၁၂ရာသီခွင်ဖွားများ၏ ထူးခြားချက်
၁၂ရာသီခွင်မှာ ဘယ်ရာသီခွင်မှာ မွေးဖွားသူပဲဖြစ်ဖြစ် ထူးခြားချက်လေးတွေရှိတတ်ပါတယ်။
ဘယ်လို ထူးခြားချက်လေးတွေလဲဆိုတာကို ကြည့်လိုက်ကြရအောင်နော်။
၀၁. မိဿရာသီ (Aries) : မတ် ၂၁ ရက်မှ ဧပြီ ၂၀ ရက်အတွင်း
– > တန်းမစီချင်သူ
မိဿရာသီဖွားကတော့ တတ်နိုင်သလောက်မြန်မြန် လုပ်ချင်ပြီးချင်သူ။ ဘာကိစ္စပဲဖြစ်ဖြစ် အချိန်မယူပဲ မြန်မြန်ပြီးရမှ ကျေနပ်သူဖြစ်ပါလိမ့်မယ်။
၀၂. ပြိဿရာသီ (Taurus) : ဧပြီ ၂၁ ရက်မှ မေ ၂၀ ရက်အတွင်း
– > အစားအသောက်ဂျီးများသူ
ပြိဿရာသီဖွားကတော့ အစားအသောက် ဂျီးများသူများဖြစ်ပါတယ်။ ဈေးပေါပေါနဲ့စားလို့ကောင်းတဲ့ဆိုင်ဆိုရင် မထိုင်ချင်ပါ။ကိုယ့်စိတ်ကြိုက်ဆိုင်ဖြစ်ရင် ဘယ်လောက်ပဲ ဈေးကြီးနေပါစေ၊ မနှမြောပဲ စားချင်တဲ့စိတ်ရှိသူဖြစ်ပါလိမ့်မယ်။
၀၃. မေထုန်ရာသီ (Gemini) : မေ ၂၁ ရက်မှ ဇွန် ၂၀ ရက်အတွင်း
-> နားငြီးသောသူကို မုန်း၏
မေထုန်ရာသီဖွားရဲ့ ထူးခြားချက်ကတော့ နားငြီးသောသူကို မုန်း၏။ ကိစ္စတစ်ခုခုကို အတူတူသွားရအောင်ဆိုပြီးဖိတ်လို့ သူကငြင်းလိုက်ပြီဆိုရင် နောက်တစ်ကြိမ်လည်း ဖိတ်ဖို့ကို မကြိုးစားပါနဲ့လည်း ပြောနေတာနဲ့ အတူတူအဓိပ္ပာယ်သက်ရောက်ပါလိမ့်မယ်။
၀၄. ကရကဋ်ရာသီ (Cancer) : ဇွန် ၂၁ ရက်မှ ဇူလိုင် ၂၀ ရက်အတွင်း
-> ကူညီရပါရစေ
ကရကဋ်ရာသီဖွားတွေကတော့ အမြဲတမ်း ကူညီချင်သောစိတ်ဓာတ်ရှိသူဖြစ်ပါလိမ့်မယ်။ သူတပါးက အကူအညီမလိုသောအချိန်မှာလည်း သူကတော့ ရတယ် လုပ်ပေးမယ်ဆိုတာချည်းပဲ။ မကူညီရရင်မနေနိုင်သူပါ။ နားလည်ပေးလိုက်ပါ။
၀၅. သိဟ်ရာသီ (Leo) : ဇူလိုင် ၂၁ ရက်မှ သြဂုတ် ၂၁ ရက်အတွင်း
-> တကိုယ်ကောင်းဆန်သူ
သိဟ်ရာသီဖွားတွေကတော့ ကိုယ့်အတွက်ချည်းသာ ကြည့်သောသူဖြစ်ပါလိမ့်မယ်။ ကမ္ဘာပေါ်မှာ ကိုယ်မှလွဲ၍ အခြားသူမရှိလို့ ခံယူထားသူကများပါသည်။ သူပြောစကားကို နားမထောင်ရင်လည်း မကြိုက်တတ်ပါ။ မှားနေတယ်လို့ပြောရင်လည်း မကြိုက်ချင်ပါ။
၀၆. ကန်ရာသီ (Virgo) : သြဂုတ် ၂၂ ရက်မှ စက်တင်ဘာလ ၂၂ ရက်အတွင်း
-> ညစ်ပတ်သောသူကို မုန်း၏
ကန်ရာသီဖွားများကတော့ အသန့်ကြိုက်သူဖြစ်ပါလိမ့်မယ်။ ပတ်ဝန်းကျင်မှာ အဝတ်အစား၊ အနံ့အသက် မကောင်းသူရှိလျှင် အတူတူရှိနေတာကို သည်းခံနေပင်မဲ့ ရင်ထဲမှာတော့ ဒီနေရာကနေ ဘယ်လိုထွက်ပြေးသွားရမလဲဆိုတာကိုပဲ စဉ်းစားနေသူပါ။
၀၇. တူရာသီ (Libra) : စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၂၂ ရက်အတွင်း
-> တစ်ယောက်တည်းမနေနိုင်သူ
