မိန်းကလေးများကြား ဖြစ်တတ်သော ပြသာနာများ
သူငယ်ချင်းဆိုတာ ဘဝမှာ တန်ဖိုး အရှိဆုံးသော အဖိုးမဖြတ်နိုင်သော အရာတစ်ခုဖြစ်ပင်မဲ့လည်း သူငယ်ချင်းအချင်းချင်း ရန်တော့ဖြစ်တတ်မှာပေါ့။
အထူးသဖြင့် မိန်းကလေး သူငယ်ချင်း အချင်းချင်းမှာ ဖြစ်လေ့ရှိတတ်တဲ့ အကြောင်းလေးတွေကို မဖြစ်ခင် ဘယ်လိုကာကွယ်ကြမလဲ။
★ သူငယ်ချင်းရဲ့ကြိုက်နေသူရှေ့မှာ ပိပိရိရိနေ
မိန်းကလေး အချင်းချင်း အချစ်ရေးနဲ့ ပတ်သက်ပြီး ပြောကြတဲ့အခါမှာ ပြောမဆုံးအောင် ပျော်ကြရွှင်ကြပေါ့။ ဒါပင်မဲ့ ကိုယ့်ရဲ့အဖွဲ့ထဲမှာရှိတဲ့ ကောင်လေးကို သူငယ်ချင်းကကြိုက်နေပြီဆိုရင်တော့ သတိထားပါတော့။အဲဒီကောင်လေးနဲ့လည်း တွေ့နိုင်ချေရှိတယ်ဆိုတာကို ခေါင်းထဲမှာ ထည့်ထားလိုက်ပါနော်။ အကယ်၍ သူငယ်ချင်းနဲ့အတူတူ ကောင်လေးနဲ့တွေ့ချိန်မှာ ကိုယ်ကလည်း အဲဒီကောင်လေးကို နည်းနည်း စိတ်ဝင်စားနေတယ်ဆိုရင်တော့ ပြသာနာကတော့ စပါပြီ။ သူငယ်ချင်းအရှေ့မှာ စကားပြောပုံ၊ နေပုံထိုင်ပုံက တခုခုမှားနေပြီဆိုရင်တော့ သူငယ်ချင်းက ရိပ်မိသွားမိတတ်တဲ့အတွက် သတိထားကြရအောင်နော်။
★ သူ့မှာ ရည်စားရှိချိန်နဲ့ မရှိချိန်
ဘယ်သူပဲမဆို ရည်စားရလာရင်တော့ ပျော်လွန်းအားကြီးလို့ ပတ်ဝန်းကျင်ကို မေ့သွားတတ်ပြီး သူငယ်ချင်းထက် ရည်းစားကို ဦးစားပေးကြမှာပါ။ ဒါပင်မဲ့လည်း သူငယ်ချင်းကိုပေးထားတဲ့ ဂတိတွေကို မေ့သွားတတ်တာတော့ သတိထားပါ။ အကယ်၍ ရည်စားနဲ့ကွဲသွားချိန်မှာ ကိုယ့်ရဲ့သူငယ်ချင်းတွေက တစ်ယောက်မှ ကိုယ့်အနားမှာ ရှိတော့မှာမဟုတ်ပါ။ ရည်စားကို ချစ်တာလဲ ချစ်ပေါ့။ သူငယ်ချင်းတွေကိုလည်း မမေ့သွားပါနဲ့။
★ ရှေ့တမျိုးနောက်တမျိုးမဖြစ်စေပါနဲ့
ယောင်္ကျားလေးရှေ့မှာ ပြောပုံဆိုပုံပြောင်းလဲ၊ သူငယ်ချင်း မိန်းကလေးတွေရှေ့မှာ တမျိုးဖြစ်ပြန်ရော ဆိုရင်တော့ မလွယ်ပါ။ သူကတော့ မိန်းကလေး သူငယ်ချင်းတွေရဲ့ ရန်သူဖြစ်သွားနိုင်ပါတယ်။ သူငယ်ချင်းတွေကြားထဲမှာ သူကယောင်္ကျားလေးတွေကြားရောက်ရင် တမျိုးဖြစ်တတ်တယ်ဆိုပြီး သူကို မခေါ်ပဲထားရအောင်လို့ ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။
★ လျှိ့ဝှက်ချက်
မိန်းကလေး အချင်းချင်း လျှိ့ဝှက်ချက်လေးတွေကို တစ်ယောက်နဲ့တစ်ယောက် ပြောလေ့ရှိပါတယ်။ ဒါပင်မဲ့လည်း ရတဲ့သတင်းကို သူများကို ပြန်ပြောရမှ စားနိုင်သောက်နိုင်တဲ့သူလဲ ရှိတယ်လို့ထင်ပါတယ်။ ဘယ်သူ့ကိုမှ မပြောနဲ့လို့ ဂတိတွေပေးထားတာတောင်၊ သူမှာတော့ နောက်တစ်ယောက်ကိုပြောပြီးသား ဟဲ့၊ ငါပြောတယ်လို့ မပြောနဲ့နော် ဆိုပြီး တစ်ယောက်ပြီးတစ်ယောက် သတင်းကပျံ့ပြီး ပြသာနာကတော့ စပါပြီ။ လျှိ့ဝှက်ချက်ဆိုတာကို ဘယ်သူမဆို သိချင်တာပါ။ ကိုယ့်ကို ယုံကြည်မှုရှိတဲ့သူငယ်ချင်းကိုတော့ သစ္စာမဖောက်သင့်ပါ။
★ အတင်းပြောခြင်း
အတင်းပြောတဲ့အခါ တကယ်ကို ပြောစရာကောင်းတယ်လို့ ထင်ရပင်မဲ့လည်း အတင်းပြောတာက ကောင်းတဲ့အလုပ်တော့ မဟုတ်ပါ။ ဒီနေရာမှာ မရှိတဲ့ သူငယ်ချင်းအကြောင်းကို မကောင်းပြောပြီး သာယာနေပင်မဲ့လည်း သူ့ဆီကို ဒီသတင်းကရောက်သွားရင်တော့ စိတ်မကောင်းစရာတွေ ဖြစ်ကုန်မှာပေါ့။ သူ့အပေါ်မှာ မကျေနပ်ရင်တော့ သူကို တိုက်ရိုက်ပြောသင့်ပါတယ်။
ပြသာနာ မဖြစ်အောင် သတိထားပြီး ပျော်ရွှင်ဖွယ်ကောင်းသော လူ့ဘဝကြီးကို ခံစားကြည့်ကြရအောင်နော်။
#ChelmoTeam