Chelmo News Portal

Top Menu

  • About Us
  • Contact Us

Main Menu

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • Pet
  • About Us
  • Contact Us

logo

Chelmo News Portal

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • Pet
  • ၅မိနစ်အတွင်း တရားဝင်ကွာရှင်းခဲ့တဲ့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကို

ExclusiveKnowledge
Home›Exclusive›ကိုရိုနာ ကပ်ရောဂါ ပြီးဆုံးသွားချိန်၊ ကမ္ဘာကြီးအတွက် ပြောင်းလဲသွားစေမယ့် ၆ချက်

ကိုရိုနာ ကပ်ရောဂါ ပြီးဆုံးသွားချိန်၊ ကမ္ဘာကြီးအတွက် ပြောင်းလဲသွားစေမယ့် ၆ချက်

By Kyaw Hein
April 19, 2020
3696
0
Share:

ကျွန်တော်တို့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းမှာ ကိုရိုနာ ကပ်ရောဂါကို ခံစားနေကြရပါတယ်။ ဒီရောဂါကြီးဟာ ဘယ်အချိန်မှာ ဘယ်လို ပပျောက်သွားမလဲဆိုတာ ကျွန်တော်တို့ တစ်ဦးတစ်ယောက်စီရဲ့ ကြိုးစားမှုအပေါ်မှာ မူတည်နေပါတယ်။ ဒီနေရာမှာ အားလုံးပါဝင်ကူညီ ကြိုးစားမှုကြောင့် ရောဂါကြီး ပပျောက်သွားချိန်မှာ ဘာတွေ ပြောင်းလဲသွားမလဲဆိုတာကို တွေးကြည့်ရအောင်။

ကိုရိုနာကပ်ရောဂါ က ဘယ်အချိန်အထိ ဆက်ဖြစ်နေမှာလဲ ?

သက်ဆိုင်ရာ ပညာရှင်များရဲ့ အဖြေကတော့ ၂၀၂၁ အထိဆက်ဖြစ်နေမယ်လို့ ကြိုတင်မှန်းဆနေကြပါတယ်။ ဒီပိုးရဲ့ ထူးခြားချက်က ရောဂါလက္ခဏာကို မပြပဲ ကိုယ်ခန္ဓာအတွင်းမှာ ရှိနေချိန်ကြာသည်ကတစ်ကြောင်း၊ ရောဂါပိုးတွေ့ပင်မယ့်လည်း ရောဂါလက္ခဏာကို ခံစားရသူမဟုတ်သူတွေက ရှိသည်ကတစ်ကြောင်း၊ အဖြေရှာရန် ခက်ခဲတဲ့ ရောဂါးပိုး တစ်မျိုးပါ။

ကာကွယ်ဆေးကို မထုတ်နိုင်သ၍ ရောဂါပိုးပြန့်ပွားမှုကို ထိန်းချုပ်နိုင်ပင်မယ့်လည်း ယခင်ကကဲ့သို့ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှာဖို့ဆိုတာ ခက်ခဲသွားခဲ့ပါပြီ။ ဒီကာကွယ်ဆေးကို ကမ္ဘာကြီးပေါ်မှာ မှီတင်းနေထိုင်သူများအားလုံးထံ ရောက်ရှိနိုင်ဖို့ရန် ၁ နှစ်ကနေ၊ ၁ နှစ်ခွဲလောက် ကြာမယ်လို့လည်း ပြောကြပါတယ်။ ဒါကြောင့် ၂၀၂၁ ကုန်ထဲအထိ ဒီရောဂါပိုးကို ဘယ်လို ကာကွယ်သင့်သလဲဆိုတာကို စဉ်းစားထားရတော့မှာပါ။

ကဲ ကျွန်တော်တို့ကို ဘယ်လို ကမ္ဘာကြီးက စောင့်ကြိုနေမလဲဆိုတာကို တွေးကြည့်လိုက်ရအောင်လား။

