ရေစိတ်ကြိုက် ကစားလည်း အလှမပျက်စေမယ့် မိတ်ကပ် ပစ္စည်းတွေ အကြောင်း
မကြာခင် သင်္ကြန် ကျရောက်တော့မှာ ဖြစ်လို့ မဒီလေးတွေ အနေနဲ့ သင်္ကြန်မှာကဲဖို့ အတွက် စိတ်ပူရမယ့် အထဲမှာ Makeup look ကလည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။ အပေါင်းအသင်းတွေနဲ့ပဲ ဖြစ်ဖြစ်၊ ချစ်ရတဲ့သူနဲ့ပဲ ဖြစ်ဖြစ် လည်နေရင်း မိတ်ကပ်တွေကွက်တာ၊ EyeLiner တွေ ပျက်တာ၊ မျက်လုံးနား တစ်ဝှိက် Mascara တွေ ပေကျံတာတွေ ဖြစ်ရင် ရှက်စရာ ဖြစ်သွားပါလိမ့်မယ်။ သင်္ကြန်မှာ အဓိက လိုအပ်ပြီး မဖြစ်မနေ လိမ်းသင့်တဲ့ နောက်ထပ် အရာတစ်ခု ကတော့ Sun Cream ပါ။
ဒါကြောင့် ရေစိုခံပြီး အလွယ်တကူ ဝယ်လို့ရနိုင်တဲ့ ပစ္စည်းတွေကို ရွေးပေးထားပါတယ်။ အားလုံးကို လိုက်ဝယ်ရမယ်လို့ မဆိုလိုပါဘူး။ ကိုယ့်မှာ မရှိတဲ့ ရေစိုခံ ဖောင်ဒေးရှင်း၊ eye liner၊ mascara လေးတွေ ရှိရင် ဒီနှစ် သင်္ကြန်လေးက အဆင်ပြေနေပါပြီနော်…
ကဲ… ရေ စပါယ်ရှယ် စိုမယ့် ဒီသင်္ကြန် အတွက် ဘယ် မိတ်ကပ်ပစ္စည်းတွေက ရေစိုခံလည်းဆိုတာ ကြည့်ကြရအောင်နော်…
(၁) Foundation
L’Oréal၊ Catrice နဲ့ MAC Foundation (၃)ခု စလုံးက ဈေးလည်း သင့်တော်ပြီး waterproof လည်းဖြစ်ပါတယ်။
အခုအချိန်မှာ Foundation က အရမ်း အရေးကြီးတာ ဖြစ်တဲ့ အတွက် ဒီ(၃)ခုက ရေစိုခံပြီး အရမ်း ကောင်းတယ်လို့ review ပေးလိုက်ရပါတယ်။
(2) Two Way
Two way ကို လိမ်းရင် Brush နဲ့လိမ်းတာထက် မိတ်ကပ် sponge ကို ရေစွတ်ပြီး ပုတ်ပုတ်ပြီးလိမ်းပေးပါ။ Brush နဲ့ဆွဲသလိုမဟုတ်ပဲ ရေလေးနဲ့ ပုတ်ပုတ်ပြီး လိမ်းတာက ပိုပြီး ရေစိုခံပြီး တာရှည်လည်း ခံစေမယ်လို့ အကြံပေးလိုက်ရပါတယ်။
(၃) Eyeliner
Eyeliner အတွက်ဆိုရင်လည်း အတူတူပါပဲ။ eyeliner တွေတော်တော်များများက waterproof တွေဖြစ်တယ်ဆိုပေမယ့် Kat Von D က tattoo liner နဲ့ Maybelline ရဲ့ HyperSharp Eyeliner ကို အဓိကထားပြီး Recommend ပေးလိုက်ပါတယ်။ သင်္ကြန်ရေ အရမ်းပက်တဲ့ အခါမျိုးမှာ waterproof ပြီး eyeliner တွေပြန့်မကျဲနေဖို့ မကွက်ဖို့က အရမ်း အရေးကြီးပါတယ်။
(၄) Mascara
Mascara ထဲမှာဆိုရင်တော့ Maybelline ရဲ့ ဒီ Mascara က သင်္ကြန် အတွက် လုံးဝ ရေစိုခံတဲ့ Mascara ဖြစ်ပါတယ်။
(၅) Lipstick
Lipstick အနေနဲ့ကတော့ သူက ဘယ်လိုအစားစားစား မပျက်ဘူး၊ ဘယ်လိုရေသောက်သောက် မပျက်ဘူး၊ ဘယ်လိုပွတ်ဆွဲပွတိဆွဲလည်းမပျက်ပဲ oil makeup remover နဲ့ဖျက်မှပြတ်တဲ့ Maybelline ရဲ့ super ink နှုတ်ခမ်းနီကို recommend ပေးလိုက်ပါတယ်။ ဒီ နှုတ်ခမ်းနီကို နှုတ်ခမ်းမှာ ဆိုးလို့ရတဲ့ အပြင် ပါးနီ အနေနဲ့လည်းသုံးလို့ ရပါတယ်။ eyeshadow နဲ့ပါးနီ အတွက် သုံးတဲ့နေရာမှာ ပမာဏကို နည်းနည်းပဲ ယူပြီး ဖြည်းဖြည်းချင်း build up လုပ်တဲ့ ပုံစံမျိုးလေး သုံးပေးပါ။
ကဲ…ဒီလောက်ဆိုရင်တော့ သင်္ကြန်မှာ Waterproof Makeup Look နဲ့ စိတ်ချလက်ချကဲလို့ ရပြီလို့ ထင်ပါတယ်။