ဂျာမနီနိုင်ငံ ရောက်ရင် မဖြစ်မနေ သွားလည်သင့်တဲ့ နေရာများ
ဂျာမနီနိုင်ငံရှိ အထင်ကရနေရာများ
(၁) Brandenburg Gate
ပထမဆုံး သွားလည်သင့်တဲ့ နေရာကတော့ Berlin မြို့မှာ တည်ရှိတဲ့ Brandenburg Gate ပဲဖြစ်ပါတယ်။ ဒီဂိတ်ကို (1791) ခုနှစ် ထဲကဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ရောမ နဲ့ ဂရိ ရှေးဟောင်း ဂန္တဝင် ပုံစံ အခြေခံထားတဲ့ အနုပညာလက်ရာကို ကြည့်ရှုချင်တယ် ဆိုရင်တော့ Brandenburg Gate ကိုသွားလည်သင့်ပါတယ်။
(၂) The Berlin Wall
ဂျာမနီကို ရောက်ပြီး Berlin ကို မသွားဖြစ်ခဲ့ရင် ဂျာမနီရဲ့ အလည်အပတ် ခရီးစဉ်က ပြည့်စုံမှာ မဟုတ်ပါဘူး။ ကမ္ဘာလှည့် ခရီးသည်တွေကို အဆွဲဆောင်နိုင်ဆုံး သမိုင်းဝင်နေရာလည်း ဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ် အပြီး အရှေ့ဂျာမနီ နဲ့ အနောက်ဂျာမနီ ကို ပိုင်းခြားထားတဲ့ ဘာလင်တံတိုင်းကို သွားရောက်လည်ပတ်ပြီး ဘာလင်စစ်ပွဲရဲ့ ပုံရိပ်တွေကိုလည်း ပြန်လည် ကြည့်ရှုခံစားနိုင်ပါတယ်။
(၃) Cologne Cathedral
Cologne မြို့မှ ာရှိတဲ့ Cologne Cathedral ဘုရားကျောင်းဟာ ဆိုရင် ကမ္ဘာပေါ်မှာ (၁၀)ခုမြောက် အကြီးဆုံး ဘုရားကျောင်း ဖြစ်ပါတယ်။ လက်ရာမြောက်တဲ့ Gothic ဗိသုကာ လက်ရာနဲ့ ဆောက်လုပ်ထားတဲ့ Cologne Cathedral ဘုရားကျောင်း ဟာလည်း ဂျာမနီရဲ့ လည်ပတ်လို့ အကောင်းဆုံး နေရာတွေထဲမှာ တစ်ခု အပါအဝင် ဖြစ်ပါတယ်။
(၄) Marienplatz
Munich ရဲ့ အလှဆုံး နဲ့ ဆွဲဆောင်မှု အရှိဆုံး မြို့တော်ကတော့ Marienplatz ပဲဖြစ်ပါတယ်။ Marienplatz ဟာဆိုရင် သမိုင်းဝင်နိုင်ငံရဲ့ အသည်းနှလုံးမြို့တော် အဖြစ် တည်ရှိပါတယ်။ ထင်ရှားတဲ့ နေရာတွေ ကတော့ New Town Hall, Clock Tower, Historic Buildings တွေပဲဖြစ်ပါတယ်။ Glockenspiel ခေါင်းလောင်းတီးတဲ့ အသံကြားဖူးချင်တယ် ဆိုရင်တော့ မနက် (၁၁)နာရီ နဲ့ နေ့လည် (၁၂) နာရီကို သွားသင့်တယ်လို့ အကြံပြုချင်ပါတယ်။
(၅) Berlin Zoological Garden
တိရိစ္ဆာန်လေးတွေကို ချစ်တတ်တဲ့ သူဆိုရင်တော့ ဂျာမနီနိုင်ငံ ဘာလင်မြို့မှာရှိတဲ့ အကြီးဆုံး တိရိစ္ဆာန်ရုံကို သွားရောက် လည်ပတ်သင့်ပါတယ်။ ဒီတိရိစ္ဆာန်ဥယျာဉ်ကို (၁၈၄၄)ခုနှစ် ထဲက စတင် ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး (၈၆.၅) ဧက ကျယ်ဝန်းပါတယ်။
(၆) Dresden
Dresden မြို့ဟာ ဆိုရင် Elbe River မြစ်ကမ်းပါး တစ်လျှောက် တည်ရှိနေတဲ့ မြို့ဖြစ်ပါတယ်။ မျက်စိပသာဒ ဖြစ်စရာကောင်းလောက်အောင် စိမ်းလန်းတဲ့ သစ်ပင်တွေ သစ်တောတွေနဲ့ ဝန်းရံထားခြင်းခံရ ဒီမြို့လေးက “Florence of Elbe” လို့ တင်စားရတဲ့ထိ လှပပါတယ်။
(၇) Hamburg
Europe ရဲ့ အလှပဆုံး Nightlife ကို ခံစားချင်တယ် ဆိုရင်တော့ ဆွဲဆောင်အား ကောင်းပြီး သမိုင်းဝင် ဗိသုကာလက်ရာ အဆောက်အဦးတွေ ရှိတဲ့ Hamburg မြို့ကို မဖြစ်မနေ သွားသင့်ပါတယ်။ Romantic ဆန်တဲ့ ညစာတွေစားဖို့ နှစ်လိုဖွယ်ကောင်းတဲ့ မြစ်ကမ်းနားဘေးက စားသောက်ဆိုင်တွေ ကမ္ဘာ့အဆင့်မှီတဲ့ အနုပညာလက်ရာတွေကို ပြသထားတဲ့ ပြတိုက်တွေလည်း အများကြီးရှိတဲ့ အတွက် မသွားမဖြစ်သွားလည်သင့်ပါတယ်။
(၈) Frankfurt
စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့တဲ့ မြို့ဖြစ်တဲ့ အတွက် ကမ္ဘာလှည့်ခရီးသွား အများအပြား လာရောက် လည်ပတ်ကြတဲ့ မြို့လည်း ဖြစ်ပါတယ်။ Frankfurt ကိုရောက်ရင် အဓိက သွားသင့်တဲ့ နေရာတွေ ကတော့ Main River, Famous Opera House, Pedestrian Shopping Street တို့ဖြစ်ပါတယ်။
ခရီးသွားတာကို ကြိုက်နှစ်သက်သူတွေအတွက် ဂျာမနီနိုင်ငံရဲ့ ထင်ရှားတဲ့ နေရာ တွေကို ဖော်ပြပေးလိုက်ပါတယ်