပါဘဲ။
(၄) Rainbow Fashion
သူများတွေနဲ့လဲမတူချင် မိန်းကလေးဆန်ဆန်လေးလဲ ဝတ်ချင်တဲ့ ညီမလေးတွေကိုအကြံပေးချင်တာကတော့ Rainbow Outfitလေးတွေကို Try ကြည့်သင့်ပါတယ်။ လူအများကြားထဲထူးခြားတဲ့အလှနဲ့ ထင်ပေါ်နေမှာ အသေအချာပါဘဲ။
(၅) Bling Bling Outfit
Angleလေးတွေအလား ကိုယ်ယောင်ကိုယ်ဝါတွေ တောက်ပနေပြီး ခပ်ဟော့ဟော့လေးတွေကိုမှ ဝတ်ချင်တဲ့ မတ်မတ်တွေအတွက်တော့ စီးကွင့်လေးတွေနဲ့ Bling Blingဖြစ်နေတဲ့ Dress လေးတွေကိုရွေးချယ်သင့်ပါတယ်။
(၆) Sun Glasses
ခရမ်းလွန်ရောင်ခြည်ကာကွယ်ဖို့အတွက်နဲ့အပြတ်အသတ်Styleကျလှပစေဖို့အတွက်နောက်လိုအပ်တာလေးကတော့ခပ်မိုက်မိုက် နေကာမျက်မှန်လေးတစ်လက်ဖြစ်ပါတယ်။
(၇) Face Glitter Painting
EDM Festivalတွေလို့ပြောတာနဲ့ Raver Girlလေးတွေတော်တော်များများကတော့ Face Glitter Painting လုပ်ကြပါတယ်။ ပြင်ရတာလွယ်ကူတဲ့ Glitter Painting တစ်ချို့ကိုဖော်ပြလိုက်ပါတယ်။
(၈) Hair Styles
လူတစ်ယောက်ရဲ့ဒုတိယမျက်နှာက ဆံပင်ဖြစ်လို့ Fashional ဖြစ်နေဖို့ဆိုရင် Festivalတွေနဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံစံလေး လုပ်သွားဖို့လဲလိုပါတယ်။ Trends အဖြစ်ဆုံးဆံပင်ပုံစံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။