၀၁. အလုပ်လုပ်ကိုင်ပုံတွေကို ပြောင်းလဲလာပါလိမ့်မယ်။

ဒီရောဂါပိုးမတွေ့ခင်ကတော့ အစည်းအဝေးတွေ၊ သွားလာလှုပ်ရှားမှုတွေကြားထဲမှာ လုပ်ငန်းကို လည်ပတ်အောင် ဆောင်ရွက်ကြရပါတယ်။ အခုဆိုရင်တော့ Stay at Home, Video Call Meeting ဆိုပြီး ပြောင်းလဲလာကြပါပြီ။ ဒီအခြေအနေကို နောင် ၃ လလောက် ဆက်လက်ဖြတ်သန်းရဦးမှာပါ။ အဲဒီအတွက်ကြောင့် ၃ လအတွင်း Video Call Meeting ကို အနည်းဆုံး အကြိမ် ၁၅၀ လောက် လုပ်ကြရမှာပါ။

Video Call ကဝန်ထမ်းတွေအတွက် ပုံမှန် အလုပ်တခုလို ဖြစ်လာမှာပါ။ မလိုအပ်ပဲ၊ Client ဆီကိုမသွားတော့ပဲ၊ Video Call နဲ့ အစည်းအဝေးကို လုပ်နိုင်တဲ့အတွက် သွားလာလှုပ်ရှားချိန်ကို လျော့ချလာနိုင်မှာပါ။

၀၂. တွေ့ရတဲ့အချိန်ဆိုတာ တကယ်ကို တန်ဖိုးရှိတဲ့အချိန်တွေ ဖြစ်လာမှာပါ။

Video Call နဲ့တွေ့ရတာက ပုံမှန်ဖြစ်လာချိန်မှာ၊ အချိန်ကုန်ခံပြီး သွားစရာလိုတော့မှာ မဟုတ်တော့ပါ။ ဒါပင်မယ့် ဒီလိုအချိန်တွေမှာ မဖြစ်မနေ တွေ့ရမယ်ဆိုရင် တွေ့မယ့်သူကော၊ တွေ့ဖို့လာမယ့်သူအတွက် တကယ်ကို တန်ဖိုးရှိမယ့် အချိန်တွေ ဖြစ်လာမှာပါ။

၀၃. အချိန်ကို အသုံးချပုံလည်း ပြောင်းလဲလာမှာပါ။

အရင်ကတော့ အစည်းအဝေးတွေလုပ်ပြီဆိုရင် အစည်းအဝေးလုပ်ဖို့အတွက် အချိန်တွေ အများကြီးပေးရတာပါ။ အစည်းအဝေးမှာ ပြမယ့် စာရွက်စာတမ်း၊ ခရီးကဝေးတယ်ဆိုရင် ဘယ်လိုသွားရမလဲ စသည်ဖြင့် အချိန်အတော်များများကို ဒီနေရာမှာ ကုန်ဆုံးကြရတာပါ။ ဒါပင်မယ့် အခုအချိန်ကနေ စပြီး အချိန်ကို အကျိုးရှိရှိ အသုံးချလာနိုင်မှာပါ။ အပိုတွေကို သိပ်စဉ်းစားစရာမလိုတော့လို့ပါ။

၀၄. အပြင်မှာမတွေ့ရတဲ့သူကို အလုပ်အပ်နိုင်မလား။

အလုပ်အပ်တော့မယ်ဆိုရင် ဒီလူနဲ့ ကိုယ်တိုင်တွေ့ပြီး သူ့ရဲ့အခြေအနေကို ပြောဆိုရင်းနဲ့သာ အကဲဖြတ်တာ မဟုတ်လား ။ ဒါပင်မယ့် အခုလို အချိန်မျိုးမှာတော့ မတွေ့ဖူးတဲ့လူတစ်ယောက်ကို Video Call ကနေ စကားပြောပြီး၊ အလုပ်အပ်ဖို့ရန် ခက်ခဲလိမ့်မယ်လို့ မထင်ဘူးလား။ တဖက်က ပြန်တွေးရင်တော့ Remote Trust လို့ခေါ်ရမှာပါ။ သူ့ကို လက်တွေ့ အပြင်မှာ မမြင်ရပင်မယ့်လည်း ဖန်သားပြင်ကနေ ယုံကြည်မှုကို ရဖို့ရန် လိုအပ်လာမှာပါ။ Remote Trust ကတော့ တဖက်သားကို အပြည့်အဝ ယုံကြည်ဖို့သာ ဖြစ်ပါတော့တယ်။ ကောင်းတဲ့အချက်ကတော့ အရင်ကထက် အလုပ်တွေကို မြန်မြန်ဆန်ဆန် လုပ်ကိုင်နိုင်တော့မှာ ဖြစ်ပါတယ်။ မကောင်းတဲ့အချက်ကတော့ ကိုယ့်ကို လိမ်လည်သွားမယ့်သူတွေကလည်း ပိုများလာနိုင်တာပေါ့။