တူရာသီဖွားများကတော့ အမြဲတမ်း မိတ်ဆွေအပေါင်းအသင်းနဲ့ အတူတူနေချင်သောသူပါ။ တစ်ယောက်တည်းနေရမှာကို စိတ်ဆင်းရဲပြီး တစ်ယောက်တည်းသွားလာရတာကိုလည်း သဘောမကျပါ။ တစ်ယောက်တည်းနေရရင် စိတ်ထဲမှာ အလွန်ခံစားရသောသူဖြစ်တာကြောင့် သူ့ကို နားလည်းပေးလိုက်ပါ။
၀၈. ဗြိစ္ဆာရာသီ (Scorpis): အောက်တိုဘာ ၂၃ ရက်မှ နိုဝင်ဘာ ၂၂ ရက်အတွင်း
-> အများရှေ့မှာ စကားမပြောနိုင်သူ
ဗြိစ္ဆာရာသီဖွားများကတော့ လူကြောက်တတ်ပါတယ်။ ပရိသတ်ရှေ့မှာ စကားပြောရမည့်အလုပ်ဆိုရင် ရှောင်ပြီး တတ်နိုင်သလောက် သူများကို တာဝန်ပေးစေချင်ပါတယ်။မဖြစ်မနေလုပ်ရပြီဆိုရင်လည်း သည်းခံပြီး ပြောပင်မဲ့ စိတ်ထဲမှာတော့ ဆင်ခြေပေးပြီး ဒီနေရာကနေ ထွက်ပြေးသွားချင်သူပါ။
၀၉. ဓနုရာသီ (Sagittarius) : နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အတွင်း
-> ခြေမကိုင် လက်မကိုင် ဖြစ်နေတတ်သောသူ
ဓနုရာသီဖွားများကတော့ တစ်ခုခုကိုလုပ်ပြီဆိုရင် သူများထက်ကို အားတတ်သရောလုပ်ပင်မဲ့ လုပ်နေဆဲအလုပ်ထက် စိတ်ဝင်စားစရာပေါ်လာပြီဆိုရင်လုပ်နေတဲ့အလုပ်ကိုထားပြီး အခြားအလုပ်ကို ပြောင်းလုပ်တတ်ပါတယ်။ ဒါကြောင့် စိတ်အေးအေးထားပြီး လုပ်စေချင်ပါတယ်။ စိတ်ထဲထင်တဲ့အတိုင်းလုပ်တတ်တဲ့သူဖြစ်တာကြောင့် သတိထားပါ။
၁၀. မကာရရာသီ (Capricorn) : ဒီဇင်ဘာ ၂၁ ရက်မှ ဇန်နဝါရီ ၁၉ ရက်အတွင်း
-> ပိုက်ဆံမရှိလျှင် မနေနိုင်သူ
မကာရရာသီဖွားများကတော့ ပိုက်ဆံမရှိလျှင် မနေနိုင်ပါ။ ဘဏ်ငွေစုစာရင်း ကိုကြည့်ပြီး ပီတိဖြစ်နေသူဖြစ်ပါလိမ့်မယ်။ မလိုအပ်လျှင် ပိုက်ဆံကို မသုံးပဲချွေတာရေးကို ဦးစားပေးသူပါ။
၁၁. ကုမ်ရာသီ (Aquarius) : ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်အတွင်း
-> အပေါင်းအသင်းဖြင့်သွားလာခြင်းကို သဘောမကျသူ
ကုမ်ရာသီဖွားများကတော့ တစ်ယောက်တည်းနေရတာကို သဘောကျသူပါ။ အလုပ်သဘောအရ အတူတူသွားလာ လှုပ်ရှားရမှာပါ မလုပ်ချင်ပါ။သွားလာဖို့ခေါ်ရင်လည်း အဖြေကတော့ NO ပဲဖြစ်မှာပါ။ အားနာလို့ဆိုရင်တော့ နေမကောင်းလို့၊ ကိစ္စရှိလို့ဆိုပြီး ဆင်ခြေတွေပေးပါလိမ့်မယ်။
၁၂. မိန်ရာသီ (Pisces) : ဖေဖော်ဝါရီ ၁၉ ရက်မှ မတ်လ ၂၀ ရက်အတွင်း
-> တစ်ယောက်တည်းဆို ဘာမှ မလုပ်တတ်သူ
မိန်ရာသီဖွားများကတော့ တစ်ယောက်တည်းဆိုရင် စိတ်အားငယ်တတ်သူပါ။ ပြဿနာတစ်ခုခုတတ်ရင် ချက်ချင်းဆိုသလို အကူအညီတောင်းတတ်ပါတယ်။ ကိုယ့််ဟာကို ဖြေရှင်းပါလို့ဆိုရင်လည်း မဖြေရှင်းရဲပါ။ တစ်ယောက်ယောက်ရဲ့ အစောင့်အရှောက်ကို ခံယူချင်တဲ့ ဆန္ဒရှိသူပါ။ သူငယ်ချင်း သို့ ချစ်သူကို အနားမှာ အမြဲရှိစေချင်သူပါ။
၁၂ ရာသီခွင် မွေးဖွားသူများအတွက် ပြင်သင့်သောအချက်လေးများကို စုစည်းတင်ပြလိုက်ပါတယ်။ အားလုံးက မှန်မယ်လို့လည်း မဆိုလိုပါ။