(၂၀၂၀) မှာ ရေပန်းစားမယ့် Hair Color များ
အခုအချိန်မှာ အလှအပကို စိတ်ဝင်စားတဲ့ သူတွေကြား အမေး အများဆုံး မေးခွန်းကတော့ ဒီနှစ် ဘယ်ဆံပင် ပုံစံ ခေတ်စားမှာလဲ ဆိုတဲ့ မေးခွန်းပါ။ ဆံပင်ဟာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာလို့လည်း ပြောစမှတ် ရှိကြပါတယ်။ ဒါကြောင့် HairStylist တော်တော်များများ အကြံပြုထားတဲ့ (၂၀၂၀) မှာ ခေတ်စားမယ့် ဆံပင် ပုံစံတွေကို တင်ဆက်ပေးလိုက်ပါတယ်။
(၁) Silver Blonde Color
(၂၀၂၀) မှာ Silver Blonde ကာလာ ဟာ လူကြိုက်များမယ့် ကာလာ တစ်ခု ဖြစ်ပါတယ်။ အရောင်တောက်တာတွေ မကြိုက်တဲ့ သူတွေ အတွက် ဒီကာလာလေးက အသင့်တော်ဆုံး ဖြစ်မှာပါ။ ခေါင်းလျှော်တဲ့ အခါမှာတော့ ဆံပင်အရောင်ကို တောက်ပစေမယ့် Shampoo မျိုး ရွေးချယ် အသုံးပြုသင့်ပါတယ်။ မဟုတ်ရင် အရောင်ကပျော့ပြီး ဆံပင်က မွဲခြောက်ခြောက်ဖြစ်နေတယ်လို့ အထင်ခံရစေနိုင်ပါတယ်။
(၂) Dark Chocolate Brown Color
ရှိရင်းစွဲ ကာလာကနေ ခွဲထွက်ပြီး မဆိုးချင်သူတွေ၊ အရောင်ဆိုးထားမှန်း မသိသာချင်တဲ့ သူတွေ အတွက်ဆိုရင်တော့ ဒီအရောင်က အဆင်ပြေမှာပါ။ သေးသွယ်တဲ့ ခန္တာကိုယ်လေးကို ပိုင်ဆိုင်ထားပြီး ဆံပင်ရှည်တဲ့ မဒီလေးတွေကတော့ Highlight ဖောက်ပြီး လှိုင်းကြီးကြီးလေး ကောက်လိုက်မယ်ဆိုရင် လူငယ်ဆန်ပြီး ခန္တာကိုယ် အလှကို ပိုင်ပေါ်လွင်စေမှာပါ။
(၃) Rainbow Color
(၂၀၂၀) မှာ နောက်ထပ် ခေတ်စားလာမယ့် ဆံပင် အရောင်ထဲမှာ Rainbow Color ကလည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ကာလာ ဆန်းဆန်းလေးတွေကို ကြိုက်နှစ်သက်ပြီး အများနဲ့ မတူတဲ့ ပုံစံကနေ ခွဲထွက်ချင်သူတွေ အတွက် ဒီဆံပင်ပုံစံက အသင့်တော်ဆုံး ဖြစ်မှာပါ။
(၄) Rich Red၊ Blue၊ Peach၊ Yellow၊ Lilac Color
အရောင်ပျော့တာတွေ မကြိုက်ဘဲ ဆံပင်အရောင် လန်းလန်းလေးတွေ ဆိုးချင်တယ်။ ခေတ်နောက်လည်း မကျချင်တဲ့သူတွေ အတွက်ကတော့ ဒီအရောင်လေးတွေက အသင့်တော်ဆုံး ဖြစ်စေမှာပါ။ HairStylist အများစုကလည်း ဒီကာလာတွေဟာ (၂၀၂၀) မှာ လူငယ်တွေကြား Trend ဖြစ်မယ် လို့ ပြောထားပါတယ်။ အရောင်တပြေးတည်း မဆိုးချင်တဲ့ သူတွေ အတွက်ကတော့ ဆံပင် အဖျားလေးကိုပဲ ဆိုးကြည့်ဖို့ အကြံပေးချင်ပါတယ်။
(၅) Caramel Color
ဆံပင် ဆိုးချင်ပေမယ့် အရောင်တောက်တာတွေ မကြိုက်တဲ့ သူတွေကတော့ အုတ်ကျိုးရောင် ကာလာလေးကို ဆိုးကြည့်ဖို့ အကြံပေးချင်ပါတယ်။ ဒီအရောင်လေးကို အရောင်တပြေးတည်း ဆိုးတာထက် Highlight ဆိုးလေးက လူငယ်ဆန်တဲ့ အသွင်ကို ရစေပါတယ်။
(၂၀၂၀) မှာ ဆံပင် ပုံစံ အသစ်နဲ့ လန်းနိုင်နိုင်ဖို့ Chelmo Team က တင်ဆက်ပေးလိုက်ပါတယ်။