၀၅. ကုမ္ပဏီတွေရဲ့ လိုအပ်ချက်တွေက ဘာတွေလဲ။

ကုမ္ပဏီ ဝန်ထမ်းတယောက်က၊ ကုမ္ပဏီကို ကားတွေအဆင့်ဆင့်စီးပြီး လာအလုပ်လုပ်ရမယ်ဆိုတဲ့အတွေးတွေက အတိတ်မှာ ကျန်ခဲ့တော့မှာပါ။ ရုံးခန်းကိုလာမှ အလုပ်လုပ်ချင်စိတ်၊ အာရုံရတယ်စသည်ဖြင့် ဝန်ထမ်းအမျိုးမျိုးရှိပင်မယ့်လည်း အခုအခါမှတော့ ဒီလိုအတွေးအခေါ်တွေကို ပြောင်းလဲဖို့ရန် အချိန်ကျလာပါပြီ။ ရုံးမလာနိုင်လည်း၊ အိပ်ကနေ အလုပ်လုပ်နိုင်တဲ့ဝန်ထမ်း တွေ ဖြစ်လာကြတော့မှာပါ။
ကိုယ့်ရဲ့အိမ်က အလုပ်လုပ်နိုင်တဲ့ ပတ်ဝန်းကျင်ဖြစ်အောင် ဖန်တီးရမှာပါ။ Internet ကတော့ မရှိမဖြစ်ပေါ့။ နောက်ပြီး အလုပ်ချိန်တလျှောက် အလုပ်စားပွဲမှာ ထိုင်နေရမယ်လို့ မဆိုလိုပါ။ ပေးအပ်ထားတဲ့တာဝန်ကို သတ်မှတ်ထားတဲ့အချိန်အတွင်း ပြီးရင် အဆင်ပြေတယ်မဟုတ်လား။ ဝန်ထမ်းတယောက်က Professional Freelance တစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ပေးတဲ့ ကုမ္ပဏီတွေ ပေါ်ထွက်လာမှာပါ။

ကုမ္ပဏီဘက်မှာလည်း အရင်တုန်းကလို ရုံးခန်းအကျယ်ကြီးတွေလိုအပ်တော့မှာ မဟုတ်ပါ။ ဘာဖြစ်လို့လဲဆိုရင်တော့ ရုံးလာစရာလည်း အရင်ကလောက် လိုအပ်တော့မှာ မဟုတ်လို့ပါ။ ဒါကြောင့် မလိုအပ်တဲ့ ကုန်ကျစရိတ်တွေကို ချေတာလာနိုင်မှာပါ။ နှစ်ဦးနှစ်ဖက် အဆင်ပြေလာမှာပါ။

၀၆. စီးပွားရေး အခြေခံစနစ်တွေ ပြောင်းလဲလာမယ်။

ပညာရေး

Online Education က ပိုမိုကျယ်ပြန့်လာမှာပါ။ ကျောင်းတက်ရတာထက်၊ အိမ်ကနေ Online ကနေပဲ ကျောင်းတက်ရတာက ပုံမှန် ဖြစ်လာမှာပါ။

ကျန်းမာရေး

Social Distance ဆိုတဲ့အတိုင်း ဆရာဝန်နဲ့လူနာကလည်း တတ်နိုင်သလောက် Online ကနေ အဖြေရှာ ကုသကြပါလိမ့်မယ်။

E-Commerce

စားသုံးကုန်ပစ္စည်းတွေကို Online ကနေပြီးတော့ပဲ၊ ဝယ်ယူလာကြတော့မှာပါ။ လိုအပ်မှာသာလျှင် ဆိုင်ကိုသွားဝယ်ကြတော့မှာကို ယခုအချိန်ကိုကြည့်ရင်လည်း သိနိုင်မှာပါ။

