ကောင်လေးတွေက သူ့ကောင်မလေးကို ချစ်လွန်းအားကြီးရင် ပြတဲ့ အမူအရာတွေက …
မိန်းကလေးတွေက ကိုယ့်ချစ်သူက ကိုယ့်ကို တကယ်ချစ်လားဆိုတာကိုစမ်းကြည့်ချင်တယ်မဟုတ်လား။ဒါပင်မယ့် မိန်းကလေးအနေနဲ့ ကိုယ့်ကိုချစ်လားလို့ မေးရမှာလည်း ခက်သားနော်။ ဒါဆိုရင် ဘယ်လိုလုပ်ရင်သိနိုင်မလဲ။သူ့ရဲ့အမူအရာတွေက သက်သေပြမှာပါ။ ကဲ… ကြည့်လိုက်ကြရအောင်။
၀၁. ကိုယ့်ကိုအကူအညီတောင်းတဲ့ အမူအရာ …
ယောင်္ကျားလေးတွေက မိန်းကလေးဘက်ကကြည့်ရင် အားကိုးစရာ၊ မားမားမတ်မတ် ရပ်တည်ပေးတာက သူတို့ရဲ့တာဝန်လို့ ထင်ကြလိမ့်မယ်။ဒါပင်မယ့်၊ သူတကယ်ကို ချစ်တဲ့မိန်းကလေးအပေါ်မှာတော့ ကိုယ့်ရဲ့အားနည်းချက်တွေကို ထုတ်ပြရမှာ မကြောက်ကြပါ။ ဒါကြောင့် တကယ့်ကို ရှင်းမပြတတ်အောင်
အခက်ကြုံနေတဲ့အချိန်မှာ မိန်းကလေးအပေါ်မှာ အကူအညီအရင်လာတောင်းရင်တော့ သူက ကိုယ့်ကို တကယ်ကို ချစ်နေတာကို သက်သေပြနေတာပါ။
နောက်တခု … ကိုယ့်ကို သူရဲ့ခံစားချက်တွေကိုလာပြီး တိုင်ပင်နေပြီဆိုရင်တော့ မမှားဘူးပါ့နော်။
၀၂. မပြောမဆိုပဲ အိမ်ကို ရောက်ချလာတယ် …
တကယ်ဆိုရင် ဘယ်သူ့အိမ်ကိုသွားသွား မသွားခင်တော့ လာမယ့်အကြောင်းကို ကြိုပြောကြတယ် မဟုတ်လား။ မပြောမဆိုပဲ၊ စိတ်ထဲမထိန်းနိုင်ပဲ၊ အိမ်ကိုရောက်ချလာမယ်ဆိုရင် သူက ကိုယ့်ကို အရမ်းကို ချစ်နေတာပါ။ ခဏခဏ အိမ်ကို လာရတာကိုက သူ့အတွက် စိတ်ချမ်းမြေ့၊ စိတ်သက်သာစေနေတာပါ။
ဘာကြောင့်လဲဆိုတော့ ဘေးမှာ အတူတူရှိနေတာက စိတ်ချမ်းသာစေတာပါ။
၀၃. Anniversary တွေကို အထူးသတိရပြီး Suprise တွေလုပ်ပေးတယ် …
မိန်းကလေးတွေက Anniversary တွေကို အမှတ်ရနေပင်မယ့်လည်း ယောင်္ကျားလေးတွေက မေ့နေတတ်တယ်နော်။ ဒါပင်မယ့် Anniversary တွေကို မမေ့မပျောက်၊ Suprise လုပ်ပေးတဲ့သူဆိုရင်တော့ ကိုယ့်ကို တကယ်ချစ်လို့ပဲဆိုတာ သိထားဖို့လိုမယ်ထင်ပါတယ်။ ၂ယောက်ပေါင်းပြီး Anniversary အတွက် ကြိုတင်တွေးထားကြမယ်၊ တဖက်ကလည်း Suprise လုပ်ပေးမယ့်စိတ်လေးရှိနေပြီဆိုရင် မလွဲတော့ဘူး။ အရမ်းကို ချစ်လို့ …
၀၄. သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ မိတ်ဆက်ပေးပြီ …
သူငယ်ချင်း၊မိတ်ဆွေတွေနဲ့ မိတ်ဆက်ပေးပြီဆိုတာ့ အနာဂတ်အတွက် ကြိုတင်တွေးနေပြီဆိုတဲ့ အဓိပ္ပာယ်နော်။ သူရဲ့အသိုင်းအဝိုင်းထဲကို အတည်တကျ သတ်သတ်မှတ်မှတ် မိတ်ဆက်ပေးနေတာက ကိုယ်က သူ့အတွက် အရေးကြီးနေပြီဆိုတဲ့ သဘောပေါ့နော်။
ဘယ်အချက်လေးတွေက ကိုယ်နဲ့တိုက်ဆိုင်မှုရှိနေပြီလဲ။ တိုက်စစ်ကြည့်လိုက်နော့။