စားသောက်ဆိုင်

Delivery ကိုအလေးထားဆောင်ရွက်လာတော့မှာပါ။ ဆိုင်ကြီး၊ဆိုင်သေး ခွဲခြားလို့မရတော့ပါ။ ဆိုင်ကြီးကလည်း ဆိုင်ကိုလာစားမှ ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်မယ်လို့ ပြောကြပင်မယ့်လည်း၊ Delivery မှာလည်း ဝန်ဆောင်မှု ကောင်းကောင်းပေးနိုင်သူက ဆက်လက်ရှင်သန်နိုင်မှာပါ။

ပွဲလမ်းသဘင်တွေ

လိုအပ်တဲ့ ပွဲလမ်းသဘင်တွေ ရှိနေမှာပါ။ မလိုအပ်တဲ့အခမ်းအနားတွေကိုတော့ Online မှာ Virtual Event အဖြစ်ဖန်တီးသွားနိုင်မှာပါ။

Video, Voice Content (Social Media စသည်ဖြင့်)

Content တွေကို Online မှာ ဘယ်လို ဖန်တီးကြမလဲဆိုတာကို အဓိက တွေးတောကြံဆလာမှာပါ။ Follower ကိုတိုးအောင်လုပ်ဖို့ဆိုတာထက် ကိုယ့်ရဲ့ Content တွေကို ဘယ်လိုလူတွေ သိအောင် ဖန်တီးမလဲဆိုတာက အလေးပေး စဉ်းစားလာကြမှာပါ။

နည်းပညာ

ဒါ့အပြင်၊ IT နည်းပညာတွေကိုအသုံးချပြီး ဒီရောဂါပိုးကို ထိန်းချုပ်ရမှာ ဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်ချင်စီရဲ့ ကိုယ်ပိုင်အချက်အလက်တွေကို ကိုင်တွယ်ရတာ ခက်ခဲပင်မယ့်လည်း အခုလို ကမ္ဘာကြီးဖြစ်လာချိန်မှာတော့ လုံခြုံရေး၊ ကျန်းမာရေးအတွက် မိမိကိုယ်ပိုင်အချက်အလက်တွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေနှင့် Sharing လုပ်ဖို့ လိုအပ်လာတယ်ဆိုတာကို စဉ်းစားရတော့မှာပါ။

ကိုရိုနာ ရောဂါပိုး ကမ္ဘာကြီးပေါ်ကနေ ပျောက်ကွယ်သွားမယ့်အချိန်ကို ကျွန်တော်ကိုယ်တိုင်လည်း စောင့်စားလျက်ရှိပါတယ်။

ကိုရိုနာ အတွက် ရှေ့တန်းကနေ တိုက်ထုတ်ကာကွယ်၊ ကုသပေးနေသော ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ ဝန်ထမ်းများ၊ အဖက်ဖက်မှာ ပါဝင်ကူညီ ပံ့ပိုးနေသူများအားလုံး နှစ်သစ်မှာ စိတ်သစ်၊ကိုယ်သစ်ဖြင့် ကျန်းမာ၊ ရွှင်လန်းကြပါစေ။

#ChelmoCEO #ChelmoTeam

Previous Article

အိမ်မက်ထဲမှာ Crush လေးနဲ့တွေ့နေရပြီဆိုရင် ဘယ်လိုအဓိပ္ပာယ်ကောက်မလဲ

Next Article

ရှားစောင်းလက်ပတ်ရဲ့ အသုံးဝင်ပုံများ

Share:

Related articles More from author

  • ExclusiveHot

    ‘Last Scene’ အတွက်တရားဝင်ထွက်ရှိမယ့်ရက်ကိုကြေညာခဲ့တဲ့ EXO’s Chen

    November 8, 2022
    By Zue Zue
  • Exclusive

    ရေဒီယို Show host တစ်ခု မှာ ဖခင်ဖြစ်သူရဲ့ အသံကို ကြားပြီးနောက် မျက်ရည်ကျခဲ့တဲ့ GOT7’s Youngjae

    May 6, 2022
    By Kyaw Hein
  • KnowledgeLove

    အိမ်မက်ထဲမှာ Crush လေးနဲ့တွေ့နေရပြီဆိုရင် ဘယ်လိုအဓိပ္ပာယ်ကောက်မလဲ

    April 14, 2020
    By Kyaw Hein
  • HotKnowledge

    မောင်နှမတွေ လို့ထင်ရလောက်အောင် ရုပ်ချင်းဆင်တဲ့ Kpop Idol များ

    August 4, 2021
    By Kyaw Hein
  • Exclusive

    စစ်မှုထမ်းဖို့အတွက် ကြိုးစားလေ့ကျင့်နေတဲ့ ပုံရိပ်တွေကို ပရိတ်သတ်တွေဆီ ချပြလိုက်တဲ့ Nam Joo Hyuk

    April 6, 2023
    By Kyaw Hein
  • Knowledge

    ဝေးဝေးကနေ ရှောင်ကျဉ်သင့်သော လူ(၆)မျိုး

    April 27, 2020
    By Kyaw Hein

YOU MIGHT BE INTERESTED

  • ExclusiveHot

    Benny Blanco၊ Snoop Dogg နဲ့ BTS တို့ရဲ့ Collaborationသီချင်းသစ်တစ်ပုဒ်ဖြစ်တဲ့ “Bad Decisions”

  • Hot

    “Savage” 1st  Mini Album နဲ့ အတူ comeback လာတော့မည်ဖြစ်ကြောင်း အတည်ပြုလိုက်တဲ့ Aespa

  • ExclusiveHot

    ကြည်ရှူအားပေးမှုအများဆုံး Bossam:Steal the fate ဇာတ်လမ်းတွဲ

Timeline

  • February 20, 2024

    Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

  • February 2, 2024

    Korea ရောက်ရင် သွားလည်သင့်တဲ့နေရာများ

  • January 15, 2024

    TVN ရဲ့ 2024 မှာ အသစ်ထွက်မယ့် Korean Drama “Carry Sun Jae and Run”

  • January 5, 2024

    New Rom Com Drama အသစ်မှာ ပါဝင်မယ့် Jung So Min နဲ့ Jung Hae In

  • December 29, 2023

    2024 မှာ ကြည့်ရမယ့် Park Shin Hye နဲ့ Park Hyun Sik တို့ရဲ့ ရုပ်ရှင်ကားအသစ် “Doctor Slump”

Find us on Facebook

logo

Chelmo ကုမ္ပဏီ၏ စီးပွားရေး ကဏ္ဍတစ်ခု အနေဖြင့် Chelmo သတင်းမီဒီယာလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပါသည်။

Chelmo မှ စာဖတ်သူပရိသတ်များအတွက် တန်ဖိုးလည်းရှိပြီး အကျိုးရှိစေမည့် သတင်းမှစ၍ အထောက်အကူပြု ဆောင်းပါးများ၊ ပျော်စရာသတင်းလေးများကို နေ့စဉ်မပြတ် တင်ပြလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်
  • Recent

  • Popular

  • Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

    By Kyaw Hein
    February 20, 2024
  • Korea ရောက်ရင် သွားလည်သင့်တဲ့နေရာများ

    By Kyaw Hein
    February 2, 2024
  • TVN ရဲ့ 2024 မှာ အသစ်ထွက်မယ့် Korean Drama “Carry Sun Jae and Run”

    By Kyaw Hein
    January 15, 2024
  • New Rom Com Drama အသစ်မှာ ပါဝင်မယ့် Jung So Min နဲ့ Jung Hae In

    By Kyaw Hein
    January 5, 2024
  • Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

    By Kyaw Hein
    February 20, 2024
  • ချစ်သူနဲ့ အမြဲစကားများရန်ဖြစ်နေပေမဲ့ အချစ်မပြယ်စေဖို့

    By Kyaw Hein
    October 21, 2019
  • အိပ်နေတဲ့အချိန် ဟောက်တာကို သက်သာစေမယ့်နည်းလမ်းများ

    By Kyaw Hein
    October 21, 2019
  • Celebrity တွေရဲ့အမိုက်စား ဝိတ်ချနည်းများ

    By Kyaw Hein
    October 21, 2019

Follow us

Reach us

  • No.23, Room No. 1_08, Sky suites, Yanshin Rd, Yankin Tsp, Yangon.
  • +95-9-9543 55430
  • [email protected]
Copyright © 2019-2022 Chelmo.tips. All rights reserved.